Monday, September 28, 2020

လျှို့ဝှက် ​ငွေ​ကြေး Cryptocurrency

မ​နေ့က ဘိုး​​တော် ပိုးစုန်းကြူး ​အ​​ကြောင်း​ရေးတာ ​မြန်မာနိုင်​ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်း​တွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့​ခေါ်တဲ့ လျှို့ဝှက် ​ငွေ​ကြေး ​ဒစ်ဂျစ်တယ် ​ငွေ​ကြေး အ​​ကြောင်း ကိုပါ တစ်ချက်​ခုတ် နှစ်ချက်​ပြတ် ​ခြေဆင်းပျိုးထားတာပါ။

ဘိုး​​တော် ပိုးစုန်းကြူး https://facebook.com/fireflypsk/posts/133621664642784

လျှို့ဝှက် ​ငွေ​ကြေး ​အ​​ကြောင်းသိ​​ကောင်းစရာ ​ဗဟုသုတ အ​သေးစိတ်ကို​တော့ ​နောက်မှပဲ ​ရေးပါဦးမယ်။ ခု​တော့ ​အဓိက ​​​အလိမ်မ​ခံရ​အောင် ​အရင်​ရေးချင်တာပါ။

ဘစ်ကွိုင် Bitcoin၊ လိုက်ကွိုင် Litecoin၊ အီသာရီ​​ရမ် Ethereum၊ ရစ်ပယ် Ripple စသဖြင့် လျှို့ဝှက် ​ငွေ​ကြေး ဒစ်ဂျစ်တယ် ​ငွေ​ကြေး Cryptocurrency ​တွေ မှာ ရင်းနှီးမြှုပ်​နှံဖို့ ​ပြောလာရင် ​ငွေလုံးဝ မ​ထည့်မိပါ​စေနဲ့ ခင်ဗျာ။ ရဲရဲသာ ငြင်းလိုက်ပါ။

​မြန်မာနိုင်​ငံမှာ ဒီလိုလုပ်​ပေးတဲ့သူ​တွေဟာ လိမ်တာ​တွေ များပါတယ်။ Cryptocurrency, Bitcoin, Litecoin, Ethereum, Ripple စသဖြင့် လူနားမလည်တာ​တွေ ​​ပြောပြီး "အဲဒါကျွမ်းပါတယ်၊ ​ငွေနှစ်ဆမြတ်ပါမယ်" ဘာညာနဲ့ ရွှီးပြီး တစ်ကယ်လည်း ရင်းနှီးမြှုပ်​နှံ​ပေးတာ မဟုတ်ပဲ ​ငွေလိမ်​ပြေးတာမျိုး​တွေပါ။ ဥပမာ ​ပေးရရင် ဘိုး​တော်ပိုးစုန်းကြူးရဲ ့ ဓာတ်လုံး​တွေ​​ဝယ်ဖို့ ​ငွေ​ထည့်ကြပါဆိုပြီး ​ငွေ​တွေ ​လျှောက်​ကောက်ပြီး ​ငွေရတဲ့ ​အခါ ဓာတ်လုံး​​တောင် မဝယ်ပဲ ​ငွေလစ်​ပြေးတာမျိုးပါ။

"မလိမ်ပါဘူး၊ စိတ်ချရတယ်၊ လျှို့ဝှက် ​ငွေ​ကြေး ဒစ်ဂျစ်တယ် ​ငွေ​ကြေး မှာ တစ်ကယ် ရင်းနှီးမြှုပ်​နှံ​ပေးမှာပါ" ဆိုလည်း ​ငွေမ​ထည့်ပါနဲ့ ခင်ဗျာ။ ဘာလို့လဲဆို​တော့ လက်​ရှိ ဝယ်​​ရောင်းလုပ်​နေကြတဲ့ ဒစ်ဂျစ်တယ် ​ငွေ​ကြေး​တွေဟာ ဘိုး​တော် ဓာတ်လုံး​တွေလိုပဲ ​တန်ဖိုးရှိ သ​ယောင်​ယောင်နဲ့ နှစ်ပြား မ​တန်တာ​တွေမို့ပါ။

လျှို့ဝှက် ​ငွေ​ကြေး ဆက်​စပ် သွယ်မှတ် စနစ် Blockchain နည်းပညာဟာ ​အဖိုး​တန်ပါတယ်။ အဲဒီနည်းပညာဟာ ​အွန်လိုင်း ​ငွေ​ကြေး​ပေး​ချေမှု​တွေကို လုံခြုံစိတ်ချရ​အောင် လုပ်​ပေးနိုင်တာမို့ ​အကျိုးရှိ ​တန်ဖိုးရှိပါတယ်။ ဒါ​ပေမဲ့ နည်းပညာ တန်ဖိုးရှိတိုင်း ဒစ်ဂျစ်တယ် ​အ​ကြွေ​စေ့​တွေက ​တန်ဖိုးရှိလှတာ​တော့ မဟုတ်ပါဘူး။ ဥပမာ ​ပေးရရင် ကျားဘန်း ပရုတ်ဆီ ထုတ်လုပ်တဲ့ ​ဖော်မြူလာ နည်းပညာဟာ ​အဖိုး​တန်ပါတယ်။ ​ဒေါ်လာ ကုဋေ​​ပေါင်းများစွာ တန်ပါတယ်။ ဒါ​ပေမဲ့ ကျားဘန်းပရုတ်ဆီ တစ်ဘူးက ဘယ်​လောက်မှ မ​တန်ပါဘူး။ ဒီနှစ်ခုကို ​ရော​ထွေးပြီး ပရုတ်ဆီဘူးကို ​ဒေါ်လာ​​​ထောင်​​သောင်းချီ​ပေးပြီးဝယ်ချင်​နေရင် အဲဒါ ငပိန်းပဲ​ပေါ့။

​နောက်ပိုင်းမှာ ​နိုင်​ငံတစ်ကာ ​ငွေ​ပေး​ချေရာမှာသုံးဖို့ ​ဒေါ်လာ ​အစားထိုး ဒစ်ဂျစ်တယ် ​ငွေ​ကြေး​တွေ ​ပေါ်လာ​တော့မှာပါ။ အဲဒီ ​ငွေ​ကြေး​​တွေရဲ ့​နောက်မှာ ​အ​​ပေါင်တင်ထားတဲ့ တစ်ကယ့် ​​ငွေ​တွေ၊ စာချုပ်​တွေ၊ ​အဖိုး​တန် ပစ္စည်း​တွေ အာမ​ခံ ရှိ​နေရပါမယ်။ ဒါမှပဲ အဲဒီ ဒစ်ဂျစ်တယ် ​ငွေ​ကြေးရဲ ့ ​တန်ဖိုး ​အတက်​​အကျ မကြမ်းပဲ တည်ငြိမ်မှာပါ။ ခုလက်​ရှိ ဒစ်ဂျစ်တယ် ကွိုင် ​အ​ကြွေ​စေ့​တွေက​တော့ ဘိုး​တော် ဓာတ်လုံး​တွေပါ။ ဘိုး​တော် ပိုးစုန်းကြူးက ထုတ်တဲ့ ဓာတ်လုံး​၊ ဘိုး​တော် ​​မျောက်ကြီးကထုတ်တဲ့ ဓာတ်လုံး​၊ ဘိုး​တော် ဆင်ကြီးကထုတ်တဲ့ ဓာတ်လုံး​ စတဲ့ ​အလိမ် ဓာတ်လုံး​​တွေလိုပဲ ဒစ်ဂျစ်တယ် ​ငွေ​ကြေး​တွေ မှိုလို​ပေါက်​နေပါတယ်။

နိုင်​ငံခြားမှာ ဘစ်ကွိုင်ကို ရင်းနှီးမြှုပ်​နှံပြီး တစ်ကယ်​ချမ်းသာသွားတဲ့သူ​တွေ ရှိတယ်လို့ ​​စောဒက တက်​ချင်သူ​တွေလည်း ရှိမှာပါ။ ဟုတ်ကဲ့ ရှိပါတယ်။ သူတို့​တွေဟာ ဘိုး​​တော် ဓာတ်လုံးကို သိန်း ၂၀ နဲ့ ဝယ်ပြီး သိန်း ၈၀၀ နဲ့ ​ပြန်​​ရောင်းလိုက်တဲ့ သူ​တွေနဲ့ ​အတူတူပါပဲ။ ​အဆ ၄၀ မြတ်ပါတယ်။ ဒါ​ပေမဲ့ သူတို့မြတ်တာ မသမာသူ​တွေ ​ဈေးကစားတာကို ​မျှောလိုက်ပြီး မြတ်တာပါ။ သူများ​တွေရဲ ့​ငွေ​တွေ ဘဝ​တွေကို စ​တေးပြီး မြတ်တာပါ။ ကိုယ့်ထက်​ ပိုပိန်းတဲ့သူ​တွေကို နှပ်ချပြီး မြတ်တာပါ။ သူတို့ကသာ ​အဆ ၄၀ မြတ်လို့ ​ပျော်​နေတာ၊ ဟိုမှာ သိန်း ၈၀၀ နဲ့ ဝယ်ထားတဲ့ ဓာတ်လုံးကို ဝယ်မဲ့ သူ​ဌေး​ပေါ်မလာလို့ ပိုက်​ဘောမိပြီး တစ်ငိုငို တစ်ရယ်ရယ် ဖြစ်​နေပြီ။ ပဋာ​မြေလူး ရူး​တော့မယ်။

ဒစ်ဂျစ်တယ် ​ငွေ​ကြေး​တွေဟာ ​အ​ရေ​အတွက်​ ​အကန့်​အသက်​ရှိလို့ ​နောက်ပိုင်း ​ဈေးတက်​ဦးမှာဆိုပဲ။ ဘိုး​တော် ဓာတ်လုံးလည်း ၉၉၉ လုံး ကန့်သတ် ထားတာ​လေ။

ကိုယ့်ကိုယ်ကို လည်လှပြီထင်လို့ ဒစ်ဂျစ်တယ် ​ငွေ​ကြေးမှာ ​ငွေ​ထည့်မယ်၊ မြတ်ရင် ရပ်မယ်ဆိုတဲ့ သူ​တွေကို ​ပြောချင်တာက နယူ​တန်​​​တောင် ​ခံလိုက်ရတယ် ဆိုတာပါပဲ။ လည်လွန်းတဲ့ဘီး ​ချေးသင့်တတ်ပါတယ်။

အလိမ်​ခံရတဲ့ နယူ​​​တန် https://www.facebook.com/fireflypsk/posts/133346308003653

ဒစ်ဂျစ်တယ် ​ငွေ​ကြေး​တွေရဲ ့ ​​ခေါင်း​ဆောင်ကြီး ဘစ်ကွိုင်ဟာ မသမာ ​ဈေးကစားသူ​တွေရဲ ့လက်​ချက်​နဲ့​ရော ​လောဘတက်​​နေတဲ့ လူ​တွေ​​ကြောင့်ပါ ​ဈေးက ​အတက်​ကြမ်း​အကျကြမ်း​နေပါတယ်။

၂၀၁ရ နှစ်စ မှာ တစ်ခုကို ဒေါ်လာ​​တစ်​​ထောင်တောင် မ​တန်ခဲ့တဲ့ ဘစ်ကွိုင် Bitcoin ဟာ ၂၀၁ရ နှစ်ကုန်ပိုင်း တစ်နှစ်​အတွင်းမှာ ​ဒေါ်လာ နှစ်​​သောင်းနီးပါးထိ ​ဈေးတက်​ခဲ့ပါတယ်။ (၂၀၀၉ ခုနှစ် စ ​ပေါ်တုန်းက ပြားဂဏန်းပဲ တန်ပါတယ်။) အဲဒီက​နေ ပူ​​ဖောင်း​ပေါက်ပြီး ၂၀၁၈ ​အကုန်မှာ ​ဒေါ်လာ သုံး​​ထောင်​ကျော်ထိ ထိုးကျသွားရာက​​နေ ခုဆို ​ဒေါ်လာ ရှစ်​​ထောင်​ဈေး​လောက်​ ​ပြန်ပေါက်​နေပါတယ်။ ​နောက်ကွယ်က လက်​မည်းကြီး​တွေ ရှို​နေပါတယ်။ အဲဒါကို သွားစမ်းမိတဲ့သူ​တွေ ​ခံရမှာ မြင်​ယောင်ပါ​သေးတယ်။ မလုပ်ကြပါနဲ့။

ဒီလို​ပြောတတ်လွန်းလို့ ​အချို ့ကလည်း ကျွန်​တော့်ကို ​အပြုသ​ဘောမမြင်ပဲ ​အပျက်​သ​ဘောပဲမြင်တဲ့ ​အဆိုးမြင်ဝါဒီသမားလို့ ​ဝေ​ဖန်ကြပါတယ်။ ကျွန်​တော်က တစ်ဖက်​သတ်ကြီး ​အဆိုးမြင်တာမဟုတ်ပဲ နှစ်ဖက်​လုံးကို ခြုံငုံ ကြည့်လိုက်​တော့ ​အ​​ကောင်း​တွေထက်​ ​အဆိုး​တွေ ပိုများ​နေတာ​​တွေ ့တဲ့​အခါ ​ဝေ​ဖန်​ထောက်ပြတာပါ။ ​​ကောင်းရင် ​​ကောင်းတယ်လို့ ​ပြောမှာပါ။

ဪ ​မေ့​နေလိုက်တာ။ ဘိုး​တော် ပိုးစုန်းကြူး ကိစ္စ။ ဒီလိုနဲ့ နိုင်​ငံခြားက သူ​ဌေးက သုံးလလည်း ​ပေါ်မလာ၊ ​လေးလလည်း ​ပေါ်မလာဆို​တော့ ဝယ်ထားတဲ့သူ​တွေ စိုးရိမ်ပြီး ဘိုး​တော်ဆီသွားကြပါတယ်။

ဝိုင်းရိုက်မလို့ လို့ထင်လို့လား။ ​မဟုတ်ဘူးဗျ။ အဟဲ။

​အလိမ်​ခံရတဲ့လူ​တွေခမြာ ခုချိန်ထိ ဘိုး​တော်နဲ့ သူ​ဌေး​တွေ ပူး​​ပေါင်းပြီး ​ကြံကြတယ်ဆိုတာ မရိပ်မိ​သေးဘူး။ ဘိုး​တော်က ဓာတ်လုံးတွ ​အလကား​ပေးထားတာ​လေ။ ကြည်ညို​နေဆဲ​ပေါ့။ "ဘိုး​တော်ပိုးစုန်းကြူး" စာ​အောက်မှာ မှတ်ချက်​လာ​ရေးတဲ့ သူ​တွေလို ဗဟုသုတ မကြွယ်ကြဘူး​လေ။ ​

ဘိုး​တော်ကို ​အပူကပ်တယ်။ ဘယ်လို လုပ်ရမလဲ​ ​ပေါ့။ ကူပါ ကယ်ပါ ​ပေါ့။ ဘိုး​တော်က ဒီကိစ္စကို ရှန်ဂရီလာမှာ ​အထက်​ပုဂ္ဂိုလ်​တွေနဲ့ တိုင်ပင်ဖို့ သွားရမယ်ဆိုပြီး ခရီးစရိတ် ​အလှူထပ်​ခံပါသတဲ့။ သိန်း ၈၀၀ ​​တောင်ရင်းထားပြီးပြီ။ ​နောက်ထပ် ၁၀ သိန်း​လောက်ထပ်လှူရတာ ဘာ ​အ​ရေးလဲ​ပေါ့ ဆိုပြီး ထပ်လှုကြ​ပြန်​ရော။ ဘိုး​တော်က နိုင်​ငံခြားက ​ကြယ် ၅ ပွင့် ရှန်ဂရီလာ ​ဟော်တယ်မှာ နှပ်ပြီ​လေ။

ဘိုး​တော်နဲ့ ​အ​​ပေါင်း​အပါ​တွေ ​ရှန်ဂရီလာက ​အ​ပြန်ကို ပြည်သူ​တွေ ​မျှော်​ပေမဲ့ ​​ပေါ်မလာ။ ​နောက်​တော့ ​ရွှေထူးရဲ ့"​ပြန်မလာတာ လမ်းမသိလို့" ဆိုတဲ့ သီချင်း​ပေါ်လာ​ရော။ ဘိုး​တော် ​အဆင်​ပြေပါ​စေလို့ ခုချိန်ထိ ဆု​​တောင်း​ပေး​နေကြတဲ့သူ​တွေကလည်း ဒုနဲ့​ဒေး။

​နောက် သုံးလ​ကျော် ​အကြာမှာ​တော့ ​မြန်မာနိုင်​ငံ ​အနှံ့မှာ ဓား​ဒဏ်ရာ၊ ​သေနတ်​ဒဏ်ရာ​တွေနဲ့ ​ဆေးရုံ​ရောက်လာတဲ့သူ​တွေ များလာသတဲ့။ စုံစမ်းကြည့်​တော့ ၉၉ ရက်​ကြာ ၉ ပါး သီလ ​​စောင့်ပြီး ဓာတ်လုံး စွမ်းမစွမ်းကို စမ်းကြည့်ကြတာဆိုပဲ။ တိန်။ ​အေးပါကွာ။ ယုံရက်​လိုက်ကြတာ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...