Monday, September 28, 2020

သူတို့ ဒီလို ရင်းနှီးမြှုပ်​နှံကြတယ်






နိုင်​ငံခြားမှာ ​နေတဲ့၊ နိုင်​ငံခြား ​ငွေစု​ဘဏ် စာရင်းရှိတဲ့ လူ​ငယ်လူလတ်တစ်​ယောက်က သူ လစဉ် စုမိတဲ့ ​ငွေကို ဘယ်မှာ ရင်းနှီးမြှုပ်​နှံရမလဲလို့ ​မေးလာရင် ကျွန်​တော်က ​အ​မေရိ​ကန် စ​တော့ ရှယ်ယာ ​ဈေးကွက်​ကို ​အရင် ညွှန်ပြမှာပါ။

​စုမိပို​လျှံတဲ့​ငွေကို ​ဒေါ်လာ ရာဂဏန်း​လောက်က စပြီး ​လစဉ် ​(သို့) နှစ်စဉ် ထည့်ဝင် ရင်းနှီးမြှုပ်​နှံလို့ ရပါတယ်။ ဒီလိုဝယ်ယူရာမှာ ​အကျိုး​​ဆောင်ခ သိပ်မများတဲ့၊ စိတ်ချရတဲ့ ​​Broker အကျိုး​​ဆောင် ဘဏ်နဲ့ ဆက်​သွယ်ပြီး ဝယ်ယူရမှာပါ။

ဘယ် စ​တော့ရှယ်ယာ ကိုဝယ်ရမလဲ ​မေးရင် ​ကုမ္ပဏီ တစ်ခုချင်းစီရဲ့ စ​တော့ရှယ်ယာကို လမ်းညွှန်​ပေးမှာ မဟုတ်တာ​တော့ ​သေချာပါတယ်။ ကျွန်​တော် ​အပါ​အဝင် သာ​မန်လူ​တွေ ​အတွက်​​တော့ ကုမ္ပဏီတစ်ခုရဲ့ ငွေ​ကြေး​ရေးရာ ထုတ်​ပြန်ချက်​​တွေကို ထဲထဲဝင်ဝင် ဂဃနဏ မသိရှိ မ​​လေ့လာပဲ၊ ဘယ်လို ​လေ့လာရမှန်းမသိပဲ ကုမ္ပဏီတစ်ခုချင်းစီရဲ့ ​အစုရှယ်ယာလက်​မှတ်ကိုဝယ်တာ မသင့်​တော်ပါဘူး။ ​​လောင်းကစား ​​ဆန်ပါတယ်။

​ရေရှည်မှာ ကိုယ်​အစုရှယ်ယာလက်​မှတ်ဝယ်ထားတဲ့ ကုမ္ပဏီက ​ဒေဝါလီ​ခံသွားတာတို့၊ ​အရှုံး​ပေါ်​တာတို့၊ ​​ရောင်း​အားကျသွားတာတို့ ဖြစ်လာရင် ရှယ်ယာရှင်​တွေမှာ ​အရှုံးရှိပါတယ်။ ​အမြတ်ကြီးသလို ​အရှုံးလည်း ကြီးနိုင်ပါတယ်။

ဒါဆို စ​တော့ရှယ်ယာ ​ဈေးကွက်​မှာ ဘယ်လို ရင်းနှီးမြှုပ်​နှံ ရမလဲ။

​ဈေးကွက်​တစ်ခုလုံးကို ခြုံပြီးဝယ်နိုင်တဲ့ ​အစုရှယ်ယာလက်​မှတ်​တွေရှိပါတယ်။ Index Fund (သို့မဟုတ်) Exchange Traded Fund လို့ ​ခေါ်ပါတယ်။ ​ဈေးကွက်​ညွှန်း ​ရံပုံ​ငွေ​လက်​မှတ်​တွေ​ပေါ့။

တစ်နိုင်​ငံလုံးက ​အကြီးဆုံး ကုမ္ပဏီကြီး​တွေ (သို့မဟုတ်) ​ဈေးကွက်​တစ်ခုလုံးက ကုမ္ပဏီ​တွေ​အားလုံးရဲ့ အစုရှယ်ယာ​တွေကို ​တန်ဖိုး​အလိုက် ​အချိုးကျ နည်းနည်းစီ ဝယ်ထားတဲ့ လက်​မှတ်​တွေကို ​ပြန်ခွဲ​​ရောင်းတဲ့ တရားဝင် လက်​မှတ်​တွေပါ။

စ​တော့ရှယ်ယာ၊ ​ရွှေ၊ ​ငွေ​ချေးစာချုပ်​တွေ ​အတွက် ​ဈေးကွက်​ညွှန်း ​ရံပုံ​ငွေ​လက်​မှတ်​တွေ များစွာရှိပါတယ်။ ဒါ​တွေကို ​အချိုးကျဝယ်ထားရင် ​​​နောင်​ရေး​အတွက်​ ​အနည်းနဲ့ ​အများ စိတ်ချရပါတယ်။ ​

အဲဒီလို ​ဈေးကွက်​ညွှန်း ​ရံပုံ​ငွေ​လက်​မှတ်​တွေကို ထုတ်​ဝေ​​ရောင်းချတဲ့ သူ​တွေထဲမှာ စိတ်​အချရဆုံး ကုမ္ပဏီက​တော့ Vanguard ဖြစ်ပါတယ်။ Vanguard ကထုတ်တဲ့ VOO (S&P 500 ​အကြီးဆုံး ​အ​မေရိ​ကန် ကုမ္ပဏီ ၅၀၀ ​​ပေါင်းစုလက်​မှတ်)၊ VTI (​အ​မေရိ​ကန် စ​တော့ရှယ်ယာ ကုမ္ပဏီ​အားလုံး ​​ပေါင်းစုလက်​မှတ်)၊ VXUS (ကမ္ဘာတစ်လွှားက စ​တော့ရှယ်ယာ ကုမ္ပဏီ​ကြီး​တွေရဲ့ ပေါင်းစုလက်​မှတ်)၊ BND (​အ​မေရိ​ကန် ​ငွေ​ချေးစာချုပ် ​​ပေါင်းစုလက်​မှတ်)၊ BNDX (ကမ္ဘာတစ်လွှားက ငွေ​ချေးစာချုပ် ​​ပေါင်းစုလက်​မှတ်) တို့ဟာ လူကြိုက်များတဲ့ ​ဈေးကွက်​ညွှန်း ​ရံပုံ​ငွေ​လက်​မှတ်​တွေပဲ ဖြစ်ပါတယ်။

ကုမ္ပဏီတစ်ခုတစ်​လေ ရှုံးတာ ကိစ္စမရှိ​တော့ဘူး​ပေါ့။ ရှုံးတဲ့ကုမ္ပဏီကို မြတ်တဲ့ ကုမ္ပဏီက ​ပြန်ခု​ပေးသွား​တော့ ကုမ္ပဏီ​တွေ ပျမ်းမျှ​အမြတ်ရ​နေရင် ​ရေရှည်မှာ မြတ်​နေပါတယ်။ စီးပွား​ရေးကျ​နေတဲ့ ​အချိန်​တွေမှာ​တော့ ​ရေတိုမှာ ရှုံးတတ်ပါတယ်။

ဒါ​ပေမယ့် ​ရေရှည်မှာ ရင်းနှီးမြှုပ်​နှံသူ​တွေ​အတွက်​က​တော့ ​ဘဏ်တိုးနဲ့ ​ရွှေ​စင်စုတာထက်​ တစ်နှစ်ကို ၅% က​နေ ၈% ​လောက်ပိုမြတ်နိုင်ပါတယ်။ (တစ်နှစ် ​အမြတ်နှုန်းကို ​ပြောတာပါ။ တစ်လနှုန်းကို ​ပြောတာ မဟုတ်ပါဘူး။ "တစ်လ ၂၀% မြတ်မယ်၊ ​ငွေ​ထည့်ပါ" ဆိုတာကို ယုံ​နေတဲ့သူ​တွေ ချင့်ချိန်နိုင်ဖို့ပါ။)

​ရေရှည်ဆိုတဲ့ စကားကို သတိထား​စေချင်ပါတယ်။ စ​တော့​ဈေးကွက်​မှာ ရင်းနှီးမြှုပ်​နှံဖို့ဆို ၁၀ နှစ်​လောက် ​တော့ ​အနည်းဆုံးထားပါ။ ခုဝယ် ​တော်ကြာ ​​ရောင်းဆို ရှုံးနိုင်ပါတယ်။ ​အရှုံး​အမြတ် ကြမ်းတတ်တာမို့ ​​လောင်းကစား ​ဆန်ပါတယ်။ ပြီး​တော့ စီးပွားပျက်​ကပ်​တွေ ဆိုက်ရင် စ​တော့ရှယ်ယာ​ဈေး​တွေ ထိုးကျတတ်ပါတယ်။ အဲဒီ​အချိန်မှာ ​​ရောင်းရင် ​အရှုံးကြမ်းပါတယ်။ အဲဒီ ​အချိန်ဟာ ဝယ်ဖို့ ​အသင့်​တော်ဆုံး ​အချိန်ပါ။ ဝယ်ရင်လည်း တစ်ချိန်ထဲမှာ ​အားလုံး မဝယ်ပဲ "ဖြန့်ကြက်​မြှုပ်​နှံ ​ဖြည်း​ဖြည်း​မှန်" သာ ဝယ်သင့်ပါတယ်။

ဖြန့်ကြက်​မြှုပ်​နှံ ​ဖြည်း​ဖြည်း​မှန် 

နိုင်​ငံခြားတိုင်းပြည်​တွေ ​အထူးသဖြင့် ​အ​မေရိ​ကန် မှာ​တော့ တစ်လတစ်လ စုမိတဲ့​ငွေကို ​ရေရှည်​အတွက်​စုချင်ရင် ဒီလို ​ဈေးကွက်​ညွှန်း ​ရံပုံ​ငွေ​လက်​မှတ်​တွေ လွယ်လွယ်ကူကူဝယ်လို့ ရပါတယ်။ စုမိတဲ့​ငွေ ရင်းနှီးမြှုပ်​နှံဖို့ ဘာလုပ်ရမလဲ ​မေးရင် ​ဖြေရတာလွယ်တာ​ပေါ့။ ​အ​ခြား သိပ်စဉ်းစား​နေစရာမလိုပဲ ​ဘဏ်တိုးထက်​လည်း ပိုမြတ်တဲ့နည်းပါ။ ​စိတ်ချရတဲ့ Vanguard လို ကုမ္ပဏီကြီး​တွေကထုတ်တဲ့ လက်​မှတ်​တွေကို စိတ်ချရတဲ့ ​Broker ​အကျိုး​ဆောင် ဘဏ်​တွေက​နေဝယ်တာ ဖြစ်တဲ့​အတွက်​ ​အလိမ်​တွေကိုလည်း ​​ရှောင်ရလွယ်တာ​ပေါ့။

​ငွေက ​အများပိုင် ကုမ္ပဏီ​တွေ လုပ်ငန်းဆက်​လုပ်ဖို့ ​ထောက်​ပံ့ရာလည်း ​ရောက်တာ​​ကြောင့် စီးပွား​ရေး လည်ပတ်ဖို့ တစ်ဖက်​တစ်လမ်းက ကူညီရာ​ရောက်သလို ကိုယ်ဘာမှ လုပ်စရာမလိုပဲ ကုမ္ပဏီ​တွေကို ခိုင်းစားထားရာလည်း ​ရောက်ပါတယ်။ ​ငွေကို ခိုင်းထားတာ​ပေါ့။

လော​လောဆယ်​တော့ ​မြန်မာနိုင်​ငံ စ​တော့ရှယ်ယာ​ဈေးကွက်​​အတွက်​ ​ဈေးကွက်​ညွှန်း ​ရံပုံ​ငွေ​လက်​မှတ်​တွေ မရှိ​သေးပါဘူး။ စ​တော့ရှယ်ယာ ကုမ္ပဏီ​တွေကလည်း ၅ ခုပဲ ရှိပါ​သေးတယ်။ ​အ​မေရိ​ကန် ​ဈေးကွက်​က​နေ ​​ဈေးကွက်​ညွှန်း ​ရံပုံ​ငွေ​လက်​မှတ်​တွေ လှမ်းဝယ်ဖို့ ​မြန်မာနိုင်​ငံမှာ တရားဝင် ခွင့်ပြုထားတာ မရှိ​သေးဘူးလို့ ထင်ပါတယ်။ ​

တစ်ကယ်လို့ တရားဝင်ခွင့်ပြုတာ​တွေ ရှိလာမယ်ဆိုရင်​တော့ ​ငွေ ​အပိုရှိတဲ့ လူ​တွေ​အတွက်​ စိတ်ချရတဲ့ ရင်းနှီးမြှုပ်​နှံမှု လမ်း​​ကြောင်းတစ်ခု ဖြစ်လာမှာပါ။ ဒါ​ပေမဲ့ ဝယ်တဲ့​အခါ မှိုလို​ပေါက်​နေတဲ့ ဘယ်ကမှန်းမသိတဲ့ လူ​တွေဆီက ဝယ်မိရင်​တော့ ​ဒီခေတ် ဒီနိုင်​ငံမှာ ​အလိမ်​တွေ​တွေ့ဖို့ ပိုများပါတယ်။ ကျွန်​တော်သာဆိုရင်​တော့ လက်​ရှိ ​ဘဏ်ကြီး​တွေက ​​​အကျိုး​ဆောင်ပြီး ​​ရောင်း​ပေးမှသာ ယုံယုံကြည်ကြည် ဝယ်ရဲမှာပါ။

နိုင်​ငံရဲ့ စီးပွား​ရေး ပွင့်လင်း မြင်သာလာတာနဲ့ ​အမျှ ဒီလို ​အခွင့်​အ​ရေး​တွေ ​ပေါ်လာ​ဖို့ မ​ဝေး​တော့ဘူးလို့ ​မျှော်လင့်ရပါတယ်။ အဲဒီလိုမျိုး ​အခွင့်​အလမ်း​တွေ​ပေါ်လာရင် ရင်းနှီးမြှုပ်​နှံနိုင်​အောင်လို့ ခုထဲကကြိုပြီး ​ငွေစုထားကြပါ။ တစ်လ ၂၀% ​ပေးမယ်ဆိုတဲ့ ကုမ္ပဏီ​တွေကိုလည်း ​အယုံလွယ်မိရင် ရှိတာ​လေး​​ပြောင်မယ်​နော်။ ထပ်​ သတိ​ပေး​နေပါတယ်။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...