Sunday, November 1, 2020

လူညာကြီး

ဒီ​​နေ့​​တော့ နောက်ထပ် ဆွေးနွေးပွဲလေးတစ်ခုလောက် ​​​​လုပ်ချင်ပါတယ်။

လူလိမ်တစ်ယောက်ဟာ ​​အခြား နောက်လူတစ်ယောက် ​အယောင်​ဆောင်ပြီး လိမ်​​နေရင် လူလိမ်မှန်း ​အတုမှန်း ဘယ်လို သိနိုင်မလဲ ဆိုတာကို ဆွေးနွေး​စေချင်ပါတယ်။

ဥပမာ (၃) ခု ပေးထားပါတယ်။ ပထမ နှစ်ခုက တစ်ကယ့်  ​အဖြစ်​အပျက်ပါ။ တတိယ တစ်ခုက​​တော့ မဖြစ်သေးပါဘူး။ ဖြစ်လာနိုင်တယ်​​ပေါ့။ ​

(၁) ဖုန်းထဲကို မက်​​စေ့ချ်စာ ရောက်လာတယ်။ ​ဖုန်းနာပါတ်က +959794****** ပါ။

စာမှာပါတာက "သင့်​ရဲ့ ဖုန်း ဆင်ကဒ်ဟာ ​အ​မေရိ​ကန်နိုင်​ငံ AT&T က ပေး​တဲ့ နိုင်​ငံတကာ ​ကံစမ်းမဲပွဲမှာ ​အ​မေရိ​ကန်​​ဒေါ်လာ တစ်သန်းပေါက်ပါတယ်။ ဆုကြေး​ငွေကို ထုတ်ယူဖို့ attaud@hotmail.com ကို သင့်​ရဲ့ ကိုယ်ရေးကိုယ်တာ ​အချက်​အလက်​တွေ အီးမေးပို့ပေးပါ။"

ဒါဟာ ​အ​မေရိ​ကန် ဆက်သွယ်ရေး ကုမ္ပဏီကြီး​ယောင်​ဆောင်ထား​တဲ့ ​အတု​အ​ယောင် လိမ်ဆင်ကြီးပါ။ ​ပို့ထား​တဲ့စာက​နေ ဘယ်​ သဲလွန်စ​တွေကို ကြည့်ပြီး အလိမ်မှန်း သိနိုင်မလဲ ခင်ဗျာ။

(၂) လူတစ်ယောက်က ဦး​တေဇ​ရဲ့ PA ​တဲ့။ ​​ကျောင်းသူလေး​တွေကို နိုင်​ငံခြား ပညာ​​တော်သင် လွှတ်ချင်လို့ပါဆိုပြီး ချဥ်းကပ်တယ်။ နိုင်​ငံခြား​​ကျောင်းတက်ဖို့ လျှောက်လွှာဖိုး​တွေ သိန်း​နဲ့ချီပြီး ​​တောင်း​နေတယ်။ အဲဒီလူ လူလိမ်ဖြစ်​​ကြောင်း ဘယ်လိုသိနိုင်မလဲ။

(၃) ပိုးစုန်းကြူး ​​ပေ့ချ်မှာ ပုံ​မှန် ဝင်မန့်​နေသူ​တွေကို ပစ်မှတ်ထားပြီး လူလိမ်တစ်ယောက်က ​အ​​ကောင့်တုတစ်ခု​နဲ့ စကားလာ​ပြောမယ်။ ပိုးစုန်းကြူးပါဆိုပြီး ​ပြောမယ်။ အပြင်မှာ​​တွေ့ဖို့ ချိန်းမယ်။ ပြီးရင် တို့ဆေးလား၊ ထမင်း​​​ကြော်လား၊ ရှိတာ လုသွားမှာလား တစ်ခုခုပဲ။ ​အလိမ်မ​ခံရခင် ဒီလူ​ ပိုးစုန်းကြူး ​အစစ် ဟုတ်မဟုတ် ဘယ်လို စစ်ဆေးနိုင်မလဲ။

မှတ်ချက်လေး​တွေ ပေးပြီး ဆွေးနွေးပေးကြပါဦးခင်ဗျာ။ ကျေးဇူးပါ။

ကိုယ်သ​ဘောကျ​တဲ့ မှတ်ချက်လေး​တွေကို ​​တွေ့ရင်လည်း ဆွေးနွေးသူ ​အချင်းချင်း လက်မ​​လေး​တွေ၊ ​အသည်းလေး​တွေ ပေးသွားကြပါဦး ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment