Monday, September 28, 2020

ဖောင်းပွ​အန္တရာယ် ကာကွယ်စို့

​ငွေကြေး ​​ဖောင်းပွမှုက ကြောက်စရာ ​​ကောင်းပါတယ်။ ​ဥပမာ စုထား​တဲ့​ငွေဟာ ​အရင်က ​ဆန် ဆယ်တင်း ဝယ်လို့ရ​နေရာက​နေ ​နေရင်းထိုင်ရင်း တစ်​ဖြည်း​ဖြည်း​နဲ့ ​ဆန် ၁၀ တင်းမရ​​တော့ပဲ ​ဆန် ၉ တင်း ၈ တင်းလောက်ပဲ ဝယ်လို့ ရ​​တော့တာမျိုးပါ။

ငွေကြေး​​ဖောင်းပွမှု​တွေဖြစ်လာရင် လက်ထဲမှာ ​ငွေကိုင်ထား​တဲ့သူ​တွေ ​အဆုံး ​အရှုံး ရှိပါတယ်။ ​ငွေကို အိမ်မှာ ​​သော့ခတ် သိမ်းထားရင်​​တော့ ​အလိုလို​နေရင်း ရှုံး​နေပါတယ်။

စုမိတဲ့ ​ငွေ ကိုဖတ်ပေးပါ

​ငွေကိုင်ထားတာ ရှုံးတတ်တယ် ဆို​ပေ​မဲ့လည်း အရေး​​ပေါ်​  ​ရန်ပုံ​ငွေ ​အဖြစ် ​အသုံးစရိတ်​ရဲ့ ၃ လ​နဲ့ ၆ လစာကြားလောက် ပမာဏကို ​ငွေသား ​အဖြစ် ထားသင့်ပါတယ်။ အရေး​​ပေါ်​  ​ရန်ပုံ​ငွေ ကို အိမ်မှာ မထားပဲ ​ဘဏ်မှာ ထားရင် ပို​​ကောင်းတယ်လို့ မြင်ပါတယ်။

******
ဘဏ်
******

​ဘဏ်မှာထားရင်​​တော့ ​​ပုံ​မှန်ဆို ဘဏ်တိုးက ငွေကြေး​​ဖောင်းပွမှုနှုန်းထက် ပိုများတတ်တာ​​ကြောင့် ​အဆင်​ပြေ​ပေ​မဲ့ ​အချို့နှစ်​တွေမှာ ​ငွေကြေး​​ဖောင်းပွမှုနှုန်းဟာ ​ဘဏ်တိုးထက်များ​တဲ့​အခါ ​အရှုံးရှိတတ်ပါတယ်။

ဒီစာသုံးပုဒ်ကို ဖတ်ပေးပါ။

ဘဏ်တိုးနဲ့ ​လောက်ပြီလား 

ဘဏ်တိုးနဲ့ တစ်သက်​လုံး ထိုင်စားချင်ရင် 

ရင်းနှီးမြှုပ်​နှံမှုမလုပ်ခင် ဒါ ​အရင်လုပ်ပါ

***************
​အခေါက်ရွှေစင်
***************

ရွှေဝယ်ထားရင်​​တော့ ​အများ​အားဖြင့် ​ငွေကြေး​​ဖောင်းပွမှုကို ကာမိပါတယ်။ ​​အထူးသဖြင့် ငွေကြေး​​ဖောင်းပွမှု များ​တဲ့ နှစ်​တွေမှာ ရွှေဈေး ​အတက်ကြမ်းတတ်ပါတယ်။ ဒါ​ပေ​မဲ့ ဈေးတက်ချိန်မှာ ဝယ်ထားမိရင် ရှုံးတတ်တာကိုလည်း သတိပြု​စေလိုပါတယ်။ ​​​အရေး​​ပေါ် ​ရန်ပုံ​ငွေ ​အပြင် ​ငွေပိုရင် အခေါက်ရွှေစင် ​အနည်းငယ် ဝယ်ထားသင့်ပါတယ်။ ရှိသမျှ​ငွေကို ပုံ​အောပြီး​​တော့ ရွှေ မဝယ်သင့်ပါဘူး။

​ရွှေ​အ​​ကြောင်း ဒီစာ နှစ်ပုဒ်ကို ဖတ်ပေးပါ။

ရွှေစကား ​ပြောမယ် 

ရှုံးတတ်တဲ့ ရွှေ 

************
နိုင်​ငံခြား​ငွေ
************

နိုင်​ငံခြား​ငွေ ဝယ်ထားတာလည်း ​မြန်မာ​ငွေ​​ဖောင်းပွ​မှု များတဲ့ ​အချိန်မှာ ကာမိပါတယ်။ ​​​​ငွေပိုရင် အနည်းငယ်​​တော့ ဝယ်ထားလို့ ရပါတယ်။ ​နိုင်​ငံခြား​ငွေကလည်း ​​ဖောင်းပွမှု ​အနည်း​နဲ့ ​အများ​​တော့ ရှိပါတယ်။

ဒေါ်လာစကား ​ပြောမယ် 

***************
စ​​တော့ရှယ်ယာ
***************

​ငွေကြေး​​ဖောင်းပွ​နေချိန်မှာ နိုင်​ငံခြား စ​​တော့ရှယ်ယာ ဈေးကွက်မှာ ရင်းနှီးမြှုပ်​နှံထားရင် ​ငွေကြေး​​ဖောင်းပွမှုကို ​ကာမိ​တဲ့ ​အပြင် ​ရေရှည်မှာ ​အမြတ်များပါတယ်။ ဒါ​ပေ​မဲ့ နိုင်​ငံခြား ​ဘဏ်​အ​​ကောင့် မရှိ​တဲ့သူ​တွေ ​အတွက် မလွယ်လှသေးပါဘူး။ ပြည်တွင်းက စ​​တော့ဈေးကွက်က​​တော့ ဖွံ့ဖြိုးလာမယ့် ​အချိန်ကို ​​စောင့်ရပါဦးမယ်။

စ​​တော့ရှယ်ယာ ​အ​​ကြောင်း ဒီစာသုံးပုဒ်ကို ဖတ်ပေးပါ။

စ​တော့ရှယ်ယာ ​ဈေးကွက် 

ဝင်ဖို့ခက်နေသေးတဲ့ စတော့ဈေးကွက် 

သူတို့ ဒီလို ရင်းနှီးမြှုပ်​နှံကြတယ် https://www.facebook.com/fireflypsk/posts/132388971432720

*************************************
သယ်ယူပို့​ဆောင်ရေးလုပ်ငန်း​သုံး ယာဉ်
*************************************

ဆိုက်ကား၊ ဆိုင်ကယ်၊ တုတ်တုတ်၊ ကား၊ စက်​လှေ စ​​တဲ့ သယ်ယူပို့​ဆောင်ရေးလုပ်ငန်း​သုံး ယာဉ်​တွေကို ဝယ်ပြီး ငှါးစားတာဟာလည်း ​​​ငွေကြေး​​ဖောင်းပွမှုကို ကာကွယ်ပေးပါတယ်။ ​

ငွေကြေး​​ဖောင်းပွလာရင် ငှါးခ​တွေ ဈေးလိုက်တက်မယ်။ ​ယေဘုယျ​အားဖြင့် ​ငွေကြေး​​ဖောင်းပွမှု ကြမ်း​တဲ့ ​အခါမျိုးမှာ ဝယ်ထား​တဲ့ ယာဉ်​ရဲ့ ​တန်ဖိုးဟာလည်း ​ငွေ​​ကြေး​​ဖောင်းပွမှု​နဲ့​အပြိုင် ဈေးတက်လာတတ်ပါတယ်။

**********
အိမ်​ခြံ​မြေ
**********

အိမ်ခန်း၊ တိုက်ခန်း၊ ​ဆိုင်ခန်း၊ ဂို​​ထောင်၊ မြေ၊ လယ်ယာ၊ ဥယျာဉ်​ခြံ​မြေ စ​တာ​တွေကို ဝယ်ပြီး ​အငှါးချထားရင်လည်း ​​ကောင်းပါတယ်။ ​ငွေကြေး​​ဖောင်းပွမှုကို ကာမိပါတယ်။

အိမ်​ခြံ​မြေယာဉ် ​တွေဝယ်ရာမှာ ဈေးကြီးမမိဖို့လည်း သတိပြုရမှာပါ။ ပူ​​ဖောင်း ​​ဖောင်း​နေတုန်း ဝယ်ရင်​​တော့ ရှုံးတတ်ပါတယ်။

"ငပိန်းဖမ်း သီအိုရီ" ကို ဖတ်ပေးပါ။ https://www.facebook.com/fireflypsk/posts/140133673991583

******************
စီးပွားရေးလုပ်ငန်း​
******************

​ငွေကို စီးပွားရေးလုပ်ငန်း​တွေမှာ ရင်းနှီးမြှုပ်​နှံထားတာလည်း ​​ကောင်းပါတယ်။ ဥပမာ ကုန်​​​​ရောင်း ကုန်ဝယ်လုပ်ရင် ​ငွေကြေး​​ဖောင်းပွ​တဲ့ ​အခါ ကိုယ့်လက်ထဲမှာ ရှိ​တဲ့ ကုန်​တွေက ​အလိုလို ဈေးတက်လာပါတယ်။ ဆေးဆိုင်ဆိုလည်း ​ငွေကြေး​​ဖောင်းပွမှု​နဲ့​အတူ ဆေး​တွေ ဈေးလိုက်တက်ပါတယ်။ ​အမြတ်ရှိ​ပြီး လည်ပတ်​နေ​တဲ့ စီးပွားရေးလုပ်ငန်း​ရဲ့ ​တန်ဖိုးကလည်း ​ငွေကြေး​​ဖောင်းပွမှု​နဲ့​အတူ လိုက်တက်​​လေ့ရှိပါတယ်။

ဘာပဲလုပ်လုပ် ​​ငွေ​တွေကို ​တစ်​နေရာထဲမှာ စုပြုံပြီး မ​​ထည့်သင့်ပါဘူး။ ​ဖြစ်နိုင်ရင် ​နေရာ ​အများ​အပြားမှာ ဖြန့်ကြက်ထားသင့်ပါတယ်။

ဖြန့်ကြက်​မြှုပ်​နှံ ​ဖြည်း​ဖြည်း​မှန်  ကိုဖတ်ပေးပါ

ဒါ​တွေက​​တော့ ​ငွေကြေး​​ဖောင်းပွ​တဲ့ ​အခါ ​ငွေစုထား​တဲ့ ပြည်သူ​တွေ​အ​နေ​နဲ့ ရှိ​တဲ့​ငွေလေး​တွေ ​အဆုံး​အရှုံးနည်းအောင် လုပ်ထားလို့ ရ​တဲ့ နည်းလေး​တွေပါ။ ကျွန်​​တော်တို့ ပြည်သူ​တွေ​အ​နေ​နဲ့ ​ငွေကြေး​​ဖောင်းပွမှုကို ကာကွယ်ဖို့ မလွယ်​ပေ​မဲ့ ​အဆုံးရှုံးသက်သာအောင် လုပ်ထား​တဲ့ နည်း​တွေပါ။

ငွေကြေး​​ဖောင်းပွမှုဟာ ​ငွေ​တွေကို ကိုင်ထား​တဲ့သူ​တွေ​အတွက် ​အဆုံး​အရှုံးများတာ ​မှန်​ပေ​မဲ့ စုမိ​ငွေမရှိ​တဲ့ သူ​တွေကိုလည်း ရိုက်ခတ်ပါတယ်။ ကုန်ဈေးနှုန်းကြီးလာတတ်လို့ ဝင်​ငွေ​​နဲ့ မလောက်တာမျိုး​တွေ ဖြစ်တတ်ပါတယ်။

အဲဒီ​အခါမှာ စုထား​တဲ့ ​ငွေ မရှိရင် ပိုဒုက္ခရောက်တတ်ပါတယ်။ ဒါ့​​ကြောင့် ခုထဲက ​ချွေတာစု​​ဆောင်းတာ​တွေ လုပ်ကြပါ။

​ကုန်ဈေးနှုန်း​တွေကတက်​ပြီး ဝင်​ငွေက မတိုးရင် တစ်ဦးချင်း​အ​နေ​နဲ့ လုပ်လို့ရတာက​​တော့ ဝင်​ငွေ ပို​​ကောင်း​တဲ့ ​အလုပ်ကို ​​ပြောင်းလုပ်ဖို့ပါ။ မလွယ်​ပေ​မဲ့ ဒီလိုပဲ ကြိုးစား ရှာ​ဖွေလုပ်ကိုင်ရမှာပါပဲ။

​အားလုံး ​အဆင်​ပြေကြပါ​စေ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment