ငွေကြေး ဖောင်းပွမှုက ကြောက်စရာ ကောင်းပါတယ်။ ဥပမာ စုထားတဲ့ငွေဟာ အရင်က ဆန် ဆယ်တင်း ဝယ်လို့ရနေရာကနေ နေရင်းထိုင်ရင်း တစ်ဖြည်းဖြည်းနဲ့ ဆန် ၁၀ တင်းမရတော့ပဲ ဆန် ၉ တင်း ၈ တင်းလောက်ပဲ ဝယ်လို့ ရတော့တာမျိုးပါ။
ငွေကြေးဖောင်းပွမှုတွေဖြစ်လာရင် လက်ထဲမှာ ငွေကိုင်ထားတဲ့သူတွေ အဆုံး အရှုံး ရှိပါတယ်။ ငွေကို အိမ်မှာ သော့ခတ် သိမ်းထားရင်တော့ အလိုလိုနေရင်း ရှုံးနေပါတယ်။
စုမိတဲ့ ငွေ ကိုဖတ်ပေးပါ
ငွေကိုင်ထားတာ ရှုံးတတ်တယ် ဆိုပေမဲ့လည်း အရေးပေါ် ရန်ပုံငွေ အဖြစ် အသုံးစရိတ်ရဲ့ ၃ လနဲ့ ၆ လစာကြားလောက် ပမာဏကို ငွေသား အဖြစ် ထားသင့်ပါတယ်။ အရေးပေါ် ရန်ပုံငွေ ကို အိမ်မှာ မထားပဲ ဘဏ်မှာ ထားရင် ပိုကောင်းတယ်လို့ မြင်ပါတယ်။
******
ဘဏ်
******
ဘဏ်မှာထားရင်တော့ ပုံမှန်ဆို ဘဏ်တိုးက ငွေကြေးဖောင်းပွမှုနှုန်းထက် ပိုများတတ်တာကြောင့် အဆင်ပြေပေမဲ့ အချို့နှစ်တွေမှာ ငွေကြေးဖောင်းပွမှုနှုန်းဟာ ဘဏ်တိုးထက်များတဲ့အခါ အရှုံးရှိတတ်ပါတယ်။
ဒီစာသုံးပုဒ်ကို ဖတ်ပေးပါ။
ဘဏ်တိုးနဲ့ လောက်ပြီလား
ဘဏ်တိုးနဲ့ တစ်သက်လုံး ထိုင်စားချင်ရင်
ရင်းနှီးမြှုပ်နှံမှုမလုပ်ခင် ဒါ အရင်လုပ်ပါ
***************
အခေါက်ရွှေစင်
***************
ရွှေဝယ်ထားရင်တော့ အများအားဖြင့် ငွေကြေးဖောင်းပွမှုကို ကာမိပါတယ်။ အထူးသဖြင့် ငွေကြေးဖောင်းပွမှု များတဲ့ နှစ်တွေမှာ ရွှေဈေး အတက်ကြမ်းတတ်ပါတယ်။ ဒါပေမဲ့ ဈေးတက်ချိန်မှာ ဝယ်ထားမိရင် ရှုံးတတ်တာကိုလည်း သတိပြုစေလိုပါတယ်။ အရေးပေါ် ရန်ပုံငွေ အပြင် ငွေပိုရင် အခေါက်ရွှေစင် အနည်းငယ် ဝယ်ထားသင့်ပါတယ်။ ရှိသမျှငွေကို ပုံအောပြီးတော့ ရွှေ မဝယ်သင့်ပါဘူး။
ရွှေအကြောင်း ဒီစာ နှစ်ပုဒ်ကို ဖတ်ပေးပါ။
ရွှေစကား ပြောမယ်
ရှုံးတတ်တဲ့ ရွှေ
************
နိုင်ငံခြားငွေ
************
နိုင်ငံခြားငွေ ဝယ်ထားတာလည်း မြန်မာငွေဖောင်းပွမှု များတဲ့ အချိန်မှာ ကာမိပါတယ်။ ငွေပိုရင် အနည်းငယ်တော့ ဝယ်ထားလို့ ရပါတယ်။ နိုင်ငံခြားငွေကလည်း ဖောင်းပွမှု အနည်းနဲ့ အများတော့ ရှိပါတယ်။
ဒေါ်လာစကား ပြောမယ်
***************
စတော့ရှယ်ယာ
***************
ငွေကြေးဖောင်းပွနေချိန်မှာ နိုင်ငံခြား စတော့ရှယ်ယာ ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံထားရင် ငွေကြေးဖောင်းပွမှုကို ကာမိတဲ့ အပြင် ရေရှည်မှာ အမြတ်များပါတယ်။ ဒါပေမဲ့ နိုင်ငံခြား ဘဏ်အကောင့် မရှိတဲ့သူတွေ အတွက် မလွယ်လှသေးပါဘူး။ ပြည်တွင်းက စတော့ဈေးကွက်ကတော့ ဖွံ့ဖြိုးလာမယ့် အချိန်ကို စောင့်ရပါဦးမယ်။
စတော့ရှယ်ယာ အကြောင်း ဒီစာသုံးပုဒ်ကို ဖတ်ပေးပါ။
စတော့ရှယ်ယာ ဈေးကွက်
ဝင်ဖို့ခက်နေသေးတဲ့ စတော့ဈေးကွက်
သူတို့ ဒီလို ရင်းနှီးမြှုပ်နှံကြတယ် https://www.facebook.com/fireflypsk/posts/132388971432720
*************************************
သယ်ယူပို့ဆောင်ရေးလုပ်ငန်းသုံး ယာဉ်
*************************************
ဆိုက်ကား၊ ဆိုင်ကယ်၊ တုတ်တုတ်၊ ကား၊ စက်လှေ စတဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းသုံး ယာဉ်တွေကို ဝယ်ပြီး ငှါးစားတာဟာလည်း ငွေကြေးဖောင်းပွမှုကို ကာကွယ်ပေးပါတယ်။
ငွေကြေးဖောင်းပွလာရင် ငှါးခတွေ ဈေးလိုက်တက်မယ်။ ယေဘုယျအားဖြင့် ငွေကြေးဖောင်းပွမှု ကြမ်းတဲ့ အခါမျိုးမှာ ဝယ်ထားတဲ့ ယာဉ်ရဲ့ တန်ဖိုးဟာလည်း ငွေကြေးဖောင်းပွမှုနဲ့အပြိုင် ဈေးတက်လာတတ်ပါတယ်။
**********
အိမ်ခြံမြေ
**********
အိမ်ခန်း၊ တိုက်ခန်း၊ ဆိုင်ခန်း၊ ဂိုထောင်၊ မြေ၊ လယ်ယာ၊ ဥယျာဉ်ခြံမြေ စတာတွေကို ဝယ်ပြီး အငှါးချထားရင်လည်း ကောင်းပါတယ်။ ငွေကြေးဖောင်းပွမှုကို ကာမိပါတယ်။
အိမ်ခြံမြေယာဉ် တွေဝယ်ရာမှာ ဈေးကြီးမမိဖို့လည်း သတိပြုရမှာပါ။ ပူဖောင်း ဖောင်းနေတုန်း ဝယ်ရင်တော့ ရှုံးတတ်ပါတယ်။
"ငပိန်းဖမ်း သီအိုရီ" ကို ဖတ်ပေးပါ။ https://www.facebook.com/fireflypsk/posts/140133673991583
******************
စီးပွားရေးလုပ်ငန်း
******************
ငွေကို စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတာလည်း ကောင်းပါတယ်။ ဥပမာ ကုန်ရောင်း ကုန်ဝယ်လုပ်ရင် ငွေကြေးဖောင်းပွတဲ့ အခါ ကိုယ့်လက်ထဲမှာ ရှိတဲ့ ကုန်တွေက အလိုလို ဈေးတက်လာပါတယ်။ ဆေးဆိုင်ဆိုလည်း ငွေကြေးဖောင်းပွမှုနဲ့အတူ ဆေးတွေ ဈေးလိုက်တက်ပါတယ်။ အမြတ်ရှိပြီး လည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းရဲ့ တန်ဖိုးကလည်း ငွေကြေးဖောင်းပွမှုနဲ့အတူ လိုက်တက်လေ့ရှိပါတယ်။
ဘာပဲလုပ်လုပ် ငွေတွေကို တစ်နေရာထဲမှာ စုပြုံပြီး မထည့်သင့်ပါဘူး။ ဖြစ်နိုင်ရင် နေရာ အများအပြားမှာ ဖြန့်ကြက်ထားသင့်ပါတယ်။
ဖြန့်ကြက်မြှုပ်နှံ ဖြည်းဖြည်းမှန် ကိုဖတ်ပေးပါ
ဒါတွေကတော့ ငွေကြေးဖောင်းပွတဲ့ အခါ ငွေစုထားတဲ့ ပြည်သူတွေအနေနဲ့ ရှိတဲ့ငွေလေးတွေ အဆုံးအရှုံးနည်းအောင် လုပ်ထားလို့ ရတဲ့ နည်းလေးတွေပါ။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ငွေကြေးဖောင်းပွမှုကို ကာကွယ်ဖို့ မလွယ်ပေမဲ့ အဆုံးရှုံးသက်သာအောင် လုပ်ထားတဲ့ နည်းတွေပါ။
ငွေကြေးဖောင်းပွမှုဟာ ငွေတွေကို ကိုင်ထားတဲ့သူတွေအတွက် အဆုံးအရှုံးများတာ မှန်ပေမဲ့ စုမိငွေမရှိတဲ့ သူတွေကိုလည်း ရိုက်ခတ်ပါတယ်။ ကုန်ဈေးနှုန်းကြီးလာတတ်လို့ ဝင်ငွေနဲ့ မလောက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
အဲဒီအခါမှာ စုထားတဲ့ ငွေ မရှိရင် ပိုဒုက္ခရောက်တတ်ပါတယ်။ ဒါ့ကြောင့် ခုထဲက ချွေတာစုဆောင်းတာတွေ လုပ်ကြပါ။
ကုန်ဈေးနှုန်းတွေကတက်ပြီး ဝင်ငွေက မတိုးရင် တစ်ဦးချင်းအနေနဲ့ လုပ်လို့ရတာကတော့ ဝင်ငွေ ပိုကောင်းတဲ့ အလုပ်ကို ပြောင်းလုပ်ဖို့ပါ။ မလွယ်ပေမဲ့ ဒီလိုပဲ ကြိုးစား ရှာဖွေလုပ်ကိုင်ရမှာပါပဲ။
အားလုံး အဆင်ပြေကြပါစေ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Monday, September 28, 2020
ဖောင်းပွအန္တရာယ် ကာကွယ်စို့
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...
No comments:
Post a Comment