*************
(၁) ပုံပြင်လေး
*************
ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ ကျွန်းတိုင်ကြီးတစ်ထောင်နဲ့ ဆောက်လုပ်ထားတဲ့ ခမ်းနားလှတဲ့ ဘာသာရေး ကျောင်းတော်ကြီးတစ်ဆောင် ရွိသတဲ့။ ရေတက်လေ့ရှိတဲ့မြို ့မို့ ခြေတံရှည် ကျောင်းတော်ကြီး ဆောက်လုပ်ထားတာပါ။
ကျွန်းတိုင်ကြီးတွေကို တိုင်းသူပြည်သားတွေက လှူဒါန်းထားတာဆိုပေမဲ့ တိုင်ကြီးတွေမှာ နာမည်စာတန်းထိုး ဘယ္သူက လှူဒါန်းထားပါတယ်ပေါ့။ ကျောင်းတော်ကြီးကို လာတိုင်းလည်း ကိ်ုယ့်နာမည်ကပ်ထားတဲ့ တိုင်ကြီးတွေကို လာ လာကြည့်ရတာ အမော။ လှူထားတယ်ဆိုပေမဲ့ သက္ကာယ ဒိဌိ မပယ်နိုင်သေးတော့ "ငါလှူထားတဲ့ တိုင်ကြီး ငါ့တိုင်ကြီးနဲ့" ကြွားမဆုံးဘူးပေါ့။ ဒီခေတ်လို လူမှုကွန်ရက်တွေသာရှိခဲ့ရင်တော့ ဓာတ်ပုံရိုက် လိုင်းပေါ်တင်ကြလိမ့်မပေါ့။
တစ်နေ့မှာတော့ ကောလာဟလ သတင်းတစ်ခု ထွက်လာပါတယ်။ အရမ်းပြင်းထန်တဲ့ ငလျင်ကြီး လှုပ်တော့မှာမို့ ခိုင်ခံ့လှပါတယ်ဆိုတဲ့ ကျောင်းတော်ကြီးတောင် တိုင်တွေကျိုးပြီး ပြိုကျတော့မတဲ့။
တိုင်လုံးကြီးတွေကို လှူထားကြတဲ့သူတွေ စဉ်းစားကြပြီ။ "အင်း ဒီတိုင်းထားရင်တော့ ငါ လှူထားတဲ့ တိုင်လုံးကြီး ပျက်စီးကုန်တော့မှာပဲ။ ခုထဲက တိုင်လုံးကို ချွတ်ပြီး လုံခြုံရာ သိမ်းထားမှ။ ငလျင်လှုပ်ပြီးသွားလို့ ကျောင်းတော်ကြီး ပြန်ဆောက်ရင် ငါ့တိုင် ငါ့နာမည်နဲ့ ဒီအတိုင်း ပြန် လှူရအောင်။ လောလောဆယ် ငါ့ တစ်တိုင်လောက် ချွတ်လိုက်တာနဲ့တော့ ကျောင်းကြီးလည်း ပြိုမသွားပါဘူး။ တိုင် ကိုးရာကျော် ကျန်ဦးမှာပဲလေ။"
တစ်ယောက်နှစ်ယောက်လောက်က ဒီလိုတွေးပြီးလုပ်တာဆို ကိစ္စမရှိပေမဲ့ ခုတော့ အလှူရှင် တစ်ထောင်လုံးက ဒီစိတ္ကူးပေါက်နေတာဆိုတော့ ပြဿနာပေါ့။ ဒီလိုနဲ့ တိုင်လုံးတွေ အပြိုင်အဆိုင် ဝိုင်းချွတ်လိုက်ကြတာ ကျောင်းတော်ကြီးလည်း ပြိုကျ၊ အောက်မှာ တိုင်ချွတ်နေကြတဲ့ သူတွေလည်း သေကြေကြပေါ့။
ငလျင်ကဘယ်နေတယ် မသိဘူး၊ ကျောင်းတော်ကြီးကတော့ မြေခသွားရပြီ။ အံ့သြဖို့ကောင်းလောက်အောင် နုံကြ အ ကြတဲ့ အတ္တကြီးကြတဲ့ လူတွေပေါ့ဗျာ။ တိုင်လုံးကြီးတွေ ဆုံးရှုံးမှာစိုးတဲ့ အကြောက်တရားကြောင့် ကျောင်းတော်ကြီးပါ ပျက်ခဲ့ရပါတယ်။
ပုံပြင်လေးကတော့ ဒါပါပဲခင်ဗျာ။ ပုံပြင်ဖြစ်တာကြောင့် ယုတ္တိမရှိတာတွေ ပါပါတယ်။ တိုင် ဘယ္လို ချွတ်လဲ မမေးပါနဲ့ ခင်ဗျာ။ အဓိက က အဲဒါကို ပြောချင်တာ မဟုတ်တဲ့အတွက် ယုတ္တိတွေကို ထားခဲ့ကြပါစို့။
ဘာလို့လဲဆိုတော့ ခုဆို ယုတ္တိကို ဘေးဖယ်ထားပြီး အပြင်မှာလည်း လုပ်နေကြလို့ပါ။
**********************************
(၂) ဘဏ်အပ်ငွေတွေ ဝိုင်းထုတ်ကြရင်
**********************************
ထွက်လာတဲ့ သတင်းနဲ့ ကောလာဟလ တွေကြောင့်ဘဏ်ထဲက ပိုက်ဆံတွေကို အစုလိုက်အပြုံလိုက် ထုတ်ဖို့ ကြိုးစားနေကြပါတယ်။ ဒါမျိုး ကျွန်တော်တို့နိုင်ငံမွာ ခဏခဏ ဖြစ်ပါတယ်။ ဗဟိုဘဏ္ကနေ သတင်းထုတ်ပြန်ရတာလည်း အကြိမ်ကြိမ်ပါ။
ထွက်နေတဲ့ သတင်းတွေ မွန္မမှန်ဆိုတာထက် ဘဏ်မှာ အပ္ထားတဲ့သူတွေ တစ်ပြိုင်တည်း အပ်ငွေတွေ ဝိုင်းထုတ်ဖို့ ကြိုးစားရင် ဘယ်ဘဏ်မှ မခံနိုင်ပါဘူး။ ဘဏ်တွေက အပ္ထားတဲ့ငွေတွေကို ရာခိုင်နှုန်း နည်းနည်းပဲချန်ပြီး ပြန်ချေးထားတာပါ။ ပြန်မချေးရင် ဘဏ္က ဘဏ်အလုပ်မလုပ်သလို ဖြစ်နေမှာပေါ့။
ဘဏ်ကြီး တစ်ဘဏ် ဒေဝါလီခံဖို့ဆိုတာ မြန်မာပြည်မှာ အရင်က လွယ်ပေမဲ့ ခုနောက်ပိုင်း အင်မတန် ဖြစ်ခဲပါတယ်။ ဗဟိုဘဏ္က စည်းကမ်းကြပ်မတ်မှုတွေလုပ္ထားတာ ကြောင့်ပါ။ ဘဏ်ကြီး တစ်ဘဏ် ဒေဝါလီခံရရင် အဆင့်ဆင့် ရိုက်ခတ်မှုတွေကြောင့် တိုင်းပြည်စီးပွားရေး ပျက်သွားနိုင်တာမို့ နိုင်ငံတော်က ဘဏ်ကြီးတွေ ဒေဝါလီမခံရအောင် တတ်နိုင်သမျှ ကြိုးစားသွားမှာပါ။
ခုကိစ္စမှာလည်း လူတွေကြောက်နေကြတာက လုပ်ငန်းရှင်တွေဆီကို ချေးထားတဲ့ငွေတွေပြန်မရရင် ဘဏ်တွေ ဒေဝါလီခံရတော့မှာကိုပါ။ "ဒီလိုမဖြစ်ခင် တို့အပ်ထားတဲ့ငွေလေး လုံခြုံရာကို ရွှေ ့ထားဦးမှပါ" ပေါ့။
လုပ်ငန်းရှင် အားလုံးဆီက ပြန်မရတာလည်း မဟုတ္ဘူး။ အမ်ားစုက အတိုးပေးနေတယ်။ အတိုးရော အရင်းပါမပေးတဲ့ စီးပြားရေးလုပ်ငန်းရှင်တွေဆီက အကြွေးတွေ ပြန်မရရင်တောင် ဘဏ်တွေ အနေနဲ့ အပေါင်ပစ္စည်းတွေ သိမ်းလို့ရတယ်။ ဒါတောင် ဗဟိုဘဏ်ကြားခံပြီး ညှိနှိုင်းကြဦးမှာပါ။
ဒါကို ကြောက်ပြီး ပိုက်ဆံတွေသွားထုတ်ရင် ကျောင်းတော်ကြီး မြေခသလိုဖြစ်ရုံမက အောက်မှာ ပိသေသူတွေ ရှိလာနိုင်ပါတယ်။
အားလုံးသွားထုတ်လို့လည်း မရနိုင်ပါဘူး။ ထုတ်တဲ့သူတွေများလာရင် သက်ဆိုင်ရာက တိုင်းပြည်စီးပွားရေး ဖရိုဖရဲ မဖြစ်ရအောင် ဘဏ္ကငွေထုတ်တာတွေကို တစ်ရက်ဘယ်လောက်ပဲ ထုတ်လို့ရမယ်လို့ ကန့်သတ်မှုတွေ ရှိလာနိုင်ပါတယ်။ တစ်ကယ်လိုအပ်လို့ ထုတ်ချင်တဲ့သူတွေအတွက် အခက်အခဲ ဖြစ်လာနိုင်ပါတယ်။
*********************************
(၃) ရွှေဝယ်မလား ဒေါ်လာဝယ်မလား
*********************************
ဘဏ္က ငွေထုတ်ထားပြီး ခုချိန်မှ ရွှေဝယ် ဒေါ်လာဝယ်တဲ့သူတွေ ကို သနားမိပါတယ်။ ခုချိန် အတက်ပိုင်းမှာ ရွှေဝယ်၊ ဒေါ်လာဝယ်ထားရင် ရေတိုမှာ မြတ်ဖို့ထက် ရှုံးဖို့က ပိုမ်ားနေပါတယ်။ ကမ်ဘာ့ရွှေဈေးက အရင်ကတည်းက အျခားအကြောင်းတွေကြောင့် တက်နေတာပါ။
အခုလောလောဆယ် မြန်မာ့ရွှေဈေးဟာ ဒီဘဏ်ဂယက်နဲ့ ဝယ္လိုအားမ်ားတာကြောင့် ကမ်ဘာ့ရွှေဈေးထက်တောင် မြင့်နေတယ်လို့ ကြားရပါတယ်။ ဒါဆို အရှုံးခံပြီး ဝယ်နေကြတဲ့ သဘောပါပဲ။
ဒေါ်လာဈေးလည်း ဒီအတိုင်းပါပဲ။ လောလောဆယ်လုပ်စားလို့ ကောင်းနေကြတဲ့သူတွေကတော့ ရွှေ နဲ့ ဒေါ်လာ ဈေးကစားနေတဲ့ မသမာသူတွေပါ။ ပွဲလန့်အောင် လုပ်၊ ပွဲလန့်တုန်း ဖျာခင်း ပေါ့။
******************
(၄) လုပ်သင့်တာက
******************
ခုလောလောဆယ် ဘဏ်မှာ အပ္ထားတဲ့ငွေကို ပြန်ထုတ်သင့်လားလို့မေးလာရင် ကျွန်တော်ကတော့ "အန်ကယ် ကတော့ နိုးပါ" လို့ပဲ ပြန်ပြောချင်ပါတယ်။
ကြောက်တတ်ရင်တော့ ပုဂ္ဂလိက ဘဏ္ကနေ အစိုးရ ဘဏ်မှာ ပြောင်းထည့်ထားပါ။ ဒါမှမဟုတ် ဘဏ္ကငွေကို တစ်ဘဏ်ထဲ မအပ္ထားပဲ သုံးလေးဘဏ်မှာ ခြဲအပ္ထားပါ။ ဒါတောင် နောက်ပိုင်းမှ အေးအေး ဆေးဆေးလုပ်ပါ။ အလောတကြီး လုပ္စရာ မလိုပါဘူး။ ဒီရက်ပိုင်းမှာ ကိုယ့်မှာရှိတဲ့ ရွှေ၊ ဒေါ်လာ၊ ဘဏ်ထဲကငွေ ဘာကိုမွ အရွှေ ့အပြောင်း မလုပ္တာ ကောင်းပါတယ်လို့ အကြံပေးချင်ပါတယ်။
ဘဏ်မှာဆက်အပ်ထားလို့ ဆုံးသွားရင် ကျွန်တော် လျော်ပေးမှာလား လို့မေးရင်တော့ "အန်ကယ် ကတော့ နိုးပါ" လို့ပဲ ထပ်ပြောချင်ပါတယ်။ ကျွန်တော်လည်း ခေသူမှ မဟုတ္တာပဲ။ 😆
ကျွန်တော့် ဘဏ်ထဲက ငွေတွေကိုတော့ အလုပ်ရှုပ်ခံပြီး ပြန်မထုတ်ဖြစ်ပါဘူး။ ဘဏ်မှာ လူတွေရှုပ်လို့ အိမ်မှာ အေးဆေး စာ ထိုင်ရေးနေပါတယ်။ ကိုယ့်ငွေတွေအတွက် နည်းနည်းလေးမှ စိတ်မပူမိပါဘူး။
ဘဏ်ထဲက ငွေတွေ ပြေးမထုတ်ခင် ပုံပြင်ထဲက ကျောင်းတော်ကြီး ကြောက်တတ်ကြတဲ့ လူတွေကြောင့် ဘာဖြစ်သွားတယ်ဆိုတာ သတိရပေးကြပါ လို့ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment