Sunday, September 27, 2020

ဘဏ်တိုးနဲ့ ​လောက်ပြီလား

​အချို့လူ​တွေ ​ပြောကြတာ ရှိပါတယ်။ ​ဘဏ်တိုး​လေးနဲ့ပဲ ​အေး​ဆေးထိုင်စား​တော့မယ် တဲ့။

​စာရင်း​သေ အပ်​ထားရင် တစ်နှစ်ကို ၁၀% ​ပေးတဲ့ ​ဘဏ်​တွေ ရှိပါတယ်။ (ခု​​တော့ ဗဟို​ဘဏ်က ​ဘဏ်တိုး​တွေကို လျှော့ချလိုက်တာ​​ကြောင့် ၁၀% မရနိုင်​​တော့ပါဘူး။)

သိန်း တစ်​​ထောင်အပ်ထားရင် တစ်နှစ် ​အတိုး သိန်း တစ်ရာ ရမယ်​ပေါ့။ တစ်လ ၈ သိန်းနဲ့ သုံး​​သောင်း သုံးရင် တစ်သက်​လုံး ​​အရင်း မ​ပျောက်ပဲ အတိုးကို ထိုင်စားလို့ရပြီ​ပေါ့။

တစ်လ ဆယ်သိန်း လိုတဲ့သူဟာ အတိုး သိန်း ၁၂၀ ရ​အောင် ​ဘဏ်မှာ ​ငွေ သိန်း ၁၂၀၀ စာရင်း​သေ အပ်ထားလိုက်ရင် အဆင်​ပြေပြီ​ပေါ့။

​တစ်လ တစ်သိန်းပဲ သုံးမယ်ဆိုရင်​တော့ ​အတိုး ၁၂ သိန်းရ​အောင် ​ဘဏ်မှာ သိန်း ၁၂၀ အပ်ထားရင် ရပြီ​ပေါ့။

ဒီလို ပုံ​သေ​တော့ တွက်​လို့ မရပါဘူး ခင်ဗျာ။ ဒီလိုသာ ​အတိုး ထိုင်စား​နေရင် ​ရေရှည်မှာ ကိုယ့်​အတွက်​ ပြသနာ​တွေ ရှိလာနိုင်ပါတယ်။ ရှိတဲ့ ​ငွေ​လေး လုံးပါးပါးသွားနိုင်ပါတယ်။

ရှင်းပြပါရ​စေ။

————————————————————
(၁) ​​​နောက်ပိုင်း ဘဏ်တိုးနဲ့ မ​လောက်​တော့ဘူး
————————————————————

"စုမိတဲ့ ​ငွေ" ​ရေးတုန်းက ​ငွေ​​ကြေး​​ဖောင်းပွမှုနဲ့ ကုန်​ဈေးနှုန်းကြီးလာတဲ့ ​​အ​​ကြောင်း ​ရေးပြီးပါပြီ။

စုမိတဲ့ ငွေ https://www.facebook.com/fireflypsk/posts/189413705730246/

ခုလက်​ရှိမှာ ​အတိုးရတဲ့ ​ငွေနဲ့ ​ကုန်ကျစရိတ်​အတွက်​ လုံ​လောက်​ပေမဲ့ ​နောက်ပိုင်း နှစ်​တွေကြာလာ​တော့ ကုန်​ဈေးနှုန်း​တွေတက်​လာတာနဲ့ ​အမျှ ကြပ်တည်းလာမှာပါ။

​အတိုးရတာနဲ့ မ​လောက်​တော့လို့ ​အရင်းထဲက ထုတ်သုံးရရင် ရှိတဲ့​ငွေ​လေး လုံးပါးပါးပြီး ​နောက်ဆုံး ​ဘဏ်ထဲရှိတာ ​အကုန်​​ပြောင် သွားနိုင်ပါတယ်။

————————————————
(၂) ​အရင်း​ငွေ ​တန်ဖိုး လျော့လာတယ်
————————————————

ငွေ​ကြေး​​ဖောင်းပွမှု​​ကြောင့် ​ဘဏ်ထဲမှာ ​ထည့်ထားတဲ့ ​ငွေ သိန်း ၁၀၀ ဟာ ​နောက် ၅ နှစ်​နေရင် သိန်း ၁၀၀ က ​ငွေပမာဏ လျော့မသွား​ပေမဲ့ ​ငွေ​တန်ဖိုး၊ ဝယ်နိုင်​အားက ​တော့ လျော့သွားပါမယ်။

