ကျွန်တော် ရွှေအကြောင်းကို "ရွှေစကားပြောမယ်" မြာ အတော်အတန် ရေးခဲ့ပြီးပါပြီ။
ရွှေစကား ပြောမယ်
လက်ဝတ်ရတနာ ရွှေဟာ အလျော့တွက်လက်ခတွေများလို့ ရှုံးတတ်ကြောင်း၊ ဝယ်စုချင်တယ်ဆို အခေါက်ရွှေစင်ကိုသာ ဝယ်သင့်ကြောင်း ရေးခဲ့ပါတယ်။
ရွှေဟာ မြန်မာ့ဈေးကွက်မွာတော့ လူကြိုက်များပါတယ်။ "ရွှေဝယ်ထားရင် ဘယ်တော့မှ မရှုံးဘူး" လို့ ပြောစမှတ် ပြုရပါတယ်။ ဒီနေ့တော့ အဲဒီ ပြောစကား မွန္မမှန် သုံးသပ်သွားမှာပါ။ (ဒီနေ့စာမှာတော့ ရွှေဆိုတာ အခေါက်ရွှေစင်ကို ရည်ညွှန်းပါတယ်။)
အချို ့ကပြောကြပါတယ်။ လိုင်းပေါ်မှာရော အပြင်မှာပါ ကြားဖူးပါတယ်။ ရွှေပူဖောင်းပေါက်တယ်၊ ရွှေဈေးကျတယ် ဆိုတာ တစ်ခါမှ မကြုံဘူးကြောင်း၊ ရွှေဟာ ဘဏ်တိုးထက် အဆမ်ားစြာ မြတ်ကြောင်း၊ ရွှေဝယ်ထားလို့ အရှုံးမရှိကြောင်း ပါ။
ကျွန်တော်ကတော့ ရွှေဟာ အဝယ်မတတ်ရင်၊ ဝယ်တဲ့ အချိန်အခါမှားရင် အရှုံးကြီးရှုံးတတ်ကြောင်း တတ်နိုင်သလောက် ရှင်းပြပါ့မယ်။
********************************
(၁) ရွှေ ပူဖောင်း ပေါက်တယ်ဆိုတာ
********************************
ရွှေဈေးနှုန်းတွေ အဆမတန်မြင့်မားလာပြီး တစ်နေ့နေ့မှာ ရွှေဈေးတွေ ဝုန်းကနဲ ထိုးက္တာကို ဆိုလိုတာပါ။ အိမ်ခြံမြေဈေးကွက် နဲ့ ကားဈေးကွက်မွာ ဒီလိုဖြစ်ခဲ့ဖူးတာကို မှတ်မိသူတွေ ရွိမွာပါ။
ဒါပေမဲ့ ရွှေဈေးဒီလိုဖြစ်ခဲ့တာကိုတော့ မှတ်မိတဲ့သူ သိတဲ့သူ ရှားပါလိမ့်မယ်။
ဒီစာမြာ ပုံ ၃ ပုံ ပါ ပါတယ်။ ပထမပုံက အလွထည့်ထားတာပါ။ ဒုတိယပုံက ၂၀၁၂ နှစ်ကုန်ပိုင်းကနေ ဒီနေ့ထိ ၇ နှစ်စာ ရွှေ တစ်အောင်စ ဈေးကို ဒေါ်လာနဲ့ ပြထားတာပါ။ တတိယပုံက ၂၀၁၂ နှစ်ကုန်ပိုင်းကနေ ဒီနေ့ထိ ၇ နှစ်စာ ရွှေ တစ်အောင်စ ဈေးကို မြန်မာ ကျပ်ငွေနဲ့ ပြထားတာပါ။ (ရွှေတစ်အောင်စဟာ ၁.၉ ကျပ်သားခန့်နဲ့ ညီမျှပါတယ်။)
ပုံ (၂) မြာ ကြည့်ရင် ၂၀၁၂ မကုန်ခင်မှာ ရွှေဈေးဟာ တစ်အောင်စကို ဒေါ်လာ ၁၈၀၀ ထိမြင့်တက်ခဲ့တယ်ဆိုတာတွေ ့ရမွာပါ။ ဒါတောင် ဒီပုံထဲမွာ ၂၀၁၁ အကုန်ပိုင်း ဒေါ်လာ ၁၉၀၀ နီးပါးဖြစ်သွားတာ မပါသေးပါဘူး။
၂၀၁၂ မကုန်ခင်မှာ ဒေါ်လာ ၁၈၀၀ ထိမြောက်သွားတဲ့ ရွှေဈေးဟာ ၂၀၁၃ နှစ်ကုန်မှာ ၁၂၀၀ ထိ ထိုးကျခဲ့ပြီး ၂၀၁၅ နှစ်ကုန်မှာ တစ်အောင်စကို ဒေါ်လာ ၁၁၀၀ အောက် ရောက်သွားပါတော့တယ်။ ဒါကို ပူဖောင်းပေါက်တယ်လို့ ပြောလို့ရပါတယ်။
တစ်နှစ်ကျော်ကျော်လေးအတွင်းမှာ ဒေါ်လာ ၁၈၀၀ ကေန ၁၂၀၀ ကို က်သြားတာဆိုတော့ ရွှေဈေး ၁၈၀၀ မှာဝယ်လိုက်တဲ့သူတွေ အတော်ကို ရှုံးနေပါပြီ။ အဲဒီတုန်းက ပြန်မရောင်းပဲ ဒီနေ့ရွှေဈေးထိစောင့်မယ်ဆိုရင်တောင် တစ်အောင်စကို ဒေါ်လာ ၁၅၀၀ ကျော်သာရမှာ ဖြစ်တဲ့ အတွက် ရှုံးနေဆဲပါ။
၂၀၁၁ နှစ်ကုန်ပိုင်းကနေ စပြီး ၂၀၁၂ နှစ်ကုန်ပိုင်း အတွင်း ရွှေဝယ်ထားတဲ့ သူတွေဟာ ခုချိန်ထိ အမြတ်မရသေးပဲ အရှုံးကြီးရှုံးနေကြတာကို ဝမ်းနည်းဖွယ် တွေ့ရပါတယ်။
*********************
(၂) မြန်မာပြည်မှာတော့
*********************
ပုံ (၃) ကိုကြည့်ပါ။ ဒီပုံမှာတော့ ၂၀၁၂ အကုန်ပိုင်းမှာ တစ်အောင်စကို ၁၅ သိန်းထိ တက်ခဲ့တဲ့ရွှေဈေးဟာ ၂၀၁၃ အကုန်မှာ ၁၂ သိန်းအောက်ကို ကျသွားပါပြီ။ ၁၅ သိန်းတုန်းကဝယ်ပြီး ၁၂ သိန်းမှာ ပြန်ရောင်းထုတ်ရင် ရှုံးပြီပေါ့။
၁၅ သိန်းတုန်းကဝယ်ပြီး နောက် ၇ နှစ်အကြာ ရွှေဈေးတက်နေတဲ့ ဒီနေ့မှ ရောင်းရင်ကော။ ၂၃ သိန်း နီးပါးရမြာပါ။ "ဟာ ဒါဆို မြတ်တာပေါ့" လို့ အလြယ္မတွေးလိုက်ပါနဲ့ဦး။ ပုံ (၂) မြာ ဒေါ်လာနဲ့တွက်ရင် ရှုံးနေပြီး ပုံ (၃) မြာ မြန်မာငွေနဲ့တွက်ရင် မြတ်နေရတဲ့ အကြောင်းရင်းကတော့ ဒီအတောအတွင်းမှာ မြန်မာကျပ်ငွေတန္ဖိုး ဝယ်နိုင်အားကက ဒေါ်လာနဲ့ယှဉ်ရင် အရမ်းကျသွားလို့ပါပဲ။
ငွေ ၁၅ သိန်းကနေ ငွေ ၂၃ သိန်းဖြစ်အောင် ၇ နှစ်စောင့်ရတာကြောင့် နှစ်ထပ်တိုးနဲ့တွက်ရင် တစ်နှစ်ကို အတိုး ၆% ကျော်ကျော်လောက်ပဲရတယ်ဆိုတာကို သတိပြုစေချင်ပါတယ်။ ဘဏ်တိုးထက် နည်းပြီး ဒေါ်လာစုတာလောက်တောင် မကိုက္တာ သြားတွေ ့ရပါတယ်။
မနေ့ကရေးခဲ့သလို အခွင့်အလမ်းစရိတ်နဲ့ ပြန်တွက်ရင် ရှုံးနေပါပြီ။
မင်းသမီးက သင်ပေးတဲ့ အခွင့်အလမ်း စရိတ် https://www.facebook.com/fireflypsk/posts/127305658607718
ဒါကေတာ့ အမြင့်ဈေးနဲ့ ဝယ်လိုက်မိရင် ရှုံးတတ်တာ၊ အမြတ်နည်းတတ်တာကို ပြောတာပါ။ ရွှေမှ မဟုတ်ပါဘူး၊ အိမ်ခြံမြေ၊ ကား ဘယ်အရာမဆို ဈေးတက်နေတုန်း ဆက်တက်ဦးမယ်ထင်ပြီး လောဘနဲ့ဝယ်မိရင် ရှုံးတတ်တာကို သတိပြုစေလိုပါတယ်။
ရွှေဈေးက ဒီနှစ်ပိုင်းတွေမှာ တရိပ်ရိပ်တက်နေတာကြောင့် ဒီ ၅ နှစ်အတွင်းမှာတော့ ရွှေဈေးတက်နှုန်းနဲ့ စာရင်းသေဘဏ်တိုးနှုန်း(နှစ်ထပ်တိုး) နဲ့ အကြမ်းဖျင်းအားဖြင့် တူတူလောက် ရွိနေပါတယ်။ မနှစ်ကမှ ဝယၳားတဲ့သူတွေကတော့ မြတ်နေပါတယ်။
ကမ်ဘာ့ရွှေဈေးဟာ ဆက်တက်မလား က်မလား ဘယ်သူမွ မသိနိုင်ပါဘူး။ အနာဂတ်မှာ ရွှေက ပိုကိုက္လား၊ ဘဏ္တိုးက ပိုကိုက္လား ကျွန်တော်လည်း မသိပါဘူး။
ဒီလိုရေရာမှုတွေ မရွိတာကြောင့် ကျွန်တော်တို့ဟာ ရွှေကိုယုံပြီး ပုံအောလိုက်လို့မရသလို ဘဏ်တိုးကိုယုံပြီး ပုံအောလို့လည်း မရပြန်ပါဘူး။ ပုံအောလို့ မရဘူးဆိုရင် ဘယ်လိုလုပ်သင့်လဲဆိုတာကိုတော့ မနက်ဖြန် ရေးတင်ပါ့မယ်။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment