ဒီနေ့တော့ နောက်ထပ် ဆွေးနွေးပွဲလေးတစ်ခုလောက် လုပ်ချင်ပါတယ်။
လူလိမ်တစ်ယောက်ဟာ အခြား နောက်လူတစ်ယောက် အယောင်ဆောင်ပြီး လိမ်နေရင် လူလိမ်မှန်း အတုမှန်း ဘယ်လို သိနိုင်မလဲ ဆိုတာကို ဆွေးနွေးစေချင်ပါတယ်။
ဥပမာ (၃) ခု ပေးထားပါတယ်။ ပထမ နှစ်ခုက တစ်ကယ့် အဖြစ်အပျက်ပါ။ တတိယ တစ်ခုကတော့ မဖြစ်သေးပါဘူး။ ဖြစ်လာနိုင်တယ်ပေါ့။
(၁) ဖုန်းထဲကို မက်စေ့ချ်စာ ရောက်လာတယ်။ ဖုန်းနာပါတ်က +959794****** ပါ။
စာမှာပါတာက "သင့်ရဲ့ ဖုန်း ဆင်ကဒ်ဟာ အမေရိကန်နိုင်ငံ AT&T က ပေးတဲ့ နိုင်ငံတကာ ကံစမ်းမဲပွဲမှာ အမေရိကန်ဒေါ်လာ တစ်သန်းပေါက်ပါတယ်။ ဆုကြေးငွေကို ထုတ်ယူဖို့ attaud@hotmail.com ကို သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ အီးမေးပို့ပေးပါ။"
ဒါဟာ အမေရိကန် ဆက်သွယ်ရေး ကုမ္ပဏီကြီးယောင်ဆောင်ထားတဲ့ အတုအယောင် လိမ်ဆင်ကြီးပါ။ ပို့ထားတဲ့စာကနေ ဘယ် သဲလွန်စတွေကို ကြည့်ပြီး အလိမ်မှန်း သိနိုင်မလဲ ခင်ဗျာ။
(၂) လူတစ်ယောက်က ဦးတေဇရဲ့ PA တဲ့။ ကျောင်းသူလေးတွေကို နိုင်ငံခြား ပညာတော်သင် လွှတ်ချင်လို့ပါဆိုပြီး ချဥ်းကပ်တယ်။ နိုင်ငံခြားကျောင်းတက်ဖို့ လျှောက်လွှာဖိုးတွေ သိန်းနဲ့ချီပြီး တောင်းနေတယ်။ အဲဒီလူ လူလိမ်ဖြစ်ကြောင်း ဘယ်လိုသိနိုင်မလဲ။
(၃) ပိုးစုန်းကြူး ပေ့ချ်မှာ ပုံမှန် ဝင်မန့်နေသူတွေကို ပစ်မှတ်ထားပြီး လူလိမ်တစ်ယောက်က အကောင့်တုတစ်ခုနဲ့ စကားလာပြောမယ်။ ပိုးစုန်းကြူးပါဆိုပြီး ပြောမယ်။ အပြင်မှာတွေ့ဖို့ ချိန်းမယ်။ ပြီးရင် တို့ဆေးလား၊ ထမင်းကြော်လား၊ ရှိတာ လုသွားမှာလား တစ်ခုခုပဲ။ အလိမ်မခံရခင် ဒီလူ ပိုးစုန်းကြူး အစစ် ဟုတ်မဟုတ် ဘယ်လို စစ်ဆေးနိုင်မလဲ။
မှတ်ချက်လေးတွေ ပေးပြီး ဆွေးနွေးပေးကြပါဦးခင်ဗျာ။ ကျေးဇူးပါ။
ကိုယ်သဘောကျတဲ့ မှတ်ချက်လေးတွေကို တွေ့ရင်လည်း ဆွေးနွေးသူ အချင်းချင်း လက်မလေးတွေ၊ အသည်းလေးတွေ ပေးသွားကြပါဦး ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Sunday, November 1, 2020
လူညာကြီး
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...
No comments:
Post a Comment