Sunday, November 1, 2020

စာမေးပွဲ

ဒီ​​နေ့​​တော့ ​​ကျောင်းဆရာ ပိုးစုန်းကြူးက စာမေးပွဲ စစ်ပါမယ်​တဲ့ ခင်ဗျ။

မေးခွန်းက လွယ်ပါတယ်။ တစ်ပုဒ်တည်းရယ်။

​အောက်မှာ ရေးထား​တဲ့ ​​ကြော်ငြာလေးကို ဖတ်ပေးပါ။ လိုင်း​​ပေါ်မှာ မြင်ဖူး​နေကျ တစ်ကယ်ရှိတာလေးကို တိုက်ရိုက် ကူးချထားတာပါ။ အန်စင်း unseen မဟုတ်ပါဘူး။ မေးခွန်း သတ်မထားပါဘူး။

***************
​​​အထူး​​ကြော်ငြာ
***************

Daily Business Job

၃ဝ,ဝဝဝ ရင်းရင် တစ်ရက်ကို ၃ဝဝဝ ရမယ်
၅ဝ,ဝဝဝ ရင်းရင် တစ်ရက်ကို ၅ဝဝဝ ရမယ်
၁ဝဝ,ဝဝဝ ရင်းရင် တစ်ရက်ကို ၇ဝဝဝ ရမယ်

၂၅ ရက်နေ့ အထိရမှာနော်
၂၅ ရက်နေ့ အရင်းပြန်ရမယ်
လူအကန့်အသတ် ရှိပါသည်
၁ဝ ယောက်သာ လက်ခံပါမည်

မှတ်ချက်..... ဒီနေ့ရင်းရင် နောက်နေ့အမြတ် စ ရမယ်နော်

စျေးကွက်လုပ်ငန်းဖြစ်တဲ့အတွက် ငွေစျေးတက်ရင်တက်သလို အမြတ်ပိုရပါမယ်နော်

အရင်းအနှီး နည်းနည်းလေးကနေ စတင်ပါဝင်လို့ရတဲ့ အလုပ်ဖြစ်သည့်အတွက် ယုံကြည်မှုနဲ့ အရင် စတင်လက်တွဲကြရမှာ ဖြစ်ပါတယ်နော်

အမှန်တကယ် အလုပ်ကို စိတ်ပါဝင်စားမှသာလျင် မေးမြန်းခြင်းကို ပြန်လည်ဖြေရှင်းပြပေးပါမည်

Money Transfer only Wave Money
အသေးစိတ်သိရှိလိုပါက Cb

********
​​​ပြီးပါပြီ
********

​ကဲ ဖတ်ပြီးပြီဆို​​တော့ ဘာလုပ်သင့်လဲ ဆိုတာ ​အ​ဖြေ ရေး​ခဲ့ပါဦး​​။ ​မ​ဖြေရင် စာမေးပွဲ ကျမှာ​​နော်။ ​နာမည်ရေး၊ ခုံ​နံပါတ်ထိုး၊ မေးခွန်း​ပြန်ကူး​​ထည့်ပြီး မျဥ်းပိတ်သွားရင် အောင်မှတ်လေး​​တော့ ရ​တဲ့ ခေတ်ကုန်သွားပြီ။ ​ထင်တာပဲ။ အ​ဟဲ။

​​အ​ဖြေ​မှန်က (၁) လား (၂) လား (၃) လား (၄) လား (၅) လား ဆိုတာ ​ရွေးပြီး မှတ်ချက် ပေး​ခဲ့ပါဦး။

(၁) ​ဟာ မိုက်လှချည်လား။ ၁၀ ရက်ဆို ​အရင်း​​ကျေပြီ။ ၁၀ ယောက်ပဲ လက်​ခံမယ်​တဲ့။ ​မြန်​မြန်လေး ​ငွေလွှဲလိုက်မှ စိတ်ချရမှာ။ ခုပဲ CB မှာမေး ​ငွေလွှဲလိုက်​​တော့မယ်။

(၂) စိတ်ဝင်စားစရာပဲ။ ​ဒါမျိုး ရှာ​နေတာ။ CB မှာ အသေးစိတ် မေးကြည့်ဦးမှပါ။ သူ​ပြောပြတာ ယုံရတယ် ဆိုရင်​​တော့ ​ငွေ​​ထည့်မယ်။

(၃) ဟိုးဟိုး ဒါမျိုး​တွေ ရိုး​နေပြီ။ ​အလိမ်ကြီး။ ဒိုးလိုက်​​တော့။

(၄) လိမ်​နေတာ။ ပို့်စ်ကို ဟဟ ပေးမယ်။ ရီပို့ ထုမယ်။ နောက်လူ​တွေ မမှားရ အောင် သတိပေးမယ်။ မှတ်ချက်မှာလည်း တစ်ခုခု ရေး​ခဲ့မယ်။ (ဘာရေး​ခဲ့မှာလဲဆိုတာလေးကို ဒီ​အောက်မှာ မှတ်ချက်ပေး​ခဲ့ပါဦး။ ဟာသပါတဲ့ မှတ်ချက်ဆို ​အမှတ်ပိုရမယ်​​နော်။)

(၅) ၅ ကို ရွေး လိုက်ရင်​​တော့ ​အ​​ပေါ်က ​အ​ဖြေ ၄ မျိုးလုံး တစ်ခုမှ မကြိုက်။ ဒါဆို ကိုယ်ကြိုက်​တဲ့ ​အ​ဖြေ ​ထည့်​ဖြေ သွားရမှာပါ။ ၅ ကို ရွေးပြီး ဘာလုပ်သင့်လဲ ​​ထည့်မ​ဖြေရင် ဘဲဥ မကွဲပါဘူး​တဲ့။

မှတ်ချက်တိုင်းကို ​​​ကျောင်းဆရာ ပိုးစုန်းကြူးက ​အမှတ်ခြစ်ပြီး ​ပြန်​ပြောပေးမှာ​​နော်။ ​ရွေးချယ်​တဲ့​အ​ဖြေ​​ပေါ်မူတည်ပြီး ​အမှတ်က သုညက​နေ ၁၀၀ ထိ ဖြစ်နိုင်တယ်။

ကဲ ​ဖြေလို့ ရပါပြီ။ ဘေးကလူဆီက​​တော့ ခိုးမချ​နဲ့​​နော်။ ​​

ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment