Sunday, November 1, 2020

မ​ပြည့်​တဲ့ အိုး



မ​​ပြည့်​တဲ့ အိုးက ​​ဘောင်ဘင်ခတ် တယ်ခင်ဗျ။ ဥပမာ ကျွန်​​တော်လို ​​ကောင်မျိုးပါ။ မ​ပြည့်​တဲ့ အိုး ​​ပေါ့။

စီးပွားရေးပညာရှင်မဟုတ် ဘာမဟုတ်​နဲ့ ​ငွေရေးကြေးရေး ကိစ္စ​တွေ ​အတွေး​အမြင်​တွေကို လိုင်း​​ပေါ်မှာ ​​ဘောင်ဘင် ဝင်ခတ် တက်ရေးပါတယ်။ ​မှန်တာ​တွေရေးသလို မှားတာ​တွေလည်း ပါမှာပါ။ ​

ရေ​ပြည့်​တဲ့ အိုးကြီး​တွေက​​တော့ ကျွန်​​တော့်ကို ကြည့်ပြီး ရယ်​နေကြမယ် ထင်ပါ​ရဲ့။ ​​

​ရေမရှိ​တဲ့ အိုး​တွေလည်း ​​ဘောင်ဘင်မခတ်​ပြန်ပါဘူး။ ပြဿနာက ​ရေနည်းနည်းရှိ​တဲ့ အိုး​တွေ​နဲ့ ​ရေမ​ပြည့်တ​ပြည့် အိုး​တွေပါ။ မမြင်ဖူးရင် ပိုးစုန်းကြူးကိုသာကြည့်။

ကဲ ကိုယ့်​​ပေါင်ကိုယ် ​လှန်​​ထောင်းပြီး​​တော့ သူများ​​ပေါင်​တွေ ​​​လှည့်ထောင်းပါ​​တော့မယ်။

တခါတ​လေမှာ နည်းနည်းလောက် တတ်တာက လုံးဝမတတ်ထက် ပို​​ဆိုးနေတတ်ပါတယ်။

ဥပမာ ​အင်္ဂလိပ်စာလေး နည်းနည်းပါးပါးတတ်တယ်။ နိုင်​ငံခြားက လူ​​တစ်ယောက်က အင်္ဂလိပ်လို စကားလာ စ​ပြော​​တော့ လိုင်း​​ပေါ်မှာပဲ ခင်မင် ချစ်ကျွမ်းဝင်ကြတယ်​​ပေါ့။ မကြာပါဘူး။ ချစ်လွန်းလို့ ​တန်ဖိုးကြီး လက်​ဆောင်ပို့လိုက်တယ်၊ ​ဒါမှမဟုတ် ငွေ​တွေ ​အများကြီးပို့လိုက်တယ်ဆိုပြီး ​ပြောပါ​လေ​ရော။ ဟာ ဝမ်းသာလိုက်တာ။ ဒါ​ပေ​မဲ့ လက်​ဆောင်က မရောက်သေးဘူး၊ ပို့ခ လွှဲရမယ် ဒါမှမဟုတ် ​အကောက်ခွန်က ရစ်​နေလို့ လက်​ဆောင်ရချင်ရင် ​ငွေ​အရင်လွှဲမှရမယ် ဆိုပြီး ဖြစ်လာတယ်။ အဲဒါ ​အလိမ်​တွေပါ။

တကယ်လို့ အင်္ဂလိပ်စာ လုံးဝမတတ်ရင် ဒီလူ​တွေ​ရဲ့ ​အလိမ် မ​ခံရလောက်ဘူး။ သူတို့ ဘာ​ပြော​နေမှန်း မသိလို့​လေ။ (ဒါ​​တောင် နောက်ပိုင်း ​မြန်မာ ဘာသာ​နဲ့ လိမ်လာကြပြီ။) ခု​​တော့ အင်္ဂလိပ်စာလေး နည်းနည်း တတ်​​တော့ ​ခံရပြီ။

နောက်တစ်ခါ ဒစ်ဂျစ်တယ် ​ငွေကြေး Cryptocurrency ​အ​​ကြောင်း နည်းနည်းပါးပါး ဖတ်ထားသိထား​တဲ့ သူ​တွေ။ သိတာက နည်းနည်း၊ ​အလိမ်​တွေ လာဆွယ်​​တော့ ငါသိတယ် ငါတတ်တယ်၊ ​ငွေမြတ်တာလည်း ဖတ်ဖူးတယ် ဆိုပြီး ​ငွေ​​ထည့်။ လုံးဝ မသိရင် မသိဘူးဆိုပြီး ငြင်းရင် ငြင်းလိုက်ဦးမယ်။ (ဒါ​​တောင် ဘာမှ မသိပဲ ​ငွေ​​ထည့်​တဲ့ သူ​တွေလည်း ရှိပါ​ရဲ့။) ခု​​တော့ ကိုယ် သိသလိုလို ကြားဖူး​နေ​တဲ့ ကိစ္စ​နဲ့ လာဆွယ်​​တော့ ယုံမိပြီး ​အလိမ်​ခံရရော။

နောက်တစ်ခါ ဟိုစပ်စပ် ဒီစပ်စပ် ဗဟုသုတ ရှိတဲ့ သူ​တွေ။ နိုင်​ငံတကာ စီးပွားရေး သတင်း​တွေကိုလည်း လိုက်မီတယ်။ စီးပွားရေး​ ​အ​​ကြောင်း​တွေ ​အ​​တော်​အသင့် နားလည်တယ် ​​ပေါ့။

ဥပမာ ဆိုပါစို့။ ဗီဒီယိုတစ်ခုမှာ iPhone 6 ကို ​​ဒေါ်လာ ၁၀၀ ​​ကျော်​နဲ့ ထုတ်လုပ်ပြီး ​​ဒေါ်လာ ၅၀၀ ​​ကျော်​နဲ့ ​​ရောင်းတာ ဆ​နဲ့ မြတ်တယ်ဆိုပြီး မှတ်ထားလိုက်မိတယ်။ (​တိုင်းမ်မဂ္ဂဇင်းမှာ ရေးထားတာက iPhone 6 တစ်လုံး​ရဲ့ ပစ္စည်း​တန်ဖိုး​နဲ့ ထုတ်လုပ်စရိတ်ဟာ ​​ဒေါ်လာ ၂၀၀ ရှိပြီး တစ်လုံးကို ​​​ဒေါ်လာ ၆၀၀ ​​ကျော်​နဲ့ ​​ရောင်းပါသ​တဲ့။ ဒီလောက်ကွာတာ​​တော့ ထားပါ။)

အဲဒီမှာ ​ဒီလို တစ်ရက်ကို ၁၀% မြတ်တယ်ဆိုတာ ဖြစ်နိုင်​​ကြောင်း။ နိုင်​ငံခြားမှာ Apple ကုမ္ပဏီဟာ ရာခိုင်နှုန်းမ​​ပြော​နဲ့၊ ဆ​နဲ့ချီပြီး မြတ်​​ကြောင်း ​ပြောပါ​လေ​ရော။ ​

ဒါ​ပေ​မဲ့ ဒါဟာ ​တစ်ပိုင်းတစ်စပဲ ​မှန်ပြီး အ​ပြည့်​အဝ မ​မှန်ပါဘူး ခင်ဗျ။ အိုင်ဖုန်း iPhone ထုတ်လုပ်ဖို့ ပစ္စည်း​တန်ဖိုး​နဲ့ စက်ရုံမှာ ထုတ်လုပ်​တဲ့ စရိတ်ပဲ ကုန်တာမှ မဟုတ်တာ ခင်ဗျာ။ နည်းပညာ သု​တေသန စရိတ်​တွေ၊ ​​ဆော့ဝဲ ဖိုးတွေ၊ သယ်ယူပို့​ဆောင်ခ​တွေ၊ ​​ကြော်ငြာခ​တွေ၊ လိုင်စင်ခ​တွေ၊ ဝန်ထမ်းခ​တွေ စတာ​တွေ ဘာဆိုဘာမှ ​​ထည့်မတွက်ရ​သေးပါဘူး။

အဲဒါ​တွေပါ ​ထည့်တွက်ရင် Apple ကုမ္ပဏီဟာ ဒီလောက် မမြတ်ပါဘူး။ လက်ရှိ ၂၀၁၉ မှာ ​အသုံးစရိတ်​ထွက်​ငွေတွေ ​အားလုံး နှုတ်လိုက်ရင် ပျမ်းမျှကို ​​ဒေါ်လာ ၁၀၀ ဖိုး​​ရောင်းရမှ ၂၁.၅ ​​ဒေါ်လာလောက် မြတ်တာပါ။ ဆ ​နဲ့ချီ မြတ်မ​နေပါဘူး။

ဒါကို ​ထည့်မတွက်ပဲ၊ ​အားလုံးကို ခြုံငုံမသိပဲ ကြည့်မိ​​တဲ့ တစ်ပိုင်းတစ်စ ဗီဒီယိုထဲက တစ်ပိုင်းတစ်စ ​အချက်​အလက်​တွေ​​ကြောင့် ကောက်ချက်​အမှား​တွေ ထွက်လာတာ ဘာမှမသိတာထက် ​အန္တရာယ်များပါတယ်။ အဲဒါ​တွေကို မသိ​တဲ့သူ​တွေကို သွား​ပြောရင် ​အဟုတ်ကြီးထင်သွားနိုင်ပါတယ်။ ​အဆိပ်သင့်နိုင်ပါတယ်။

Apple ကုမ္ပဏီက ဆ​နဲ့ချီမြတ်​နေပါတယ်လို့ ထင်သွားပြီး ၃ ​​သောင်းရင်းရင် တစ်ရက်ကို ၁၀% မြတ်၊ တစ်နှစ်ကို ၃၆ ဆမြတ်မယ်ဆို​တဲ့ လုပ်ငန်းကို ယုံလိုက်ရင် မှားသွားမှာ ​​ပေါ့ခင်ဗျာ။

အဲဒီ​နေရာမှာ Apple ကုမ္ပဏီ ဘယ်လောက်မြတ်လို့မြတ်​နေမှန်းမသိလို့ တစ်ရက် ၁၀% မြတ်မယ်ဆို​တဲ့ ​​ကြော်ငြာကို မယုံ​တဲ့ သူက ​အလိမ် ​အန္တရာယ်က ကင်းသွားနိုင်ပါတယ်။

နိုင်​ငံတကာ ဈေးကွက်ကို တစ်ဝက်တစ်ပျက် သိထားပြီး နိုင်​ငံခြားက ကုမ္ပဏီ​တွေ ဆ​နဲ့ချီမြတ်​နေတာမို့ တစ်ရက် ၁၀% ဆိုတာ ဖြစ်နိုင်ပါတယ်လို့ ထင်​တဲ့သူ​တွေ ​ခံရဖို့ ရှိပါတယ်။ စိတ်ဝင်တစား သွားမေးကြည့်မယ်။ ​အလိမ်သမားက ​ဖော​ရှော​​ကောင်းလို့ ကိုယ်သိထားတာလေး​တွေ​နဲ့ ကိုက်ရင် သ​ဘောကျရင် ​ငွေ​​ထည့်လိုက်​​တော့မယ်။ ​ခံရပြီ။

​အလိမ်ပို့စ် ​​ဆောင်းပါး​တွေပဲ ထပ်​နေတယ်လို့ ​ပြောလည်း ​ခံရမှာပဲ ခင်ဗျ။ ခုတ​လော ​အလိမ်​ခံရ​တဲ့ သတင်း​တွေ များလွန်းလို့ ရေးရ​မယ့် တာ​ဝန် မကုန်သေးဘူးလို့ထင်လို့ ထပ်ရေးရပါတယ်။

ရေးသာရေးရတယ် သိပြီး​တဲ့ သူ​တွေ ဖတ်​နေကျသူ​တွေပဲ ပိုပိုပြီး သိသွား​​တော့လည်း ခက်သားလားဗျာ။ ဒါ​တွေပဲ ရေး​နေလို့ မျက်​​စေ့ နောက်​နေကြလောက်ပြီ။ လတ်တ​လော ​အလိမ်​ခံ​နေရ​တဲ့လူ​တွေက​​တော့ ဒီစာ​တွေကို ရှိလို့ ရှိမှန်း​​တောင် မသိကြ​၊ ​အလိမ်​ခံရပြီးမှ ရောက်လာကြ​တော့လည်း မချင့်မရဲ​​တော့ ​​​​ဖြစ်မိပါတယ် ခင်ဗျ။

​​ဖေ့စ်ဘွတ်​ရဲ့ ရှုပ်ရှက်ခတ်လှပါ​တဲ့ အယ်လ်ဂိုရစ်​သမ်​တွေကြားမှာ ပိုးစုန်းကြူး မ​ပြည့်အိုး​ရဲ့ဘောင်ဘင်ခတ်​သံ​တွေဟာ လိုအပ်​တဲ့သူ​တွေဆီ မရောက်ပဲ ပျောက်ပျောက်သွားသဗျ။ ​အဟဲ။

ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment