Sunday, September 27, 2020

စုမိတဲ့ ​ငွေ

ကျွန်​တော်က ​​ချွေတာပါ ​ငွေစုပါဆိုပြီး ​အကြိမ်ကြိမ် ​​ရေးခဲ့ပြီးပါပြီ။

​စုမိလာ​တဲ့​အခါ ​စုမိ​တဲ့ ငွေ​​အားလုံးကို အိမ်က ဗီရိုထဲ ​သို့မဟုတ် မီး​ခံသေတ္တာထဲ ထည့်သိမ်းထားတာမျိုးကို ကျွန်​တော် ​အားမ​ပေးပါဘူး။ ​အလွယ်တကူ ယူသုံးမိမယ်။ ​ရန်သူမျိုး ၅ ပါး ဒဏ်​ကြောက်ရမယ်။

ဒီ့ထက်ပို ​ဆိုးတာက Inflation လို့​ခေါ်တဲ့ ကုန်​ဈေးနှုန်းတက်​မှု (​ငွေ​ကြေး ​​ဖောင်းပွမှု) ပါ။ ကုန်​ဈေးနှုန်း​တွေ တက်​တာ​​ကြောင့် ဒီ​နေ့ ​ငွေ တစ်​​ထောင်ဟာ ဟင်းတစ်ပွဲရ​ပေမဲ့ ​နောက်ငါးနှစ်ဆို မရနိုင်​တော့ပါဘူး။ ဒါ​​ကြောင့် ကျွန်​တော်တို့ အိမ်မှာ သိမ်းထားတဲ့ ​ငွေ သိန်း ၁၀၀ ဟာ ​နောက် ၅ နှစ်​နေရင် သိန်း ၁၀၀ က ​ငွေပမာဏ လျော့မသွား​ပေမဲ့ ​ငွေ​တန်ဖိုး၊ ဝယ်နိုင်​အားက ​တော့ လျော့သွားပါမယ်။

လွန်ခဲ့တဲ့ ၅ နှစ်က ​ရွှေ ၁၀ သား ဝယ်နိုင်တဲ့ ​ငွေပမာဏဟာ ခု ဝယ်ရင် ​ရွှေ ၅ ကျပ်သား ​လောက်ပဲရပါ​တော့မယ်။

​အထူးသဖြင့် ​မြန်မာနိုင်​ငံမှာ ​ငွေ​ကြေး​​ဖောင်းပွမှု ​အရမ်းများပါတယ်။ လက်​ထဲမှာ ကိုင်ထားတဲ့ ပိုက်​ဆံဟာ တစ်​ဖြည်း​ဖြည်းနဲ့ ​တန်ဖိုးလျော့​နေပါတယ်။

​မြန်မာနိုင်​ငံရဲ့ ​ငွေ​ကြေး​​ဖောင်းပွမှုနှုန်းဟာ ၂၀၁၉ မှာ ၉% လောက်ရှိပါတယ်။ ​အရှင်းဆုံး​ပြောရရင်၂၀၁၈ မှာ ငွေ ၁၀၀ ​တန်တဲ့ ပစ္စည်းဟာ ၂၀၁၉ မှာ ၁၀၉ ကျပ်ဖြစ်သွားတာ​​ပေါ့။

ရှေ့သုံးလေးနှစ်မှာ မြန်မာနိုင်​ငံရဲ့ နှစ်စဥ် ​ငွေ​ကြေး​​ဖောင်းပွမှုနှုန်းဟာ ၇% ​နဲ့ ၈.၅% ကြားရှိ​နေလိမ့်မယ်လို့ ကမ္ဘာ့​ဘဏ်က ခန့်မှန်းထားပါတယ်။

ကျွန်​တော်ကြားဖူးတဲ့ ပုံပြင်​လေးရှိပါတယ်။ ရွာတစ်ရွာမှာ ချမ်းသာတဲ့ သူ​ဌေးကြီး တစ်​ယောက်ဟာ သူစုထားတဲ့ ​ငွေ​တွေ ဝှက်​ထားတာ သူမ​သေခင်ဘယ်သူ့ကိုမှ မ​ပြောမိ​တော့ ဘယ်မှာမှ ရှာမရပါဘူးတဲ့။

​နောက်ဆုံးလက်​​လျှော့လိုက်တာ ​နောင်နှစ်​​ပေါင်း ​အ​တော်ကြာမှ ခြံထဲမှာ မြှုပ်ထားတာ​တွေကို သူ့​မြေးမြစ်​တွေက ​အိုးလိုက် အိုးလိုက် ​တွေ့ပါသတဲ့။

အိုး​တွေထဲမှာ ​တွေ့တာက သူတို့ထင်ထားသလို ​ရွှေဒင်္ဂါးတွေ လက်​ဝတ်ရတနာ​တွေမဟုတ်ပဲ ​ငွေ​အ​ကြွေ​စေ့​တွေပါတဲ့။ အဲဒီ သူ​ဌေးကြီးခေတ် တုန်းက​တော့ ​တော်​တော်​တန်ဖိုးရှိခဲ့မှာ​ပေါ့။

ခု​တော့ ​ကုန်​ဈေးနှုန်း​တွေ ​အဆမ​တန် မြင့်​နေပြီဆို​တော့ ​အ​ကြွေ​တွေက ဘာမှ မ​တန်​တော့ဘူး။ ​ရှေး​​ဟောင်း ပစ္စည်းဆိုပြီး ​​ရောင်းရ​လောက်​အောင်ကလည်း မ​​ဟောင်း​သေး​တော့ ယူကြုံးမရ ဂွကျသွားတာ​ပေါ့။

အိမ်မှာ ထားတဲ့ ​ငွေဟာ တစ်​ဖြည်း​ဖြည်းနဲ့ ​တန်ဖိုးလျော့လာတတ်တာ​​ကြောင့် အိမ်မှာ ထားမဲ့​အစား လုပ်ငန်းထဲ ​ထည့်တာ၊ ​ဘဏ်တိုးစားတာ၊ ​ရွှေဝယ်ထားတာ၊ အိမ်​ခြံ​မြေ ဆိုင်ခန်း ​ဝယ်ထားတာ၊ စ​တော့ရှယ်ယာ ​ဈေးကွက်​မှာ ရင်းနှီးမြှုပ်​နှံထားတာ စတာ​တွေက အကျိုးပိုများနိုင်ပါတယ်။

​စုမိ​တဲ့ ​ငွေကို ငွေကြေး​​ဖောင်းပွမှု ​အန္တရာယ်က​နေ ကာကွယ်ဖို့ ဘာလုပ်ရမ​လဲ သိချင်ရင်​​တော့ ဒီစာလေးကို ဖတ်ပေးပါ ခင်ဗျာ။ ဖောင်းပွ​အန္တရာယ် ကာကွယ်စို့ https://www.facebook.com/fireflypsk/posts/144065053598445

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment