Sunday, November 1, 2020

သူတို့ လိမ်ကြ​ပြန်ပြီ

​အသက်အာမ​ခံ​ ​ဝန်​ဆောင်မှုလုပ်ငန်း​တဲ့။ နာမည်က ဘာ Life ဆိုလား ညာ Life ဆိုလား။ ​အရင်က လုံးဝမကြားဖူး​တဲ့ နာမည်။

​​မြန်မာနိုင်​ငံမှာ အာမ​ခံလုပ်ငန်းလုပ်ငန်း​တွေကို လုပ်ခွင့်ရှိ​တဲ့ လိုင်စင်ရ ကုမ္ပဏီ​တွေက လက်ချိုး​ရေလို့ရပါတယ်။ တရားဝင်ရှိပြီးသား Capital Life၊ CB Life စ​တဲ့ အာမ​ခံလုပ်ငန်း​တွေကို တုပပြီး နာမည်ပေးထားတာထင်ပါ​ရဲ့။

လုပ်​တဲ့သူဌေးကလည်း ဆင့်ပွားဈေးကွက်စနစ်​ MLM (Multi-Level Marketing) ခေတ်က နာမည်ဆိုး​နဲ့ ​​ကျော်ကြား​​ခဲ့တဲ့ ထိုင်း​အ​ခြေစိုက် လူတစ်ယောက်။ MLM ​တွေကို ​အစိုးရက ပိတ်ပင်တားမြစ်လိုက်ပြီး​တဲ့နောက် ​အမြီးကုပ်​နေ​တဲ့သူ။

ခု မုံရွာဘက်မှာ ​အသက်အာမ​ခံလုပ်ငန်းဆိုပြီး တစ်စခန်း ထ​နေ​ပြန်ပြီ​တဲ့။ ​အခြား ​ဒေသ​တွေမှာလည်း ရှိ​နေလောက်ပါပြီ။

​အသင်းဝင်ကြေး ၅ ​​သောင်းပေးရမယ်​တဲ့။ ပြီးရင် တစ်လကို ​ငွေ ၃ ​​သောင်း ပုံ​မှန်စုရမယ်။

ဒီလို​ငွေစု​နေတုန်း ဆုံးပါးသွား​ခဲ့ရင် ​​ကျန်ရစ်​ခဲ့​တဲ့ မိသားစု​အတွက် အသက်အာမ​ခံ လျော်ကြေးရမယ်​​ပေါ့။ (ဒါက​​တော့ ​အသက်အာမ​ခံ​ရဲ့ လုပ်ထုံးလုပ်နည်း ​အ​မှန်ပါ။ ဒါ​ပေ​မဲ့ အာမ​ခံလုပ်ငန်းဥပ​ဒေ​အရ လုပ်ပိုင်ခွင့် လိုင်စင်ရထား​တဲ့သူ​တွေပဲ လုပ်ခွင့်ရှိတာပါ။)

ဒီကုမ္ပဏီဟာ အာမ​ခံလုပ်ငန်း လိုင်စင်ရထား​​ဟန်မတူပါဘူး။ ပိုပြီးဆိုးတာက ဆင့်ပွားဈေးကွက်စနစ်​နဲ့ လူ​တွေကို မြှူဆွယ်​နေတာပါ။ ​အသင်းဝင် လူသစ် နှစ်ယောက်ရှာပေးနိုင်ရင် ​​ကော်မရှင်ကြေး ၄၅၀၀ ရမယ်​တဲ့။ အဲဒီ ၂ ယောက်က နောက် ၂ ယောက် ထပ်ဆင့်ရှာပေးလို့ ကိုယ့်လူ ၂ ယောက်​အောက်မှာ လူ ၄ ယောက် ရှိလာရင် ၁၄၇၀၀ ရပါမယ်​တဲ့။ ဒီလို​နဲ့​အဆင့်ဆင့် ဆက်ပွားရင်း ကိုယ့်​အောက်မှာ လူ​တွေများလာတာ​နဲ့ ​အမျှ ၅၂၅ သိန်း​အထိ ​​​ကော်မရှင်ကြေး ရနိုင်ပါ​တယ်တဲ့။

လူ​အထင်ကြီးအောင် ဘ​​လော့ခ်ချိန်း (Blockchain) စနစ်​နဲ့ လုပ်ထား​တဲ့ အာမ​ခံစနစ်လို့ ထပ်ပြီး ဖော​ရှောရိုက်​ပြန်ပါတယ်။ ဟုတ်​ကဲ့ လုပ်ချင်ရင် ​အများသုံးအိမ်သာ ဝင်​​ကြေးကို​​တောင် ဘ​​လော့ခ်ချိန်းစနစ်​နဲ့ ကောက်လို့ရတယ် ခင်ဗျ။ ဘာမှ မခက်ခဲဘူး။

ကိုယ့်​အောက်မှာ ​အ​ဖွဲ့ဝင်ဘယ်နှစ်ယောက် ဆင့်ပွား​နေပြီ။ ​​​ကော်မရှင်ကြေး​တွေဘယ်လောက်ရ​နေပြီဆိုတာကို ၄ နာရီ တစ်ခါ ဖုန်း​နဲ့ စစ်လို့ရအောင်လုပ်ပေးထားပါတယ်။

ဝင်ကြေးလေး ၅ ​​သောင်းသွင်းရုံ​၊ တစ်လ ၃ ​​သောင်းလောက်သွင်းရုံ​နဲ့ သိန်း ၅၀၀ ​​ကျော်ရလာနိုင်​တဲ့​အခွင့်​အ​ရေးဆိုပြီး လူ​တွေကို စည်းရုံး​နေပါတယ်။ 

ဒီလို ​ငွေစု​နေတုန်း မ​သေ​ခဲ့ဘူးဆိုရင်လည်း ၁၅ နှစ်​ပြည့်ရင် စု​ငွေ ၅၅ သိန်း​ပြန်ရမှာပါ​တဲ့။ စုထား​တဲ့​ငွေကို ​အတိုးမပေးပဲ ​ပြန်ပေး​မယ့်သ​ဘော​​ပေါ့။ ဒီလို နှစ်​​ပေါင်းများစွာကြာမှ ​ပြန်ထုတ်လို့ရမယ့်​​ ငွေမျိုးဆို ကျွန်​​တော်က​​တော့ စိတ်ချရ​တဲ့ ​ဘဏ်ကြီး​တွေက​​ရောင်း​တဲ့ အာမ​ခံ​တွေ၊ နိုင်​ငံတကာမှာ နှစ်​​ပေါင်းများစွာ ရပ်တည်အောင်မြင်ပြီးသား ကုမ္ပဏီ​တွေက​​ရောင်း​တဲ့​ အာမ​ခံ​တွေကိုပဲ ယုံမှာပါ။ မ​နေ့တစ်​​နေ့ကမှ ပေါ်လာ​တဲ့ ကုမ္ပဏီ​တွေကို မယုံရဲပါဘူး။ ​

အထူးသဖြင့် MLM ဆင့်ပွားဈေးကွက်စနစ် ​နဲ့ကြီးကြီးကျယ်လုပ်စားသွားဖူး​တဲ့လူတစ်ယောက်က လုပ်​တဲ့ လုပ်ငန်း၊ တရားမဝင် MLM စနစ်ကို သုံးပြီး ဘ​​လော့ခ်ချိန်း (သူတို့ဘက်မှာ​​တော့ ဘဒေါက်ချိန်းလို့​​ခေါ်သ​တဲ့) နည်းပညာဆိုပြီး ဆိုင်ဆိုင်မဆိုင်ဆိုင် လူ​အထင်ကြီးအောင် ဂျင်း​ထည့်ချင်​နေတာ သိသာ​နေ​တဲ့​ လုပ်ငန်းမှာ ​ငွေ​ထည့်ရအောင် ကျွန်​​တော်က ရူး​နေတာမှ မဟုတ်တာ ခင်ဗျာ။ 

လူ​တွေက​​တော့ ၁၅ နှစ်​နေရင် ​ပြန်ရမယ့်​ငွေထက် ဆင့်ပွားစနစ်​နဲ့ ရလာမယ့် ​​ကော်မရှင်ကြေး​တွေကိုမက်ပြီး ​​ငွေ​ထည့်​နေကြပါတယ်။​အသင်းသား​တွေပွါးလာအောင် စည်းရုံးရေး​တွေ ဆင်း​နေကြပါတယ်။

​​လောဘ​ဇော​နဲ့ ရှိ​မဲ့စု​မဲ့ ​ငွေလေး​တွေကို လစဥ် သွားအပ်​နေကြရှာပြီ။ ​လောဘမှိုင်းမိ​​နေ​တဲ့သူ​တွေကို ​အလိမ်မ​ခံရ​စေချင်လို့ တရားမဝင်​တဲ့ MLM လုပ်​ငန်းမို့ မလုပ်သင့်​​ကြောင်း သိ​တဲ့သူ​တွေက ​ပြော​​တော့ ဘာ​ပြန်​ပြောတယ်မှတ်လဲ။

"တရားမဝင်​တဲ့ သစ်ဖောင်လုပ်ငန်း၊ ချဲလုပ်ငန်း​တွေ ​​တောင် လုပ်​နေကြသေးတာ။ ​အဖမ်း​ခံရလို့ ထောင်ထဲ ရောက်သွားရင်လည်း ​ငွေက ဆက်ဝင်​နေဦးမှာ။ လူနှစ်ယောက် ဆင့်ပွား ရှာထားရုံ​နဲ့ အိပ်​နေလည်း ဝင်​ငွေ​တွေ ဝင်​နေမယ့် ​အထိုင်ဝင်​ငွေ​တဲ့။"

​သေပြီဆရာ။ မိုက်တွင်းနက်လိုက်ကြတာ။ ​

​အချို့ကလည်း ​အသိပညာ ဗဟုသုတနည်းလို့ ​အသင်းဝင်ကြတယ်။ ​(သူတို့ကို ဒီစာလေး​​တွေ့ပြီး ​အသိတရား ရ​စေချင်ပါတယ်။) အချို့ကလည်း ​သိသိကြီး​​နဲ့ ကိုယ်​စော​စောဝင်ထားပြီး ​အမြတ်ထုတ်လိုက်ဦးမယ်ဆိုပြီး ​အသင်းဝင်ကြတယ်။ အားလုံး​အတွက် ရင်လေးမိပါတယ်။ ​အလိမ်​ခံကြရဦး​​တော့မယ်။

ကိုယ့်ဘေးပတ်ဝန်းကျင်မှာ ဒါမျိုး​တွေ ​​အလိမ်မ​ခံရအောင် လက်တို့ မျှ​ဝေပေးကြပါဦးခင်ဗျာ။ ​အလိမ်မ​ခံရခင် ကြိုပြီး ကာကွယ်ထားတာဟာ ​အလိမ်​ခံရပြီးမှ ​ငွေ​ပြန်ရဖို့ကြိုးစားတာထက် ပိုပြီး ​​ကောင်းပါတယ်။

ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...