Sunday, September 27, 2020

ဘဏ်တိုးနဲ့ တစ်သက်​လုံး ထိုင်စားချင်ရင်

​ဘဏ်တိုး​ရသမျှကို ထိုင်စား​နေရင် ​ငွေ​ကြေး​​ဖောင်းပွမှု​​ကြောင့် တစ်​ဖြည်း​ဖြည်းနဲ့ ​​ဘဏ်တိုးနဲ့လည်း သုံးလို့မ​လောက်၊ ​ငွေရင်းကလည်း ​တန်ဖိုးကျလာမယ့်​အပြင် ​ဘဏ်​အတိုးနှုန်း​တွေလည်း လျော့သွားနိုင်​တဲ့ အ​​ကြောင်း ရေး​ခဲ့ပြီးပါပြီ။

ဘဏ်တိုးနဲ့ ​လောက်ပြီလား https://www.facebook.com/fireflypsk/posts/122675282404089

အခြားရင်းနှီးမြှုပ်​နှံမှု​တွေက ​​ခေါင်းရှုပ်စရာ ​​ကောင်းလွန်းလို့ ဘာမှမလုပ်ပဲ ဘဏ်တိုးကိုမှ ​အေး​ဆေးပဲ ထိုင်စားချင်ပါတယ်ဆိုတဲ့ သူ​တွေ​အတွက်​ ​ဒီစာလေးကို ရေးပါတယ်။

——————————————————
(၁) ဇိမ်နဲ့ထိုင်စား ၁၄၅ - ဒီနည်း ​ဟန်​ရဲ့လား
——————————————————

ကျွန်​တော် ကြားသိမိတဲ့ တွက်နည်းတစ်နည်းက​တော့ "ဇိမ်နဲ့ ထိုင်စား ၁၄၅" ပါတဲ့။

ဆိုလိုချင်တာက ကျွန်​တော်တို့ရဲ့ တစ်လစာလိုအပ်တဲ့​ငွေပမာဏကို ၁၄၅ နဲ့ ​မြှောက်၊ ရလာတဲ့ ​မြှောက်လဒ်ကို  ​ဘဏ်မှာအပ်ထားပြီး ​ဘဏ်တိုးကို ဇိမ်နဲ့ ထိုင်စား​နေနိုင်ပါပြီတဲ့။

ဥပမာ ကျွန်​​​တော်တို့ တစ်လ ၁၀ သိန်း လိုတယ်ဆိုပါစို့။ ၁၀ သိန်းကို ၁၄၅ နဲ့ ​မြှောက်၊ သိန်း ၁၄၅၀ ကို ​ဘဏ်ထဲ​ထည့်ထားပြီး ​အတိုးကို ​အေး​ဆေး ထိုင်စား​နေနိုင်ပြီ​ပေါ့။

ကျွန်​တော်က​တော့ "ဇိမ်နဲ့ ထိုင်စား ၁၄၅၊ တစ်​ဖြည်း​ဖြည်းနဲ့ လုံးပါးပါး" လို့သာ ဆိုချင်ပါတယ်။

သိန်း ၁၄၅၀ ရဲ့ ​ဘဏ်တိုး ၈% ​ကျော်​ကျော်နဲ့ တွက်​ထား​ဟန်တူပါတယ်။ တစ်လ ​ဘဏ်တိုး ၁၀ သိန်း ရတာကို ၁၀ သိန်းလုံး ​အေး​ဆေးသုံး​ပေါ့။

ဒါ​ပေမဲ့ ဒီတွက်​နည်းဟာ ​မြန်မာနိုင်​ငံရဲ့ ​ငွေ​ကြေး​​ဖောင်းပွမှုနှုန်း၊ ကုန်​ဈေးနှုန်း တစ်ရိပ်ရိပ် တက်​လာ​နေတာကို  ထည့်တွက်​ထား​ဟန် မတူပါဘူး။

ငွေ​ကြေး​​ဖောင်းပွမှု၊ ကုန်​ဈေးနှုန်းတက်​မှု​တွေ​​ကြောင့် ​နောက်ပိုင်း ဒီ​ဘဏ်တိုးနဲ့ မ​လောက်​တော့တာ​တွေ ဖြစ်လာမယ်။ အရင်က တစ်လ ၁၀ သိန်းနဲ့ ​လောက်​ပေမဲ့ ​တစ်​ဖြည်း​ဖြည်း နှစ်ကြာလာတာနဲ့ ​အမျှ ​​လောက်​အောင် သုံးရတာ ခက်​ခဲလာနိုင်ပါတယ်။ ဒါ့​အပြင် ​အရင်း​ငွေ သိန်း ၁၄၅၀ ရဲ့ ဝယ်နိုင်​အား ​တန်ဖိုးက လည်း ကျသွားနိုင်ပါတယ်။

ဒါ​​ကြောင့် ၁၄၅ နဲ့ ​မြှောက်တဲ့ နည်းကို ကျွန်​တော် လက်​မ​ခံ ချင်ပါဘူး။ ​ရေတို​အတွက်​ပဲ ​အဆင်​ပြေပြီး ​ရေရှည်မှာ ပြဿနာရှိလာပါမယ်။ ရှိတာ​လေး လုံးပါးပါးသွားပါမယ်။

————————————————
(၂) ​ ၄၀၀ နဲ့​မြှောက် ဘဏ်တိုး​လောက်
————————————————

ဘဏ်တိုးနဲ့ ​အေး​ဆေးထိုင်စားချင်ရင်​တော့ ​တစ်လကုန်ကျစရိတ်ကို ၁၄၅ နဲ့ မ​မြှောက်ပဲ ၄၀၀ နဲ့ ​မြှောက်​စေချင်ပါတယ်။

တစ်လ ၁၀ သိန်း အေး​ဆေး ထိုင်စားချင်ရင် သိန်း ၄၀၀၀ ​ဘဏ်မှာ အပ်ထားဖို့ လိုတယ်​ပေါ့။ (တစ်လ ၁ သိန်းလိုတယ်ဆိုရင်​​တော့ သိန်း ၄၀၀ ​ဘဏ်ထဲမှာ အပ်ရမှာပါ။)

​ငွေကို ​​ဘဏ်မှာ စာရင်း​သေ အပ်ထားပြီး​​တော့ ရသမျှ ​ဘဏ်တိုးကို​ အကုန်မသုံးပဲ ​ဘဏ်တိုး​ရဲ့ ၁၀ ပုံ ၃ ပုံကိုပဲ သုံးပြီး ​ကျန်​တဲ့ ၇ ပုံကို ​ငွေရင်းထဲ ​ပြန်​ထည့်​တဲ့နည်းပါ။

ကုန်​ဈေးနှုန်းတက်​လာတာနဲ့ ကာမိ​အောင် ​အတိုး​ရော ​အရင်းပါ တစ်​ဖြည်း​ဖြည်း​ဖြည်းနဲ့ နှစ်တိုင်း ပုံ​မှန်တိုးလာ​စေမယ့် နည်းပါ။

နှစ်ကြာလာတာ​နဲ့​အမျှ ​ဘဏ်ထဲမှာ ​ငွေရင်းများလာသလို ရ​တဲ့​အတိုးလည်း ပိုများလာ​တဲ့​အတွက် ​ငွေကြေး​​ဖောင်းပွမှု​ဒဏ်ကို ​အ​​တော်​အသင့် ကာကွယ်နိုင်မှာပါ။

ဒါ​ပေ​မဲ့ ဒီတွက်နည်းဟာလည်း ​ရေရှည်မှာ မ​မှန်နိုင်ပါဘူး။ ​​စာရင်း​သေ ဘဏ်တိုး ၁၀% ​နဲ့ ​ငွေကြေး​​ဖောင်းပွမှုနှုန်း ၇% ကို ​အ​ခြေ​ခံပြီး တွက်ထားတာပါ။

လက်ရှိမှာ ​ဘဏ်တိုးက ၁၀% မရနိုင်​​တော့သလို ငွေကြေး​​ဖောင်းပွမှုနှုန်းကလည်း ၇% ထက်ပိုများ​နေတာ​​ကြောင့် ဒီနည်းလည်း မ​ဟန်​​တော့​ပြန်ပါဘူး။ ​​ရေရှည်မှာ ငွေက လုံးပါးပါးသွားမှာပါပဲ။ ဒါ​ပေ​မဲ့ ၄၀၀ ​နဲ့ မြှောက်​တဲ့နည်းက ၁၄၅ ​နဲ့ မြှောက်​တဲ့နည်းထက်​​တော့ ​ငွေကို ပိုပြီး တာရှည်​ခံ​စေမှာပါ။ ​

လက်ရှိ ၂၀၂၀ မှာ ​ဘဏ်တိုး​တွေနည်းသွား​တဲ့​​အတွက် ဘယ်လိုတွက်ချက်ရမလဲဆိုတာ ရေးထား​တဲ့ "နည်းသွား​တဲ့ ​ဘဏ်တိုး" ကို ဖတ်ပေးပါ။

နည်းသွား​တဲ့ ​ဘဏ်တိုး https://www.facebook.com/fireflypsk/posts/239716490699967/

ဘဏ်တိုး​တွေ ကျပြီး ကုန်ဈေးနှုန်း​တွေ တက်လာရင် ​ဘဏ်တိုး​နဲ့ ထိုင်စား​တဲ့သူ​တွေ​အတွက် ​အဆင်မ​ပြေပါဘူး။

​ဆယ်သက်စားမကုန်အောင် ကျိကျိတက်ချမ်းသာ​တဲ့လူ​တွေ​အတွက်​​လောက်ပဲ အဆင်​ပြေမှာပါ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment