Saturday, October 31, 2020

အကြွေးမကင်း​တဲ့ သူဌေးမင်း

ကျွန်​​တော်က ​​​ငွေကို ​ချွေတာပြီး တတ်နိုင်သမျှ ကြိုတင်စု​​ဆောင်းထားဖို့၊ ချေးငှါးပြီး ​နေထိုင်စားသောက်တာမျိုးမလုပ်​ဖို့၊ ​ကြွေး​သံသရာထဲရောက်သွားတာဟာ ငရဲကျသလိုမို့ ​အတတ်နိုင်ဆုံး ​​ရှောင်ရှားကြဖို့ ရေး​​တော့ ​စောဒကတက်ကြ​တဲ့ စကားတစ်ခွန်းက "​​ကောင်း​တဲ့​ အကြွေး​တွေလည်း ရှိပါတယ်။ သူဌေး​တွေလည်း ​အကြွေးမကင်းပါဘူး" ​တဲ့။

မမှား​တဲ့ ​စကားပါ။ ဒါ​ပေ​မဲ့ ဒီစကားကို နားလည်မှုလွဲရင် ဒုက္ခရောက်တတ်တာ​​ကြောင့် နည်းနည်းရှင်းပြပါရ​စေ။

​အကြွေးဆိုတာ မီးလိုပါပဲ။ သုံးတတ်ရင် ​အကျိုးရှိပြီး မသုံးတတ်ရင် ​အန္တရာယ်ရှိပါတယ်။

သူဌေး​တွေ အကြွေးရှိတယ်ဆိုတာ စီးပွားရေးလုပ်ငန်း တိုး​ချဲ့ဖို့ ချေးယူထားကြတာပါ။ ​​အကျိုး​စီးပွား တိုးတက်ဖို့ ချေး​ငွေကို ​အသုံးချပြီး ​အမြတ်များ​တဲ့ စီးပွားရေးလုပ်ငန်း​တွေကို လုပ်ကြတာပါ။ ​​ကောင်း​တဲ့​အကြွေးဆိုတာ ဒါမျိုးပါ။

အကြွေးမကင်းဘူး ဆို​ပေ​မဲ့ ဝင်-ထွက်-ပိုင်-ကြွေး-ကြွယ် သ​ဘောတရား​အရ သူတို့​ရဲ့ ပိုင်ဆိုင်မှု​တန်ဖိုးဟာ ​အကြွေး​တွေထက် ​အဆ​​ပေါင်းများစွာ များ​နေတာမျိုးပါ။

​အကြွေးမကင်း​ပေ​မဲ့ ​သူတို့​ရဲ့ အသားတင်ကြွယ်ဝချမ်းသာမှုက တစ်သက်စားမကုန်လို့ သူဌေးမင်း​တွေ ဖြစ်​နေကြတုန်းပါ။

ချေး​ငွေကိုလည်း ​အလွယ်ယူကြတာ မဟုတ်ပါဘူး။ ရပ်ကွက်ထဲမှာ ယူသလို ​အတိုးကြီးကြီး​နဲ့ ယူကြတာ မဟုတ်ပါဘူး။ ​​​အတိုးသက်သက်သာသာ​နဲ့ ချေးယူကြတာပါ။

ပြီး​​တော့ ချေး​ပေးတဲ့ ​ဘဏ်​တွေ ​အ​ဖွဲ့​အစည်း​တွေကလည်း သူတို့ကို ​အလွယ်ချေးပေးလိုက်ကြတာ မဟုတ်ပါဘူး။ ဘာ​​ကြောင့်ချေးချင်တယ်၊ ဘာလုပ်ငန်းလုပ်မယ်၊ ​အကျိုး​အမြတ် ခန့်မှန်း​ခြေ ဘယ်လောက်ရှိမယ်၊ ချေးထား​တဲ့​ငွေကို ဘယ်​အချိန်မှာ ​အ​ပြည့်​ပြန်ဆပ်နိုင်မယ် စသဖြင့် ​သေချာ စီ​မံကိန်း ချပြရတာပါ။ ​

မ​ရေရာ မ​သေချာ​နဲ့ ဆုံးရှုံးနိုင်​ခြေများ​တဲ့ လုပ်ငန်းမျိုး​အတွက်ဆို ​ဘဏ်​တွေ အ​ဖွဲ့​အစည်း​တွေက ​ငွေမချေးပေးချင်ပါဘူး။

ပြီး​​တော့ အကြွေး​တွေ​ပြန်မဆပ်နိုင်ရင် ​ပြန်သိမ်းဖို့ အာမ​ခံ ပိုင်ဆိုင်မှု ပစ္စည်း​တွေ ​အ​​ပေါင်သ​ဘောမျိုး ​(အများ​အားဖြင့်) ထားပေးရပါတယ်။

ဒီ​​တော့ ​ထပ်​ပြောပါရ​စေ။ သူဌေး​တွေ ​ငွေချေးတာ သူတို့မှာ ​ငွေမရှိလို့ မဟုတ်ပါဘူး။ ​တင်​နေ​တဲ့​အကြွေး​တွေထက် ​အဆ​​ပေါင်းများစွာ ပိုချမ်းသာကြပါတယ်။ ပြီး​​တော့ ​​အတိုး​တွေကလည်း သက်သက်သာသာ ​​အတိုး​တွေပါ။ ​ချေးယူတာကလည်း ပေး​နေရ​တဲ့ ​အတိုးထက် ​အဆ​​ပေါင်းများစွာ ​အမြတ်​ကျန်နိုင်​တဲ့ လုပ်ငန်းမျိုး လုပ်ဖို့ ​သေချာ ပြင်ဆင်စီ​မံတွက်ချက်ပြီးမှ ချေးတာပါ။ ​အ​ခြေ​ခံ စားဝတ်​နေရေး​အတွက်၊ ကြွားလုံးထုတ်ဖို့ ဝယ်​တဲ့ ပစ္စည်း​တွေ​အတွက် ချေးယူ​နေကြတာ မဟုတ်ပါဘူး။

ကဲ ​အကြွေးမကင်း​တဲ့ သူဌေး​မင်းတွေကို ​အားကျပြီး တစ်လွဲ​ဆံပင်​​ကောင်းပြီး လိုက်လုပ်​တဲ့သူ​တွေကို ကြည့်ပါဦး။

"သူဌေး​တွေလည်း ​အကြွေးမကင်းပါဘူး။ ဒီ​​တော့ ကျွန်​​တော်လည်း ​အကြွေး​နဲ့ ဖုန်း​အသစ်​​လေး ဝယ်လိုက်တယ်​လေ။"

ဟုတ်​ကဲ့ မွဲဆေး​​ဖော်​နေတာပါ။

"​အကြွေးဆိုတာ လူ​နဲ့​တည့်တယ်။ ဒါ့​​ကြောင့် ကြွားဖို့ အိမ်မှာစီးဖို့ ကားသစ်တစ်စီး ​အကြွေး​နဲ့ ဝယ်ထားလိုက်တယ်​လေ။"

"​အကြွေးကို ကြောက်​နေလို့မဖြစ်ဘူး။ ​အင်္ကျီ​အသစ်လေး​တွေ ခုယူ စပါး​​ပေါ်မှပေး စနစ်​နဲ့ ​အကြွေးဝယ်ထားလိုက်တယ်​လေ။"

​ဟုတ်​ကဲ့ ​အကြွေး​နဲ့ရရင် ဆင်ပါဝယ်မယ့်လူစားမျိုးပါ။

"စွန့်စားမှ ကြီးပွားမယ်။ ​အကြွေးကို ​အသုံးချပြီး ကြီးပွါးအောင်လုပ်ရမယ်။ ​ဘဏ်​တွေကလည်း ​ငွေမချေးပေး​​တော့ ရပ်ကွက်ထဲက​နေ ၂၀ တိုး​နဲ့ ချေးပြီး လုပ်ငန်းလုပ်မယ်။"

ဟုတ်​ကဲ့ ​​လုပ်ငန်းက ထင်သလောက်​အဆင်မ​ပြေ​တဲ့​အခါ ကြွေး​နွံနစ်ရဦးမယ်။ ခုလို ကိုဗစ်ကာလမှာ တိုင်ပတ်ပြီ။ စီးပွါးရေးပန္နက် (Business Plan) ကို ​သေချာဆွဲပြီး ရလာနိုင်​တဲ့ ​အကျိုး​အမြတ်က ​ပေးရ​တဲ့​အတိုး​နဲ့ ကိုက်မကိုက် တွက်ကြည့်ကြပါဦးခင်ဗျာ။

"​အကြွေးဆိုတာ ​အကြွေး​​ကောင်း​တွေလည်း ရှိပါတယ်။ ကျွန်မဆို ၂၀ တိုး​နဲ့ ချေးယူပြီး ရပ်ကွက်ထဲမှာ၂၅ ကျပ်တိုး​နဲ့ ​တစ်ဆင့်ပြန်ပြီး ​အတိုးပေးစားတယ်​လေ။"

ရပ်ကွက်ထဲမှာ ​ဒီလောက် အတိုးကြီးကြီး​နဲ့ ချေးပေးလိုက်​တဲ့​အခါ အတိုးပုံ​မှန်​ပြန်ပေး​တဲ့သူက ရှားပြီး ထွက်ပြေး​တဲ့သူက များပါတယ်။ သူတို့ထွက်ပြေး​​တော့ ကိုယ်က စိုက်ဆပ်ရပြီး ဘဝပျက်ဦးမယ်။ ကိုယ်ပါထွက်ပြေးရမယ့် ​အ​ခြေ​အ​နေဖြစ်ရဦးမယ်။

ဒီ​​တော့ သူဌေး​တွေ​အကြွေးမကင်းတာကို သွား​အားကျမ​နေကြပါ​နဲ့။ ​သူတို့ချေးတာ​နဲ့ ကိုယ်ချေးတာ​ ရည်ရွယ်ချက်၊ အတိုးရာခိုင်နှုန်း၊ ​​ငွေချေးလိုက်လို့ ရလာနိုင်​တဲ့ အကျိုး​အမြတ်ရာခိုင်နှုန်း မတူပါဘူး။

​မဖြစ်မ​နေ ​ငွေချေးရ​​တော့မယ်ဆိုရင်​​တောင် ​အတိုးနှုန်းသက်သာ​တဲ့ ​နေရာမှာချေးပါ။ ချေး​ငွေကို ရင်းပြီး လုပ်​တဲ့ စီးပွားရေး​လုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်တွက်ချက်ပါ။ တွက်ကြည့်လို့ ​အမြတ်ရနိုင်​ခြေနည်းရင် ​ငွေမချေးပါ​နဲ့ဦး။ ပိုကိုက်​တဲ့ နောက်လုပ်ငန်းတစ်ခု စဥ်းစားပါ။ ​ငွေ​အများကြီး ချေးစရာမလိုအောင် ​ငွေရှိ​တဲ့သူ​တွေ​နဲ့ ရှယ်ယာသ​ဘော ​​ပေါင်းလုပ်ပါ။

​အကြွေးဆိုတာ မီးပါ။ မီးကို နိုင်အောင်ထိန်းပါ။ မထိန်းနိုင်ရင် ပြာကျသွားမယ်။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


ငွေလာချေး​တဲ့​အခါ

​​ချွေတာစု​​ဆောင်းရင်း ​ငွေလေးစုမိပြီး ​​ချောင်လည်လာ​တဲ့​အခါ ကြုံ​​တွေ့ရ​တဲ့ ပြဿနာတစ်ခုက ​ကိုယ့်ဆီ ငွေလာချေးကြ​တဲ့ ကိစ္စပါ။ ​အားနာပြီး ​ငွေချေးလိုက်မိတယ်။ ပြီးရင် ​​ပေးထား​တဲ့ ကတိ​အတိုင်း လာမဆပ်ကြ​​တော့ တောင်းရမှာ ထပ်ပြီး ​အားနာ​နေမိ​ပြန်​ရော။ ​အားမနာ ပါးမနာ ​ပြန်​​တောင်း​တဲ့​အခါမှာလည်း ​အချင်းချင်း ​အမုန်းပွားစရာ​တွေ ဖြစ်လာတတ်ပါတယ်။ "ကြွေးယူပြုံးပြုံး ​​တောင်း​​တော့မုန်း" ဆိုသလို​​ပေါ့။

​ငွေလာချေး​တဲ့ကြသူ​တွေထဲမှာ ကတိတည်ပြီး ​သေချာ​ပြန်ဆပ်​တဲ့သူ​တွေလည်း​ ​အများကြီးရှိပါတယ်။ ဒါ​ပေ​မဲ့ ကိုယ်က ​အတိုးမယူပဲ ​စေတနာ​နဲ့ ချေးတာ ဆိုပါစို့။ မိတ်​ဆွေ ၅ ယောက်ကို တစ်ယောက်ကို ​ငွေ တစ်သိန်းစီ ချေးပေးလိုက်တယ်။ ၄ ယောက်က ကတိတည်တယ်။ ​ပြန်ဆပ်တယ်။ ၁ ယောက်က ကတိမတည်လို့ ​ငွေဆုံးတယ်။ ဒါဆိုရင် ​​ငွေ တစ်သိန်း ဆုံးပြီ။ စိတ်ဆိုးလို့ မ​​ခေါ်မ​ပြော​ပြန်ရင်လည်း မိတ်​ဆွေတစ်ယောက် ဆုံးပြီ။

ကတိတည်လှပါတယ်ဆို​တဲ့ မိတ်​ဆွေ​တွေ​​တောင် တစ်ကယ်ကြပ်တည်း​နေ​တဲ့​အခါ ကတိပျက်တတ်ကြပါတယ်။ ​ငွေချေးပေးလိုက်​တဲ့​အခါ ငွေ​ကိုရော မိတ်​ဆွေကိုပါ ဆုံးရှုံးဖို့ များပါတယ်။ ​

​ဒီ​​တော့ ငွေလာချေး​ကြတဲ့​အခါ ငြင်းပုံငြင်းနည်းလေး​တွေ ​ပြောပြပါရ​စေ။ မုသား​ပြောရာလည်း မရောက်အောင် ကိုယ့်ဘဝ​အ​ခြေ​အ​နေ​နဲ့ သင့်​​တော်​တဲ့ ငြင်းနည်းကို ယူသုံးပါခင်ဗျာ။

(၁) ​​ငွေချေးပေးလိုက်မိတာ ​ပြန်မရပဲ ဆုံးတာ​တွေများလို့ ​ငွေချေးပေးတာကို လုံးဝ ထပ်မလုပ်​​တော့​တဲ့​အ​​ကြောင်း ​ပြောပါ။ ​ငွေ ဆုံးတာများလွန်းလို့ မိဘ၊ ဇနီး (သို့) ခင်ပွန်းက ​ငွေထပ်မချေးဖို့ တားမြစ်ထားတယ် လို့​ ပြောလည်းရပါတယ်။ ​ငွေချေးလိုက်တာဟာ ​​နောင်တစ်ချိန်မှာ မိတ်​ဆွေ​အချင်းချင်း၊ ​ဆွေမျိုး​အချင်းချင်း ​အမုန်ပွားစရာ​တွေဖြစ်တတ်​တဲ့​အတွက် ​ငွေချေး​တဲ့​အလုပ်ကို မလုပ်​​တော့ ​​ကြောင်း ​ပြောလို့လည်း ရပါတယ်။ ခုနောက်ပိုင်း ဘယ်သူ​လာချေးချေး ငြင်းလွှတ်တယ်လို့ ​ပြောပါ။

(၂) ​ငွေ​တွေ လုပ်ငန်းထဲ မြုပ်​နေလို့ လက်ထဲမှာ ငွေမရှိ​​ကြောင်း​ပြောပြီး ငြင်းလည်းရပါတယ်။ ဒါမှ မဟုတ်လည်း ကိုယ်ကြုံ​​တွေ့​နေရ​တဲ့ ​ငွေရေး​ကြေးရေး ပြဿနာ​တွေ ​အ​​ကြောင်း ငိုချင်းချပြီး ငြင်းလည်းရပါတယ်။

(၃) ​​မိမိ ​ငွေမကိုင်​​ကြောင်း၊ သုံးဖို့ စွဲဖို့ ​ငွေနည်းနည်းပဲ လက်ထဲမှာ ရှိ​​ကြောင်း၊ ​ငွေကို မိဘ၊ ဇနီး (သို့) ခင်ပွန်း ကသာ ကိုင်​​ကြောင်း ​ပြောပြီး ငြင်းလို့လည်း ရပါတယ်။

(၄) လာချေး​တဲ့သူဟာ ​အရင်က ချေးထားဖူးပြီး ​ပြန်မဆပ်ဖူး​တဲ့သူဆိုရင် ငြင်းရပိုလွယ်ပါတယ်။ ​အရင်က ​အကြွေးကို ​ပြန်ဆပ်ဖို့ ပြောလိုက်ပါ။ ​အကြွေး​​ဟောင်း မ​ကျေမချင်း ထပ်မချေးပေးနိုင်ဘူးလို့ ​ပြောပါ။

(၅) ​အလိမ်​​ဖော်ပြီး ငြင်းပါ။ လိမ်လည်ပြီး လာချေးတတ်​တဲ့သူ​တွေရှိပါတယ်။ ဥပမာ ​အ​မေဆေးရုံတတ်ရလို့ ဆိုပြီး လိမ်တာမျိုးပါ။ ဒါမျိုးဆိုရင် နောက်​​ကြောင်းကို စုံစမ်းဖို့လိုပါတယ်။ သူ​ပြော​နေတာ​တွေဟာ ​အ​မှန်​တွေ ဟုတ်မဟုတ် တစ်နည်းနည်း​နဲ့ စုံစမ်းပါ။ ဖုန်း​နံပါတ်ရှိရင် ဖုန်းဆက်ကြည့်လိုက်ပါ။ ဆေးရုံကို လိုက်သွားပါ။ လိမ်​နေတာဆိုရင် ငြင်းလို့ရပါပြီ။ ဒီ​​တော့ ​ငွေမချေးခင် ဘာလို့​ငွေချေးချင်တာ​လဲ မေးပါ။ လိမ်​နေတာ ဟုတ်မဟုတ် စုံစမ်းပါ။

ဒါ​ပေ​မဲ့ ငြင်းလို့​ မ​​ကောင်း​တဲ့ ​အ​ခြေ​အ​နေ​တွေလည်း ရှိပါတယ်။ ဥပမာ ကိုယ့်​အ​​ပေါ် ကျေးဇူးရှိထားဖူးသူ​တွေ၊ ​အ​မှန်တကယ် ဒုက္ခရောက်​နေသူ​တွေ​​ပေါ့။ ဒီလို လူမျိုး​တွေ​အတွက်​​တော့ ကူညီဖို့ နည်း နှစ်နည်းရှိပါတယ်။

(က) ငွေချေးပေးလိုက်မိတာ ​ပြန်မရပဲ ဆုံးတာ​တွေများလို့ ​ခုနောက်ပိုင်း ​ငွေမချေး​​တော့ပဲ တတ်နိုင်သလောက် ကူညီဖြစ်​​ကြောင်း ​ပြောပါ။ သူ​​တောင်းသလောက် ချေးစရာမလိုပဲ ကိုယ်တတ်နိုင်​တဲ့ ​ငွေပမာဏတစ်ခုကို လှူဒါန်းကူညီ ကုသိုလ်ယူလိုက်ပါ။ ဒုက္ခရောက်​နေ​တဲ့​အချိန်မှာ ကူညီပေးတာဟာ မိတ်​ဆွေ​​ကောင်း၊ ​ဆွေမျိုး​​ကောင်းတစ်ယောက်​ရဲ့ လုပ်ရပ်မို့ တတ်နိုင်သလောက် ကူညီတတ်တာ ​​ကောင်းပါတယ်။ ​

(ခ) ကိုယ်အဆုံးရှုံး​ခံနိုင်​တဲ့ ပမာဏတစ်ခုကို ချေးပေးလိုက်ပါ။ (​ပြန်မရလည်း စိတ်မညစ်ရ​တဲ့ ​ငွေပမာဏ တစ်ခု​​ပေါ့။) ​အ​​ပေါ်မှာ ​ပြောထား​တဲ့ ငြင်းပုံငြင်းနည်း (၅) ချက်ထဲက ကိုယ်​နဲ့သင့်​​တော်ရာ တစ်ချက်ချက်​နဲ့ အ​​ကြောင်းပြပြီး ငွေနည်းနည်း ထုတ်ချေးလိုက်ပါ။

ချေး​တဲ့​ငွေ နည်းလို့ မယူဘူးဆိုရင်လည်း သူ့သ​ဘောပါပဲ။ ဒီလူဟာ ဒီ​ငွေကို ​ပြန်မဆပ်နိုင်မချင်း ကိုယ့်ဆီက နောက်ထပ် ထပ်မချေး​ရဲ​​တော့ဖို့ များပါတယ်။ ​အရင်ကချေးထားတာကို ​ပြန်မဆပ်ပဲ မျက်နှာ​​ပြောင်တိုက်ပြီး လာထပ်ချေးရင်​​တော့ ​အရင်က ​အကြွေး​​ဟောင်း​အ​​ကြောင်း ​အစ​​ဖော်ပြီး ငြင်းလို့ရပါပြီ။

မိတ်​ဆွေ​အ​​ပေါင်း​အသင်း​တွေက ​အတိုး​နဲ့ ​ငွေချေးချင်​တဲ့​အခါမှာ​​တော့ ငြင်းရခက်ပါပြီ။ ​အတိုးလေးကလည်း လိုချင်တာကိုး။ ​လောဘ​တွေပါလာပြီ။ ​မဆင်မခြင် ငွေချေးမိရင် ဆုံးဖို့ များပါတယ်။ မဆုံးသင့်တာ မဆုံးရအောင် ​အတိုး​နဲ့ ​ငွေမချေးပေးခင် သိထားသင့်​တဲ့​ အ​​ကြောင်း​အရာလေး​တွေကို ရေးပေးပါဦးမယ်ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


အကြွေးထူ​တဲ့ သီရိလင်္ကာ

ဝင်​ငွေထက် ထွက်​ငွေက များ​တဲ့​အခါ ​အကြွေးတင်လာတတ်ပါတယ်။ ​အကြွေးနည်းနည်းလေးက​နေ ​အတိုး​တွေတက်၊ ဝင်​ငွေ​နဲ့ထွက်​ငွေမမျှလို့ ​ငွေ ထပ်လို၊ ထပ်လိုလို့ ထပ်ချေး​နဲ့ ကြွေး​သံသရာထဲ ရောက်သွားရင် ​ပြန်ထွက်ရခက်ပါတယ်။ နောက်ဆုံးမှာ ကိုယ်ပိုင်ဆိုင်​တဲ့ စည်းစိမ်ဥစ္စာ​တွေကို ​အောက်ဈေး​နဲ့ ထိုး​​ရောင်းပြီး ​အကြွေးပူ​တွေကို ဆပ်ရ​တဲ့ထိ ဖြစ်တတ်ပါတယ်။

ဒီလိုဘဝမျိုး ရောက်​ခဲ့ရ​တဲ့ နိုင်​ငံက​​တော့ သီရိလင်္ကာ နိုင်​ငံပါပဲ။

သီရိလင်္ကာနိုင်​ငံဟာ ​မြန်မာပြည်သား​တွေ​နဲ့ မစိမ်းလှပါဘူး။ ​ထေရဝါဒ​အထွန်းကားဆုံး နိုင်​ငံ ၅ နိုင်​ငံထဲက တစ်နိုင်​ငံဖြစ်ပြီး ​မြန်မာနိုင်​ငံ​ရဲ့ ဗုဒ္ဓစာ​ပေ​တွေမှာ သီရိလင်္ကာနိုင်​ငံ​ရဲ့ လွှမ်းမိုးမှု​တွေ မကင်းပါဘူး။

သီရိလင်္ကာနိုင်​ငံဟာ ​နိုင်​ငံ​​တော်​အသုံးစရိတ်က နိုင်​ငံ​​တော်ဝင်​ငွေထက်များလို့ နိုင်​ငံတကာက ချေး​ငွေ​တွေယူရင်း ​အကြွေးထူပါတယ်။

ဒီလို​​အကြွေးထူ​နေ​တဲ့ကြားက တရုတ်နိုင်​ငံက ချေး​ငွေချေးပေးမယ်ဆိုလို့ လွယ်လွယ်ရတာ​နဲ့ ​​ဟမ်ဘန်တိုတာ​ဒေသမှာ ပင်လယ်​ရေနက် ဆိပ်ကမ်းတစ်ခု​နဲ့ ​လေယာဉ်ကွင်းတစ်ခုကို ဆောက်လုပ်​ခဲ့ပါတယ်။ တရုတ်နိုင်​ငံက ချေး​ငွေ​တွေဟာ ​အများ​အားဖြင့် နိုင်​ငံတကာက ချေး​ငွေ​တွေထက် ပိုပြီး ​အတိုးများ​​လေ့ရှိပါတယ်။

တရုတ်နိုင်​​ငံ​ရဲ့ "ခါးပတ်တစ်ခု လမ်းတစ်ခု စီ​မံကိန်း"ဟာ ကမ္ဘာ့​အချက်​အချာကျ​တဲ့ ​နေရာ​ဒေသ​တွေမှာ လိုအပ်​တဲ့ ​အ​ခြေ​ခံ ​အဆောက်​အဦး၊ လမ်း​တံတား၊ ဆိပ်ကမ်း​တွေကို ​ဖွံ့ဖြိုးအောင် ကူညီပေးပြီး တရုတ်နိုင်​ငံ​ရဲ့ ကုန်သွယ်ရေးလမ်း​​ကြောင်း​တွေကို တိုး​ချဲ့ဖို့ ရည်ရွယ်​တဲ့ စီ​မံကိန်းပါ။

သီရိလင်္ကာနိုင်​ငံဟာ ဒီ​အကြွေး​တွေ မယူခင်ကတည်းက နိုင်​ငံတကာ​အကြွေး​တွေ​နဲ့ ​​ခေါင်းစား​နေ​ခဲ့ရတာပါ။ ​​အကြွေး​တွေ ထပ်မယူခင် ​ရေရှည်​ပြန်ဆပ်နိုင်ပါ့မလားလို့ ​သေချာ စဥ်းစား​ခဲ့သင့်တာပါ။

"အစိုးရဖြစ်​နေတုန်း အာဏာရှိတုန်း ချေး​ထည့်လိုက်မယ်။ သုံးပစ်လိုက်မယ်။ ​​​အကြွေးပြဿနာကို နောင်ခါလာ ​​နောင်ခါဈေး နောင်တက်​လာ​တဲ့​အစိုးရ ​ဖြေရှင်းလိမ့်မယ်​​" ဆို​တဲ့​အတွေးဟာ စက်ဆုပ်စရာ ​အတွေးပါ။ ​အနာဂတ်က​နေ ချေးသုံး​နေတာပါ။ ဘယ်သူ​တွေ ​ပြန်ဆပ်ရမှာလဲ။ တိုင်းပြည်​ရဲ့ ​အနာဂတ်က လူငယ်​တွေပါ။ သနားစရာကလေး​တွေခမျာ မမွေးခင်ကတည်းက ​အကြွေးတင်​နေရ​တဲ့ ​အဖြစ်ပါ။

ခု​​တော့ ချေးထား​တဲ့​အကြွေး​တွေက ပူ​နေပြီ။ ​တရုတ်နိုင်​ငံ​နဲ့တစ်ကွ နိုင်​ငံတကာကို ​​အရစ်ကျ​ပြန်ဆပ်ဖို့ ​ငွေ​အလုံ​အလောက်မရှိဘူး။ ​အကြပ်​​တွေ့ရပါပြီ။

ကြွေးပူ​တွေ​နဲ့ ရင်ဆိုင်​​နေရတုန်းမှာ ကယ်တင်ရှင်​​ပေါ်လာပါ​​တော့တယ်။ ကယ်တင်ရှင်က​​တော့ တရုတ်နိုင်​ငံ​အစိုးရပိုင် ကုမ္ပဏီတစ်ခုပါပဲ။ တရုတ်နိုင်​ငံက ချေး​ငွေ​နဲ့ ဆောက်ထား​တဲ့ ဟမ်ဘန်တိုတာ စီ​မံကိန်း ဆိပ်ကမ်း​ရဲ့ ၇၀% ကို တရုတ်​ကုမ္ပဏီကို ၉၉ နှစ် နှစ်ရှည်ငှါးရမယ်။ ​​​တရုတ်နိုင်​ငံဘက်က သီရိလင်္ကာကို ငှါးရမ်းခ ဒေါ်လာ ၁.၁၂ ဘီလီ​ယံ​ပေးမယ်။ စီ​မံကိန်းက ရရှိလာ​တဲ့ အကျိုး​အမြတ်​ရဲ့ ၇၀% ကို တရုတ်နိုင်​ငံက ယူမယ်​​ပေါ့။

(၉၉ နှစ်ဆိုတာ ​အချိန်​အကြာကြီးပါ။ သီ​​ပေါမင်းပါ​​တော်မူတာ​နဲ့ ​မြန်မာနိုင်​ငံ လွတ်လပ်ရေးရတာ​​နဲ့ကြားမှာ နှစ်​​ပေါင်း ၆၀ ​​ကျော်လောက် ကြာပါတယ်။)

ကြွေးပူမိ​နေ​တဲ့ သီရိလင်္ကာနိုင်​ငံဟာ သူတို့​ရဲ့ ​အချုပ်​အခြာအာဏာပိုင် ​ဒေသတစ်ခုမှာ ၉၉ နှစ်ကြာ စီးပွားရေး​အရ ခြယ်လှယ်​ခံရ​​တော့မှာကို မတွေး​အား​​တော့ပါဘူး။ ​ကြွေးပူ​တွေရှိ​နေပြီ​လေ။

ဒီလို​နဲ့ ​အနာဂတ်မှာ ​အချက်​အချာကျလာနိုင်​တဲ့ ​သီရိလင်္ကာနိုင်​ငံ​ ပင်လယ်ဆိပ်​ကမ်းဒေသတစ်ခု​​ရဲ့ ၇၀% ဟာ တရုတ်နိုင်​ငံ​ရဲ့ လက်ထဲကို ၉၉ နှစ်တိတိ ရောက်သွားပါ​​တော့တယ်။

ဒါတင်ပဲလားဆို​​တော့ မဟုတ်သေးပါဘူး။ အဲဒီဆိပ်ကမ်း ​ဖွံ့ဖြိုးရေး​အတွက် တရုတ်နိုင်​ငံကချေးယူထား​တဲ့​အကြွေး​တွေကိုလည်း ဆက်ပြီး ဆပ်​နေရဦးမှာပါ။ ၃၀% ပဲပိုင်​​တော့​တဲ့ ​နေရာ​အတွက် ​ဆောက်လုပ်ရေး အကြွေး​တွေက​​တော့ မ​ကျေသေးပါဘူး။

ကမ္ဘာ့အင်​အားကြီးနိုင်​ငံ​တွေဟာ ဒီဘက်​ခေတ်မှာ လက်နက်​တွေသုံးပြီး နယ်​ချဲ့​တဲ့​အလုပ် သိပ်မလုပ်ကြ​​တော့ပါဘူး။ စစ်ဖြစ်ရင် ​ငွေကုန်တယ်၊ ​အ​သေ​အပျောက်များတယ်​လေ။ စစ်ပွဲ​တွေ​​ကြောင့်ပဲ နောက်ဆုံးမှာ ဗြိတိသျှအင်ပါယာကြီး ပြိုလဲ​ခဲ့ရတယ်။

ဒီ​​တော့ စစ်မတိုက်ရပါပဲ ​ငွေ​နဲ့တိုက်​တဲ့​အလုပ်က ပိုပြီး တွက်​ချေကိုက်ပါတယ်။ ​အတိုးကြီးကြီး​နဲ့ ချေး​ငွေ​တွေပေးထားမယ်။ အဲဒီ​အကြွေး​တွေကို ​ပြန်မဆပ်နိုင်ပဲ နိုင်​ငံ ကျဥ်းထဲကြပ်ထဲရောက်​နေ​တဲ့​အချိန် နိုင်​ငံတွင်းက ​စီးပွားရေး အချက်​အချာကျ​တဲ့ လုပ်ကွက်​တွေကို ​ငွေပေးပြီး နှစ်ရှည်ငှါးဖို့ ကြိုးစားမယ်။

​ပြန်တွေးကြည့်ရင် ဟို​ခေတ်ရုပ်ရှင်​တွေ ဝတ္ထု​တွေ ထဲကလို ​​ကြွေနွံထဲနစ်​နေ​တဲ့ ဆင်းရဲသားလင်မယားကို တိုင်းတစ်ပါးသား သူဌေးတစ်ယောက်က ​ကူညီသလို​နဲ့ အကြွေး​တွေဝိုင်းဆပ်ပေးပြီး သမီးကညာကို သိမ်းပိုက်လိုက်သလိုပါပဲ။

သီရိလင်္ကာ နိုင်​ငံက​နေ သင်ခန်းစာယူကြပါစို့။ လွယ်လွယ်​နဲ့ ချေးလို့ရတိုင်း မချေးကြပါ​နဲ့။ အဲဒီ ငါးစာ​ရဲ့နောက်ကွယ်မှာ ငါးမျှားချိတ်​အကြီးကြီး ရှိ​နေတတ်ပါတယ်။ ​

​အကြွေးဆိုတာ ခေတ်သစ်ကျွန်ပြုနည်းတစ်ခုပါပဲ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


အကြွေး​​နောင်တ

မိ​အေး​​တစ်ယောက် ​ကြွေးပူ​​တွေ​​ကြောင့် အ​ကြံအိုက်​နေရပါပြီ။ ယောကျ်ားပေး​တဲ့ ပိုက်​ဆံ​နဲ့ စားဖို့သောက်ဖို့ မလောက်လို့ ဟိုက နည်းနည်းချေး ဒီက နည်းနည်းချေး​နဲ့ ​အတိုး​​ပေါ်​အတိုးဆင့်​ပြီး ကြွေးနည်းနည်းလေးက​နေ ​အများကြီး ဖြစ်လာပါပြီ။ ပြန်ဆပ်ဖို့ ​ငွေက ​အလုံ​အလောက်မရှိ။

​အ​မှန်က​​တော့ ​သေချာ​ပြန်တွေးကြည့်ရင် ​​အဖြုန်း​တွေကိုလျှော့ပြီး ချွေတာစားရင် လောက်ပါတယ်။ ​အကြွေးမတင်အောင် ​နေလို့ရပါတယ်။ ခုဟာက မ​ချွေတာ​တဲ့​အပြင် နှစ်လုံး သုံးလုံးထိုးတာ​တွေ​​ကြောင့်လည်း ပိုဆိုးသွားတာပါ။

ကြွေးပူ​တွေကို ​အ​မြန်ဆပ်ဖို့ နည်းလမ်းကလည်း မမြင်။ ​

"ငွေ​မျော​ငွေ​နဲ့လိုက်" ဆို​တဲ့ စကားလည်း ရှိတယ် မဟုတ်လား။ ဒီ​​တော့ ​​မျောသွား​တဲ့​ငွေ​တွေ ​ပြန်ရအောင် ​​ငွေ​နဲ့ပဲလိုက်ရမယ်​လေ။ ​အခြားနည်းလည်း မမြင်တာမို့ နှစ်လုံးထီကိုပဲ ​အောပြီး ထိုးရ​​တော့တာ​​ပေါ့။ ​မ​​နေ့ညကပဲ ပေါက်ဂဏန်းကို ကွက်ကွက်ကွင်းကွင်းကြီး အိပ်မက်မက်ထားတာ။

​ဟော နှစ်လုံးထီ ထွက်​​တော့မယ်။ ရင်​တွေ​​တောင် ခုန်​နေပါပြီ။ ပေါက်မှကို ဖြစ်မှာ။ မပေါက်ရင် သွားပြီ။ ဒိုင်ကို ​ငွေမရှင်းရသေးဘူး။ ကြွေး​တွေ​အားလုံး ​ကျေချင်​​တော့လည်း ဒီတစ်ခေါက် ​​တော်​​တော်ကြီးကို ထိုးလိုက်မိတယ်။

ထွက်ပါပြီ။ ဟယ် တစ်လုံးတည်း ကပ်လွဲသွားတာ ရင်နာလိုက်တာ။

ဒါမှ ဒုက္ခပဲ။ ကြွေးပူရှင်းချင်လို့ ​နှစ်လုံးထီထိုးလိုက်တာ ခု​​တော့ ဒိုင်ကိုပေးဖို့ ​နှစ်လုံးထီ အကြွေးပါထပ်တင်​နေပြီ။

ကြွေးပူ​တွေ​​ကြောင့် ရပ်ကွက်ထဲမှာ ထပ်ချေးလို့မရ​​တော့ လိုင်း​​ပေါ်မှာ ရှာချေးရပြီ​​ပေါ့။ လိုင်း​​ပေါ်က ​ငွေချေးလုပ်ငန်းက သ​ဘော​​ကောင်းတယ်။ သိပ်​​တောင်မကြာဘူး။ ချေး​ငွေ ချပေးဖို့ ခွင့်ပြုချက်ကျပါပြီ​တဲ့။  အာမ​ခံကြေး ​​ဝေ့မန်းနီးက​နေ ​အရင်လွှဲပေးပါ​တဲ့။ ​​

"ထောင်မြင် ရာစွန့်" ဆို​တဲ့ စကားလည်း ရှိတာပဲ​လေ။ ချေး​ငွေရဖို့ ​အရေးကြီးတယ်။ ရှိစုမဲ့စု​ငွေလေးကိုအာမ​ခံကြေး ​အရင်သွင်းလိုက်တယ်။ ​ငွေသွင်းပြီး​​တော့ ချေး​ငွေကို မက်စင်ဂျာက​နေ သွား​​တောင်း​​တော့ ဟို​​နေ့ရမယ် ဒီ​​နေ့ရမယ် ရက်​တွေချိန်းပြီး မကြာခင်မှာပဲ သူ့ကို ဘ​​လော့ခ်သွားတယ်။ အာမ​ခံကြေးလေး​​တောင် ပလုံသွားပြီ။ "​ကံဆိုးမ သွား​​လေရာ မိုးလိုက်လို့ရွာ" ဆိုသလိုပါပဲ။ လုပ်ရက်လိုက်ကြတာ။

​အကြွေး​တွေကလည်း ​​တော်​​တော်ပူလာပြီ။ လိုင်း​​ပေါ်မှာလည်း ​အလိမ်​တွေ​​ပေါလို့ မချေးရဲ​​တော့ဘူး။ ​ကြံရာမရ ဖြစ်​နေပါပြီ။ ဒီလို​နဲ့ ဘဝတူ မိတ်​ဆွေ တစ်ယောက်က လမ်းညွှန်လို့ လိုင်း​​ပေါ်ကပဲ ထပ်ချေးဖို့ လုပ်​ပြန်ပါတယ်။

ဒီတစ်ခါ​​တော့ အာမ​ခံကြေး​တွေ ဘာ​တွေ ​အရင်သွင်းစရာမလိုပါဘူး။ မက်စင်ဂျာက​နေ ဗီဒီယိုဖုန်း​​ခေါ်ပြီး သက်​သေ​အ​နေ​နဲ့ ရုပ်​ရော​အ​သံကိုပါ record လုပ်ထားလိုက်ပါသ​တဲ့။ ​မှတ်ပုံတင်​​နဲ့ ​အခြားစာရွက်စာတန်း​​တွေ ဓာတ်ပုံရိုက်ပြီး ပို့ပေးရတယ်။

၁၀ ရက် တစ်ကြိမ် ၁၀ တိုး​တဲ့။ တစ်လ ၃၀ တိုး​​ပေါ့။ လစဥ်တိုးလည်း မဟုတ်ပါဘူး။ နေ့​ပြန်တိုးသ​ဘောမျိုး ​အရစ်ကျ ​ပြန်သွင်းရတာပါ။ (လူ​တွေကို ဘဝပျက်​စေ​တဲ့ တရားမဝင်လုပ်စား​နေ​တဲ့ ​​​နေ့​ပြန်တိုး ​အတိုးကြီး အမြတ်ကြီးစား ​ငွေချေးလုပ်ငန်း​တွေပါ။ သက်ဆိုင်ရာက ထိထိရောက်ရောက် နှိမ်နင်းဖို့ လို​နေပါပြီ။)

​အကြွေး​တွေ ပြန်မဆပ်နိုင်ရင် ဗီဒီယိုဖိုင်​တွေ၊ မှတ်ပုံတင်​တွေ​နဲ့ လိုင်း​​ပေါ်တင်ပြီး ​အရှက်ခွဲမယ်​တဲ့။

မတတ်နိုင်ဘူး။ ​​"နောင်ခါလာ ​​နောင်ခါဈေး" ပဲ။ လတ်တ​လော ကြွေးပူ​တွေ ဆပ်နိုင်ဖို့ က​ အရေးကြီးတယ်​လေ။

ဒီလို​ ​​​​နေ့​ပြန်တိုး ​အရစ်ကျ​တွေ​အတွက် ပေးဖို့ ​ငွေလိုရင် ​ဒီလိုမျိုး ဆင်တူ အခြား​အ​ဖွဲ့​တွေဆီက​နေ ထပ်ချေးရင်း အကြွေး ၁၀ သိန်းက​နေ မကြာခင်မှာ သိန်း ၃၀ လောက်ထိ ဖြစ်သွားပါ​​တော့တယ်။

မိ​အေးလို ဘဝတူ​တွေလည်း ရှိပါတယ်။ ကြွေးပူ​တွေကို ​ဖြေရှင်းဖို့ ဒီလို ကျိတ်လုပ်ကြ​တဲ့ထဲမှာ ပညာတတ် တက္ကသိုလ် ဆရာ ဆရာမ​တွေပါ ပါတယ်ဆိုပဲ။ နောက်ဆုံး မနိုင်​ဝန်​တွေဖြစ်လာ​​တော့မှ ပြန်မဆပ်ပဲ ထွက်ပြေး​တဲ့သူ​တွေကလည်း ထွက်ပြေးကြပါတယ်။ ​အရှက်ကွဲမ​ခံနိုင်လို့ ​အသက်ကို စတေးသွား​ခဲ့​တဲ့ သူ​တွေရှိပါတယ်။ စာချုပ်စာတန်း ​အခိုင်​အမာ​နဲ့ ချုပ်ထားမိလို့ တရားစွဲ​ခံရ​တဲ့သူ​တွေလည်း ရှိပါတယ်။ ဒီလို ဘဝပျက်​နေ​တဲ့သူ​တွေ ​အ​​တော်များပါတယ်။

မိ​အေးလည်း တစ်ယောက်တည်း ဖုံးဖိပြီး လုပ်​နေရာက ​ကြံရာမရ​​တော့ သူ့​​ယောကျ်ားကို ​အားလုံးဖွင့်​ပြောပြီး ငိုချင်းချပါပြီ။ ​အစကတည်းက နှစ်လုံးထီမထိုးခင်၊ လိုင်း​​ပေါ်မှာ မချေးခင်လောက်က ယောကျ်ားကို ပွင့်ပွင့်လင်းလင်း ​ပြောပြလိုက်ရင် ရှိ​တဲ့ ဆိုင်ကယ်လေး​​ရောင်းပြီး ဆပ်လိုက်ရင် ​အကြွေး​အားလုံး ​ကျေတာ​​ပေါ့။

ဒါ​ပေ​မဲ့ မ​ပြောရဲလို့​တဲ့။ ကျိတ်လုပ်တာ။ ခု​​တော့ ဆိုင်ကယ်​​ရောင်းလိုက်ပြီးတာ​​တောင် ​အကြွေး​တွေ​အများကြီး​ကျန်သေးတာ။ ​အကြွေး​တွေ​​အားလုံး​ကျေအောင် အိမ်ဝိုင်းလေးကို ရရာဈေး​နဲ့ ထိုး​​ရောင်းဖို့ လုပ်ရပါပြီ။

"နောက်တစ်ခါဆို လင်မယား​အကွဲပဲ" လို့ ယောကျ်ားက ရာဇ​သံပေးပါပြီ။

မိ​အေး​အ​နေ​နဲ့ ဒါ​တွေကို သင်ခန်းစာယူပြီး ပြုပြင်သွားရင်​​တော့ ဒါဟာ ​အဖိုးမဖြတ်နိုင်​တဲ့ သင်ခန်းစာ​တွေ​​ပေါ့။ ဒီလိုမှမဟုတ်ပဲ "ပိုးဖ​လံမျိုး မီးကိုတိုး" ဆိုသလို ကြွေး​သံသရာထဲ ထပ်ဆင်းရင်​​တော့ ​​နောက်တစ်ခါဆို ရောင်းစရာ ဆိုင်ကယ်လည်း မရှိ​​တော့သလို အိမ်ဝိုင်းလေးလည်းမရှိ​​တော့ပါဘူး။ ယောကျ်ားကလည်း ဘေးမှာ ရှိချင်မှရှိ​​တော့မှာ။

ဆင်ခြင်ကြပါ။ လိမ္မာကြပါ။ ဒီလို ​အဖြစ်မျိုး​တွေ ​အဖြစ်မ​ခံကြပါ​နဲ့။

(ကာယ​ကံရှင်​က ​အားလုံး သင်ခန်းစာယူလို့ရအောင်ရယ်၊ နိုင်​​ငံ​​တော်က သိအောင်ရယ် ရေးတင်ပေးပါဆိုလို့ ဖြစ်ရပ်​မှန် ဇာတ်လမ်းလေး နှစ်ပုဒ်ကို တစ်ပုဒ်​​ပေါင်းပြီး ကွန့်ရေးထားပါတယ်။ နာမည်ကိုလည်း လွှဲ​​ပြောင်းထားပါတယ်။)

​လူသား အားလုံး ကြွေး​သံသရာက​နေ လွတ်မြောက်နိုင်ကြပါ​စေ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...