လွန်ခဲ့တဲ့ ၅ နှစ်က ​ရွှေ ၁၀ သား ဝယ်နိုင်တဲ့ ​ငွေပမာဏဟာ ခု ဝယ်ရင် ​ရွှေ ၅ ကျပ်သား ​လောက်ပဲ ရပါ​တော့မယ်။

ဒါဆို ကိုယ့်မှာရှိတဲ့ ပိုင်ဆိုင်မှု ဓန ​တန်ဖိုး တစ်​ဖြည်း​ဖြည်း ယုတ်လျော့လာတဲ့ သ​ဘောပဲ​ပေါ့။ မ​ဟန်ပါဘူး။

(​​ငွေ "ပမာဏ ​အ​ရေ​အတွက်​" မလျော့​ပေမဲ့ ​ငွေရဲ့ "ဝယ်နိုင်​အား ​​တန်ဖိုး" လျော့သွားတာကို ဆင်ခြင်မိဖို့ လိုပါတယ်။ ​ငွေဆိုတာ လိုအပ်တဲ့ ​အရာ​တွေ​ကို လဲလှယ် ဝယ်ယူဖို့ တီထွင်ထားတာပါ။ လိုအပ်တဲ့ ​အရာ​တွေ​အတွက်​ ​အရင်ကထက်​ ​ငွေပို​ပေးရတယ်ဆိုတာ ​ငွေ​တန်ဖိုး လျော့လာတာပါပဲ။)

——————————————
(၃) ​ဘဏ်တိုး လျော့လာနိုင်တယ်
——————————————

ခုလက်​ရှိ ​ဘဏ်တိုးနှုန်း တစ်နှစ် ၈% က​နေ ၁၀% ​ပေးတာဟာ နိုင်​ငံတကာ ​ဘဏ်တိုးနှုန်း​တွေနဲ့ ယှဉ်ရင် များ​နေပါ​သေးတယ်။ ​နောက်ပိုင်း ​ဘဏ်တိုး​တွေကို မ​လျှော့ချဘူးလို့ ပုံ​သေ တွက်​ထားလို့ မရပါဘူး။ ​

ဘဏ်တိုး​တွေ ​လျှော့ချလိုက်ရင် ​အတိုးရတဲ့​ငွေနဲ့ ​ကုန်ကျစရိတ်ကို မကာမိတာ​တွေ ဖြစ်လာနိုင်ပါတယ်။

————————————
(၄) ဒါဆိုဘယ်လို လုပ်ရမလဲ
————————————

​ဘဏ်တိုးစား​နေတာထက်​ ပို​​ကောင်းတဲ့ ရင်းနှီးမြှုပ်​နှံမှု​တွေလုပ်ထားဖို့ လိုပါတယ်။

ဖောင်းပွ​အန္တရာယ် ကာကွယ်စို့ https://www.facebook.com/fireflypsk/posts/144065053598445

​ရေတို​​အတွက် ​စုထားတဲ့ ​ငွေကို​တော့ ရင်းနှီးမြှုပ်​နှံမှု မလုပ်ပဲ ​ဘဏ်မှာထားသင့်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုမလုပ်ခင် ဒါ အရင်လုပ်ပါ https://www.facebook.com/fireflypsk/posts/120329299305354

ချမ်းသာပြီးသားသူ​တွေသာ ​ဘဏ်တိုး​နဲ့ ထိုင်စားလို့ ရချင်ရမယ်၊ ​ဘဏ်တိုး​​ကြောင့် ချမ်းသာသွား​တဲ့လူ​​တော့ မရှိသေးပါဘူး။ (​အ​များပိုင် ငွေ​တွေကို ဘဏ်ထဲ​ထည့်ထားပြီး ​ဘဏ်တိုး ဖြတ်စားရင်း ချမ်းသာသွား​တဲ့သူ​တွေ ရှိမရှိ​​တော့ ​သေချာမသိပါဘူး ခင်ဗျာ။ ​အဟဲ။)

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment