တစ်နေ့က စတော့ရှယ်ယာ ဈေးကွက်အကြောင်းကို ရေးခဲ့ပြီးပါပြီ။
စတော့ရှယ်ယာ ဈေးကွက် https://www.facebook.com/fireflypsk/posts/125186598819624
နိုင်ငံအသီးသီးမွာ သူတို့နိုင်ငံက အများပိုင် စတော့ရှယ်ယာ ကုမ္ပဏီတွေရဲ့ အစုရှယ်ယာလက်မှတ်တွေ ရောင်းဖို့ဝယ်ဖို့ Stock Exchange လို့ခေါ်တဲ့ စတော့ရှယ်ယာ ဖလှယ်ရာ ဈေးကွက်တွေ ရှိပါတယ်။ ဒီဈေးကွက်တွေ အဖွံ့ဖြိုးဆုံးကတော့ အမေရိကန်နိုင်ငံပါပဲ။
တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စတော့ရှယ်ယာ လက်မှတ်တွေ လှမ်းဝယ်လို့ရအောင် စီစဉ်ပေးထားပါတယ်။
စင်ကာပူစတဲ့ အချို ့သော အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း အမေရိကန်၊ ဥရောပ၊ တရုတ် အခြားနိုင်ငံတွေက စတော့ဈေးကွက်တွေမှာ ရင်းနှီးမြှုပ်နှံလို့ ရအောင် ဖွင့်ပေးထားပါတယ်။
ကျွန်တော်တို့နိုင်ငံမွာတော့ ဒီလိုရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းလည်း ရွားပါးနေပါသေးတယ်။ နောက်တော့ ဖြစ်ထွန်းလာမယ်လို့ မျှော်လင့်ရပါတယ်။
ဖြစ်ထွန်းလာရင်လည်း ဂျင်းတွေကို သတိထားကြည့်ရှောင်ရဦးမှာပါ။ ဒီကိစ္စမျိုးမှာ လိမ်ချင်သူတွေကလည်း ပေါလှပါတယ်။ ရှယ်ယာ ရှယ်ယာ ဆိုတိုင်းလည်း မယုံကြပါနဲ့ ဦး။
ချင့်ယုံကြပါ။ https://www.facebook.com/fireflypsk/posts/119936642677953
ကမ်ဘာအနှံ့က စတော့ဈေးကွက်တွေမှာ၊ အထူးသဖြင့် အမေရိကန် စတော့ဈေးကွက်မွာ အစုရှယ်ယာလက်မှတ်တွေကို ဝယ်ပြီး ရင်းနှီးမြှုပ်နှံထားချင်ရင်တော့ မြန်မာနိုင်ငံသား အမ်ားစုအတွက် မလွယ်လှသေးပါဘူး။
လုံခြုံစိတ်ချရတဲ့ တရားဝင် ဝန်ဆောင်မှုတွေ ပြည်တွင်းမှာ မတွေ ့မိသေးပါဘူး။ ကျွန်တော်မသိတာလည်း ဖြစ်နိုင်ပါတယ်။ တစ်ကယ်လို့ ရှိတယ်ဆိုရင် မှတ်ချက်မွာ လမ်းညွှန်ပေးခဲ့ပါဦး ခင်ဗျာ။
ကျွန်တော်ကတော့ နိုင်ငံခြားက ဘဏ်တွေနဲ့ ချိတ်ဆက်လုပ်ထားတာမို့ အဆင်ပြေ စိတ္ခ်ရပေမဲ့ ခုနောက်ပိုင်းမှ လုပ္မယ္ဆို နိုင်ငံခြားမှာ ဘဏ်စာရင်းမရှိရင် အဆင်မပြေနိုင်ပါဘူး။ စာရင်းဖွင့်ဖို့ကလည်း မလွယ်လှပါဘူး။ အလိမ်တွေ မမိအောင်လည်း အထူး သတိထားစေလိုပါတယ်။
မြန်မာနိုင်ငံမှာလည်း ရန်ကုန် စတော့ ဖလှယ်ရာ ဈေးကွက် (Yangon Stock Exchange) ရှိပါတယ်။ ၂၀၁၆ ကမွ စဖွင့်ခဲ့တာပါ။ ခုလောလောဆယ် အများပိုင် စတော့ရှယ်ယာ ကုမ္ပဏီ ၅ ခုပဲရွိပါသေးတယ်။ အရမ်းနည်းနေပါ သေးတယ်။
ဟိုကုမ္ပဏီ ဒီကုမ္ပဏီက ရှယ်ယာတွေ ရောင်းပေးနေတယ်။ ဘယ်လောက်အမြတ်ရမယ်ဆိုပြီး လိမ်လည်မှုတွေ ရွိနေပါတယ်။ ငွေမထည့်လိုက်ခင်မှာ သေချာစုံစမ်းပါ။ ကျွန်တော့်ကို မေးလည်း ရပါတယ်။
မြန်မာနိုင်ငံက စတော့ဈေးကွက်မွာ အစုရှယ်ယာလက်မှတ်တွေကို ဝယ်ရောင်းလုပ်ချင်တယ်၊ ရင်းနှီးမြှုပ်နှံချင်တယ် ဆိုရင်တော့ ပုဂ္ဂလိက ဘဏ်ကြီးတွေမှာ စာရင်း သွားဖွင့်လို့ရပါတယ်။ ဒါပေမဲ့ အလျင်မလိုပါနဲ့ဦး။
ရေရှည်ရင်းနှီးမြှုပ်နှံဖို့ကို ကျွန်တော်က ကုမ္ပဏီတစ်ခုချင်းစီရဲ ့ အစုရှယ်ယာလက်မှတ်တွေကို ဝယ္တာ အားမပေးပါဘူး။ ရေရှည်မှာ ကိုယ်အစုရှယ်ယာလက်မှတ်ဝယ်ထားတဲ့ ကုမ္ပဏီက ဒေဝါလီခံသွားရင် ရှုံးပါမယ်။ ကိုယ္က အရမ်းကြီး ကျွမ်းကျင်နားလည်နေမှ ဝယ်သင့်ပါတယ်။ ကုမ္ပဏီ တစ်ခုချင်းစီရဲ ့ အစုရှယ်ယာလက်မွတ္ကို မဝယ်ရင် ဘယ္လို လက်မှတ်မျိုးဝယ်သင့်လဲဆိုတာ နောက်ပိုင်း ရေးပါဦးမယ်။
ခုလောလောဆယ်တော့ မြန်မာနိုင်ငံက စတော့ရှယ်ယာဈေးကွက်က အကောင်းကြီးတော့ မဟုတ်သေးပါဘူး။
၂၀၁၆ မတ္လ ၂၅ ရက်နေ့ မြန်မာစတော့ဈေးကွက် စဖွင့်တဲ့ အချိန်ကနေစတွက်ရင် ခုချိန်မှာ အဲဒီ ကုမ္ပဏီ ၅ ခုပျမ်းမျှ စတော့ရှယ်ယာလက်မှတ်တွေ ဈေးကျနေပါတယ်။ အဲဒီတုန်းက ငွေ ၁၀ သိန်း ရင်းနှီးမြှုပ်နှံထားရင် ဒီနေ့မွာ ၄ သိန်း ၉ သောင်းကျော်ပဲတန္တယ္ဆိုတော့ အတိုး ထည့်မတွက်ရင်တောင် ၅ သိန်းကျော် ရှုံးနေပါပြီ။ သတိထားဖို့ပါ။
အဲဒီအချိန်အတွင်းမှာ အမေရိကန် စတော့ဈေးကွက်ရဲ ့ အကြီးဆုံး ကုမ္ပဏီ ၅၀၀ ရဲ ့ ပျမ်းမျှ အစုရှယ်ယာလက်မှတ်ဈေးဟာ အတက်ပိုင်းမှာ ရွိနေပါတယ်။ ဒေါ်လာ ၁၀၀၀ ရင်းနှီးမြှုပ်နှံထားရင် ခုဆို ၁၄၃၀ ဒေါ်လာ ဖြစ်နေပါပြီ။ မြတ်နေပြီပေါ့။
ပြောချင်တာက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စီးပြားရေးအခြေအနေ ကြာသလို ရနိုင်တဲ့ အကျိုးအမြတ်လည်း ကွာနိုင်ပါတယ်။
လက်ရွိမွာတော့ ကျွန်တော်တို့ဟာ နိုင်ငံတကာက စတော့ရှယ်ယာဈေးကွက်တွေကိုလည်း အလြယ္တကူ လက်လှမ်းမမီသေး၊ ပြည်တွင်း မှာလည်း စတော့ရှယ်ယာ ကုမ္ပဏီတွေ နည်းနေသေးတဲ့ အခြေအနေပါ။ အချိန်တစ်ခုတော့ စောင့်ရဦးမှာပါ။
နောက်ပိုင်းမှာတော့ အမေရိကန်မှာ လူတွေ စတော့ဈေးကွက်မွာ ဘယ်လိုရင်းနှီးမြှုပ်နှံကြတယ် ဆိုတာ ရေးပါဦးမယ်။
နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေ လက်လှမ်းမီရင် ရင်းနှီးမြှုပ်နှံလို့ရအောင်နဲ့ မြန်မာနိုင်ငံမွာ နေသူတွေလည်း နောက်ပိုင်း ဈေးကွက်ဖွင့်ပေးလိုက်ရင် လုပ်လို့ရမယ့် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ကို ကြိုတင် သိထားရအောင်ပါ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment