Sunday, September 27, 2020

ဒေါ်လာစကား ​ပြောမယ်

​​အချို့က ​ဒေါ်လာဝယ်စုကြပါတယ်။ နိုင်​ငံခြား ခရီးသွားရင် သုံးဖို့ ​အဆင်​ပြေသလို၊ ဒေါ်လာ​ဈေးက ​အတက်​များပြီး ​အကျနည်းလို့ ​ရွှေလိုပဲ ဝယ်စုကြတာပါ။

​ဒေါ်လာဝယ် စုတာကလည်း ​​မြန်မာကျပ်​ငွေကို အိမ်မှာ ထားတာထက်​​တော့ သာပါတယ်။ ​အ​မေရိ​ကန် ​ဒေါ်လာ ​ငွေ​ကြေး​​ဖောင်းပွမှုနှုန်းက ​မြန်မာကျပ် ​ငွေ​ကြေး​​ဖောင်းပွမှုနှုန်း​လောက် မများလို့ပါ။

ဒါ​ပေမဲ့ အ​မေရိ​ကန် ​​ဒေါ်လာက​လည်း ဒေါ်လာ ​ငွေ​ကြေး​​ဖောင်းပွမှု​​ကြောင့် ​​ဒေါ်လာကိုင်ထား​တဲ့သူ​တွေ​အတွက် တစ်​ဖြည်း​ဖြည်း​တော့ ရှုံး​နေတတ်ပါတယ်။

ဖောင်းပွအန္တရာယ် ကာကွယ်စို့ https://www.facebook.com/fireflypsk/posts/144065053598445

ပြီး​တော့ ​​​ဒေါ်လာ ​​ရောင်း​ဈေးနဲ့ ဝယ်​ဈေးကွာဟမှုရှိတာ​​ကြောင့် ချက်​ချင်းဝယ်ပြီး ချက်​ချင်း​​​ပြန်​ရောင်းရင် ချက်​ချင်းရှုံးတာ သတိပြု​စေလိုပါတယ်။

​​ဒေါ်လာ​ငွေဟာ ဘဏ်အပ်​ငွေလိုပဲ လိုအပ်လာရင် ​မြန်မာ​ငွေ စက္ကူရ​အောင် ​ပြန်​​ပြောင်းရတာ၊ ​ငွေ​ပြန်​ဖော်ရတာ လွယ်ပါတယ်။ ​ရေ​တိုနဲ့ ​ရေလတ်​အတွက်​ စု​​ဆောင်းထားဖို့မှာ သုံးလို့ရမှာပါ။ ဒါ​ပေမဲ့ ​​​အများ​အားဖြင့် ​ဘဏ်မှာ စာရင်း​သေအပ်တာနဲ့ ​ရွှေစင်တုံး ဝယ်စုတာ​လောက် မကိုက်ပါဘူးလို့ မြင်ပါတယ်။ ​ဘဏ်တိုး​အတက်​အကျ၊ ရွှေ​ဈေး​အတက်​အကျ၊ ​​ဒေါ်လာဈေး ​အတက်​အကျ ​​​​ပေါ်မူတည်တာမို့ ပုံ​သေ​​တော့ ​ပြောလို့မရပါဘူး။

​ရေရှည်​အတွက်​​တော့ ဒီ့ထက်​ပိုစွမ်းတဲ့ ရင်းနှီးမြှုပ်​နှံမှု​တွေ ရှိ​နေပါတယ်။ အိမ်​ခြံ​မြေ၊ ဆိုင်ခန်း၊ စ​တော့ရှယ်ယာ၊ ​ကိုယ်ပိုင် စီးပွား​ရေးလုပ်ငန်း စတာ​တွေပါ။

လက်ရှိ ၂၀၂၀ နှစ်ဦးပိုင်း​မှာ ​​ဒေါ်လာဈေး​တွေ ကျ​နေတာမို့ ​​ဒေါ်လာဝယ်စုချင်ရင် ဝယ်စုသင့်​တဲ့ ​အချိန်​တွေပါပဲ။

ဒေါ်လာဈေးတွေ ကျနေတယ် https://www.facebook.com/fireflypsk/posts/195451368459813/

ဒီလိုဝယ်​တဲ့​အခါ စုထားသမျှ​ငွေ​တွေ​အားလုံးကို ပုံ​အောပြီး ​​ဒေါ်လာဝယ်လိုက်တာကိုလည်း ​အားမပေးပါဘူး။ ဖြန့်ကြက်မြှုပ်​နှံသင့်တာပါ။

ဖြန့်ကြက်မြှုပ်နှံ ဖြည်းဖြည်းမှန် https://www.facebook.com/fireflypsk/posts/127868425218108

​​ဒေါ်လာကို မြို့ကြီး​တွေမှာ ဖွင့်ထား​တဲ့ ​ဘဏ်​တွေ​နဲ့ တရားဝင် ​ငွေလဲဌာန​တွေမှာ ဝယ်လို့​​ ရောင်းလို့ ရပါတယ်။ ​အထူးသဖြင့် ​လေဆိပ်​တွေမှာ ရှိတတ်ပါတယ်။ Money Changer (သို့) Currency Exchangeလို့ ဆိုင်းဘုတ်တပ်ထားတတ်ကြပါတယ်။ ​

ပြန်​​ရောင်း​တဲ့​အခါ ​​​အများ​အားဖြင့် ဒေါ်လာတစ်ရာ​တန် ​အသစ်​တွေက ဈေး​​ကောင်း​ရတတ်ပြီး ​​ဒေါ်လာ​အ​​ဟောင်း​တွေ​နဲ့ ​​​​ငါး​​ဒေါ်လာ၊ ဆယ်​​ဒေါ်လာစ​တဲ့ ​​​​​ဒေါ်လာရွက်​တွေကို​​တော့ ပေါက်ဈေးထက် ဈေးနှိမ်တတ်တာကို သတိပြု​စေလိုပါတယ်။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment