"ဘာစီးပွားရေး လုပ်သင့်လဲ" လို့ မေးလာရင် ဖြေရတာ တိုင်ပတ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အခြေအနေ၊ ကျွမ်းကျင်မှု၊ ပတ်ဝန်းကျင်၊ ဝါသနာ၊ အရည်အချင်း၊ ငွေအရင်းအနှီး စတာတွေ မတူတာကြောင့် တစ်ယောက်အတွက် သင့်တော်တဲ့ လုပ်ငန်းက နောက်တစ်ယောက်အတွက် သင့်တော်ချင်မှ သင့်တော်ပါလိမ့်မယ်။
ဒါပေမဲ့ ဘာလုပ်ရမလဲ ရေရေရာရာ တွေးမရရင်တော့ အစားအသောက်လုပ်ငန်း ကို လေ့လာကြည့်စေချင်ပါတယ်။
စားဝတ်နေရေးမှာ စားတာက ထိပ်ဆုံးကပါ။ ငွေမရှိရင် အစုတ်အဟောင်း ဝတ်လို့ရတယ်၊ လမ်းဘေးအိပ်လို့ရတယ်၊ မစားမသောက်ပဲတော့ ဘယ်သူမှ နေလို့မရပါဘူး။
ဘယ်လို အစားအသောက်လုပ်ငန်းမျိုး လုပ်ရမလဲ လို့ မေးရင်တော့ လုပ်လို့ရတာတွေ အများကြီးပဲလို့ ဖြေချင်ပါတယ်။ ငွေရှာနည်း တစ်ရာမှာ ရေးခဲ့သလိုပဲ ကိုယ့်ပတ်ဝန်းကျင် မြို့ရွာ၊ အခြားပတ်ဝန်းကျင် မြို့ရွာတွေမှာ လုပ်နေကြတဲ့ များစွာသော အစားအသောက်လုပ်ငန်းတွေကို လှည့်ပတ်ကြည့်လိုက်ပါ ခင်ဗျာ။
ငွေရှာနည်း တစ်ရာ
အရင်းမရှိပဲ လုပ်လို့ရတဲ့ သူများအကြော်ယူရောင်းတာ တို့၊ ရေထမ်းရောင်းတာတို့၊ ရေသန့်ပို့တာတို့ အပြင် အရင်းနည်းနည်း၊ အရင်း အသင့်အတင့်၊ အရင်းများစွာနဲ့ လုပ်လို့ရတဲ့ အစားအသောက် လုပ်ငန်းတွေ အပုံကြီး ရှိပါတယ်။ လူတန်းစား အားလုံးအတွက် စီးပွားရေး အခွင့်အလမ်းတွေရှိပါတယ်။
အီကြာကွေး၊ စမူဆာ၊ တုတ်ထိုး၊ ပဲယာကြော်၊ ငုံးဥပြုတ် ရောင်းတတ်ရင် အကုန်မြတ်ပါတယ်။ စိုက်ပျိုးရေးလည်း လုပ်တတ်ရင် ကိုက်ပါတယ်။ ကိုက်နိုင်တာ မြတ်နိုင်တာကို ရွေးလုပ်ရမှာပါ။ ကြိုတွက်ကြည့်ပြီး မကိုက်ရင် မလုပ်ပါနဲ့၊ မသေချာရင် မလုပ်ပါနဲ့ ခင်ဗျာ။ မကျွမ်းကျင်မပိုင်နိုင်ရင်၊ သေချာ မပြင်ဆင်မတွက်ချက်ခဲ့ရင်တော့ ဘယ်အလုပ်ဖြစ်ဖြစ် မြတ်ဖို့ ခဲယဉ်းပါတယ် ခင်ဗျာ။
စီးပွားရေး လုပ်ငန်းတစ်ခု မလုပ်ခင် ဒါတွေ အားလုံးကို လေ့လာ တွက်ချက်ပြီးမှ လုပ်စေချင်ပါတယ်။
- ကိုယ်လုပ်မယ့်လုပ်ငန်းကို ကျွမ်းကျင်ပိုင်နိုင်ရပါမယ်။ ဈေးကွက်တစ်ခုလုံးကို နားလည်နေရပါမယ်။ လုပ်ငန်းနဲ့ ပတ်သက်တဲ့ အစိုးရ မူဝါဒတွေကို သိရပါမယ်။ နားမလည်သေးရင် အရင်လေ့လာပါဦး။
- ကိုယ် ပစ်မှတ်ထားတဲ့ ဝယ်ယူစားသုံးသူ အုပ်စုကို သေချာသိရှိနားလည်ထားရပါမယ်။
- ပစ္စည်း နဲ့ နေရာထိုင်ခင်း စတာတွေ အတွက် မတည်ငွေ ဘယ်လောက်လိုမယ်၊ နေ့စဉ် လစဉ် နှစ်စဉ် ကုန်ကျစရိတ်၊ ကုန်ကြမ်း စရိတ်၊ အလုပ်သမားစရိတ် ဒါတွေကို ကြိုတွက်ထားရပါမယ်။
- ဝင်ငွေဘယ်လောက်ရှိပြီး အမြတ်ဘယ်လောက်ရမယ်ဆိုတာ ခန့်မှန်းရပါမယ်။ ဈေးနှုန်း သတ်မှတ်ချက်တွေ ကြိုလုပ်ရပါမယ်။ တစ်လကို ဘယ်လောက်ဖိုး ရောင်းရမှ အရင်းကျေမယ် ဆိုတာ တွက်ကြည့်ရပါမယ်။ တွက်ကြည့်လို့ အမြတ်မရှိရင် လုပ်လို့ မဖြစ်ပါဘူး။
- ပြိုင်ဘက်တွေကို လေ့လာပါ။ ကိုယ့်ပြိုင်ဘက်တွေနဲ့ ယှဉ်ရင်ကိုယ့်ရဲ့ အားနည်း ချက်၊ အားသာချက်တွေ၊ ရှိနေတဲ့ အခွင့်အလမ်းတွေ၊ တွေ့လာနိုင်မယ့် အခက်အခဲ ဒုက္ခတွေ ကိုကြိုတင် သုံးသပ် ပြင်ဆင်ရပါမယ်။
- ကိုယ့်ပြိုင်ဘက်တွေနဲ့ ယှဉ်ရင် ကိုယ့်မှာ ထူးခြား အားသာချက် အနည်းဆုံး တစ်ခုတော့ရှိနေရပါမယ်။ ဥပမာ ဈေးပိုတော်တာ၊ ဆက်ဆံရေးပိုကောင်းတာ။
- ဘယ်နေရာမှာ လုပ်မလဲ ရွေးရပါမယ်။ ဘယ်လိုနည်းနဲ့ ဖြန့်ဖြူး ရောင်းချမှာလဲ တွေးရပါမယ်။
- ဈေးကွက်ရအောင် အရောင်းမြှင့်တင်ရေး ဘယ်လိုလုပ်မလဲ တွေးထားရပါမယ်။
- ငွေချေးပြီးလုပ်တာဆို ပေးရမယ့် အတိုးနဲ့ ကိုက်မကိုက်၊ အရှုံးပေါ်ရင် အကြွေးဘယ်လိုဆပ်နိုင်မလဲ ကြိုတွက်ရပါမယ်။ လောဘ မကြီးပါနဲ့။ သေးသေး ကစပါ။ ကြွေးသံသရာ ငရဲထဲ မရောက်သွားအောင် ကြိုတင် ချင့်ချိန် ဆင်ခြင်ရပါမယ်။ ကြွေးသံသရာက ငရဲကြီး (၄) ထပ် https://www.facebook.com/fireflypsk/posts/118751782796439
- ကုန်ကြမ်းတွေ ဘယ်ကဝယ်မလဲ၊ အလုပ်သမား ဘယ်ကရမလဲ၊ ပြီးတော့ တစ်နေ့တာ လုပ်ငန်းစဉ်တွေကိုလည်း ကြိုတွေးပြီး အသေးစိတ် စီစဉ်ထားရမှာပါ။
လုပ်ငန်းတစ်ခုလုံးကို မလုပ်ခင် ဒီလို အသေးစိတ် စဉ်းစားချင့်ချိန် တွက်ချက်ထားပါ။ အချဉ်ဖမ်းဖို့ ဂျင်းထည့်ဖို့ ချောင်းနေတဲ့ သူတွေ ရှိတာကြောင့် ကိုယ်မကျွမ်းကျင်တဲ့ အလုပ်ဆို အရင်ဆုံး အချိန်ပေးပြီးလေ့လာစေချင်ပါတယ်။
ခုပြောတဲ့ အချက်တွေဟာ အစားအသောက်လုပ်ငန်း လုပ်မှ မဟုတ်ပါဘူး။ အဝတ်အထည်၊ နေရေးထိုင်ရေး၊ သွားရေးလာရေး စသဖြင့် ဘာလုပ်ငန်း လုပ်လုပ် အသုံးတည့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။
မတိမ်ကောတဲ့ စီးပွားရေး
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Saturday, September 26, 2020
မတိမ်ကောတဲ့ စီးပွားရေး
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...
No comments:
Post a Comment