Sunday, November 1, 2020

လိုင်း​​ပေါ်မှာ ​​ဒေါ်လာ ၅၀၀ ရမယ့်နည်း

ခုတ​လော လိုင်း​​ပေါ်မှာ ​ခေတ်စား​​နေတာလေးပါ။

"လူတစ်ယောက် ​​ခေါ် ​ပေးနိုင်ရင် ၁၀ ဒေါ်လာရမယ်။ ​အယောက် ၅၀ ​​ခေါ်နိုင်ရင် ​​ဒေါ်လာ ၅၀၀ ရမယ်။ လွယ်လွယ်လေး။ ​အရင်ဆုံး Telegram App ကို ​​​​ဒေါင်းလုပ်ဆွဲပြီး ဖွင့်ပါ။ ပြီးရင် Viuly Bot ထဲဝင်ဖို့ ဒီ link လေးကို နှိပ်ပါ။"

လိုင်း​​ပေါ်မှာ လူ​​အယောက် ၅၀ ကို ရှာပြီး ဒီလိုလေး ဆင့်ပွား လုပ်ခိုင်းလိုက်တာ​နဲ့ ​​ဒေါ်လာ ၅၀၀ (​မြန်မာ​ငွေ ၇ သိန်း ​​ကျော်လောက်) ရမယ်ဆို​​တော့ စိတ်ဝင်စား​တဲ့လူ​တွေ များလှပါတယ်။

ဒီလောက်​ငွေကို လွယ်လွယ်​နဲ့ ​မရနိုင်​​ကြောင်း ကျွန်​​တော် ​​လေ့လာမိသလောက်ကို အားလုံး သိရအောင် မျှ​ဝေပေးလိုက်ပါတယ်။

ပထမဆုံး​ပြောချင်တာက​​တော့ Telegram App မှာ လူလိမ်​တွေ ​ကျက်စားပါတယ်။ Telegram App က Bot (​အလို​အလျောက် စာ​ပြန်စက်) ​တွေကို ​အယုံမလွယ်ဖို့ သတိပေးထား​တဲ့ ​​ဆောင်းပါး​တွေ လိုင်း​​ပေါ်မှာ ​အများကြီးရှိပါတယ်။

Telegram App ကို ဒေါင်းလုပ်ဆွဲ၊ ဖွင့်ပြီးလို့ Viuly Bot ထဲဝင်လိုက်ရင် Viuly Bot က Viuly ကွိုင် (ဒစ်ဂျစ်တယ် ​အ​ကြွေ​​စေ့) တွေဟာ တစ်ကွိုင်ကို တစ်​​ဒေါ်လာ​တန်​​ကြောင်း၊ ကွိုင် ၁၀၀ ကို ​​ဒေါ်လာ ၁၀၀ ​တန်​​ကြောင်း၊ သူငယ်ချင်း​တွေကို ဒီ Viuly ထဲကို ဖိတ်​​ခေါ်ပေးနိုင်ရင် တစ်ယောက်ကို ၁၀ ကွိုင်၊ ​အယောက် ၅၀ ဆို ကွိုင် ၅၀၀ ရမှာ ဖြစ်​​ကြောင်း ရှင်းပြပါလိမ့်မယ်။

လူသစ် တစ်ယောက်ယောက်ကို အောင်အောင် မြင်မြင် ဖိတ်​​ခေါ်လိုက်ပြီးတိုင်းမှာ ကိုယ့်​အ​​ကောင့်ထဲမှာ Viuly ၁၀ ကွိုင်တက်လာတာကိုလည်း ဝမ်းသာစရာ မြင်ရမှာပါ။ ဒီလို​နဲ့ လူ​တွေက တကယ်ထင်ပြီး ​အခြား လူ​တွေကို ဝင်ပါကြဖို့ ဆွယ်ကြ​​တော့တာပါပဲ။ ကိုယ် ဖိတ်​​ခေါ်လိုက်​တဲ့လူ ၅၀ ​ပြည့်ရင် ကွိုင် ၅၀၀ ရမယ်။ ကွိုင် ၅၀၀ ရရင် ​​ဒေါ်လာ ၅၀၀ ရမယ်လို့ ထင်​နေကြ​လေ​ရဲ့။

​လိမ်​နေ​​ကြောင်း သိနိုင်​တဲ့ အဓိက ​အချက်က​​တော့ Viuly ၁ ကွိုင်ဟာ ၁ ​​ဒေါ်လာ မ​တန်ပါဘူး။ လက်ရှိပေါက်ဈေး​အရ Viuly ၁ ကွိုင်ဟာ $0.00007 ပဲ​​တန်ဖိုးရှိပါတယ်။ ​မြန်မာ​ငွေ​နဲ့တွက်ရင် ၁၀ ပြားပဲ​တန်ပါတယ်။ လူ ၅၀ ကို ဖိတ်​​ခေါ်နိုင်လို့ Viuly ၅၀၀ ရရင်​​တောင် ​မြန်မာ​ငွေ ကျပ် ၅၀ ပဲ​တန်​​ကြောင်းပါ။ ဖုန်း​ဘေဖိုး​​တောင် မ​ကျေပါဘူး။ ၁ ကွိုင်ကို ၁ ​​ဒေါ်လာလို့​ ပြောရင် အဲဒါ လိမ်တာပါပဲ။ ဒီတစ်ချက်​နဲ့တင် လွဲ​နေပါပြီ။

နောက်ပြီး ​ငွေကို ထုတ်ယူဖို့ Gmail ​အ​​ကောင့်တစ်ခုကို အီးမေး​အရင်ပို့ပြီး ​​တောင်းဆိုရပါမယ်​တဲ့။ ဒါလေးကလည်း နည်းနည်းလွဲ​နေပါတယ်။ Bot က​နေ ​​တိုက်ရိုက် ​အလွယ်တကူ ငွေထုတ်လို့ရအောင် လုပ်ပေးလို့ ရ​နေပါလျက်​နဲ့ ဘာ့​​ကြောင့် အီးမေးပို့ခိုင်းရတာလဲ။ ပြီး​​တော့ နိုင်​ငံတကာမှာ သိက္ခာရှိရှိရပ်တည်​နေ​တဲ့ ကုမ္ပဏီကြီး​တွေဟာ @gmail.com အီးမေး​အ​​ကောင့်ကို မသုံးကြပါဘူး။ ကိုယ်ပိုင် ကုမ္ပဏီ​နာမည်​နဲ့ အီးမေး​အ​​ကောင့်​တွေကို သုံးကြပါတယ်။ ဥပမာ @gmail.com ​အစား @viuly .com ဆိုပြီးဖြစ်သင့်တာပါ။ စဥ်းစားစရာ​တွေများလာပါပြီ။

ဘယ်သူ​တွေက ဘာ့​​ကြောင့် Viuly ၁ ကွိုင်ဟာ ၁ ​​ဒေါ်လာ​နဲ့ ညီတယ်လို့ လိမ်ရတယ်၊ ဘယ်လိုဆက်ပြီး လိမ်ဦးမယ် ဆိုတာကို​​တော့ ကျွန်​​တော်​အတိ​အကျမ​​သိ​ပေမယ့် ဒီလို လူ​တွေများများ ဝိုင်းပြီး လိုက်လုပ်ကြ​တဲ့​အခါ ​အကျိုး​အမြတ်ရသွား​တဲ့လူ​တွေ ရှိပါတယ်။ ဒီလိုပါ။

Telegram ဆိုတာ တစ်ယောက်​နဲ့တစ်ယောက် စကား​ပြောဆက်သွယ်လို့ရ​တဲ့ Messenger, Viber, WeChat တို့လို App ပါ။ ခုလို လူတစ်ယောက်ကို ​အယောက် ၅၀ ဆီ ဆင့်ပွားဖိတ်​​ခေါ်ကြ​​တော့ Telegram App ကို လူသိများလာသလို ​​ဒေါင်းလုပ်ဆွဲပြီး သုံးစွဲသူများ လာ​တဲ့​အတွက် Telegram ​ရဲ့ ​တန်ဖိုးတက်လာတတ်ပါတယ်။ ဒီ​​တော့ သူ့​အတွက်​အကျိုး​အမြတ်ရှိပါတယ်။

Viuly ဆိုတာ မှိုလိုပေါက်​နေ​တဲ့ ဒစ်ဂျစ်တယ် ​ငွေကြေး ကွိုင်​တွေ​ထဲက တစ်ခုပါ။ လူသိပ်မသိသလို ​တန်ဖိုးလည်း သိပ်မရှိပါဘူး။ တစ်ကွိုင်ကိုမှ ​မြန်မာ​ငွေ ၁၀ ပြားပဲ ပေါက်ဈေးရှိပါတယ်။ ခုလို လူတစ်ယောက်ကို ​အယောက် ၅၀ ဆီ ဆင့်ပွားဖိတ်​​ခေါ်ကြ​​တော့ Viuly ကို လူသိပိုများလာပါတယ်။ လူတစ်ယောက် ကို ဖိတ်​​ခေါ်ပြီးတိုင်း Viuly ၁၀ ကွိုင်ရမှာဆို​​တော့ ကမ္ဘာ​​ပေါ်မှာ Viuly ကွိုင်​တွေကို ပိုင်ဆိုင်​သုံးစွဲ​နေတဲ့သူ​တွေ ​အများကြီးရှိတယ်ဆိုပြီး ​​ဖော​ရှောရိုက်လို့ရသွားပါတယ်။ ဒီ​အချက်ဟာ ​​နောင်တစ်ချိန်မှာ ကွိုင်​တွေကို ဈေးတင်​​ရောင်းဖို့၊ ဈေးကစားဖို့၊ ရင်းနှီးမြှုပ်​နှံချင်​တဲ့သူ​တွေကို ဆွဲ​ဆောင်ဖို့​အတွက် အကွက်​​ကောင်းတစ်ခုပါပဲ။

Viuly ကွိုင် များများလိုချင်ရင် လူ​တွေကို ဖိတ်​​ခေါ်ရုံမက ​အခြား App ​တွေကို ​​ဒေါင်းလုပ်ဆွဲတာမျိုး၊ Video ​တွေကို ကြည့်တာမျိုး သူခိုင်း​တဲ့​အတိုင်းလုပ်ပေးရပါတယ်။ ကိုယ်က ဒီလိုလုပ်​လေ​လေ Viuly Bot ထွင်ထား​တဲ့သူက ​ငွေ​တွေ ရ​လေ​လေပါ။ ​အချို့ App ​တွေ၊ Video ​တွေက သူတို့ App ​တွေ Video ​တွေဆီ လူဝင်လာအောင် ​​ကြော်ငြာပေးနိုင်၊ လုပ်ပေးနိုင်​တဲ့သူ​တွေကို ​​အခငွေကြေးပေးကြပါတယ်။ ဒီ​အခကြေး​ငွေ​တွေကို သူတို့ ရပါတယ်။ ကျွန်​​တော်တို့ ​ပြန်ရမှာက​​တော့ ဘာမှ ​အဖိုးမ​တန်​တဲ့ Viuly ကွိုင်​တွေပါပဲ။

လက်ရှိမှာ မှိုလိုပေါက်​နေ​တဲ့ ကွိုင်​တွေကြား Bitcoin, Ethereum, Litecoin တို့လို လူသိများ ရေပန်းစား ပေါက်သွားပြီး ဈေးတက်သွားဖို့ မလွယ်လှ​​တော့ပါဘူး။ ဒီ​​တော့ လူမသိသူမသိ ကွိုင်​တွေဟာ လူသိများအောင် ​အမျိုးမျိုး ​ကြံစည်လှုပ်ရှားကြပါတယ်။ Multi-Level Marketing (MLM) ဆင့်ပွားဈေးကွက်စနစ်​​နဲ့ ကွိုင်​တွေကို လူ​တွေဆီ ​အရောက်ပို့​နေ ​​ကြော်ငြာ​နေကြပါတယ်။ ခုလည်း လူမသိသူမသိ ဘာမှ​အဖိုးမ​တန်လှ​တဲ့ ကွိုင်​တွေကို လူ​တွေဆီ​အလကားပေးပြီး လူသိများအောင်၊ MLM စနစ်​နဲ့ ကွိုင်​တွေ လူများများဆီရောက်အောင် လုပ်​နေတယ်လို့ ယူဆရပါတယ်။

ကွိုင်သမား​တွေလုပ်​​လေ့ရှိ​တဲ့ နောက်တစ်ဆင့်က​​တော့ ကွိုင်ဈေး​တွေတက်လာအောင် ဈေးကစားတာပါပဲ။ ကွိုင်​တွေဈေးတက်လာပြီဆိုပြီး လူ​တွေကို ကွိုင်​တွေ ထပ်ဝယ်ချင်လာအောင်ဆွယ်မယ်​​ပေါ့။ မသမာ​တဲ့သူ​တွေ ချမ်းသာပြီး ​လောဘသာရှိပြီး ချင့်ချိန်ဆင်ခြင်နိုင်​စွမ်းမရှိ​တဲ့သူ​တွေ ​ခံရဦးမယ့် ​အကွက်​တွေပါ။

နောက်တစ်မျိုးလိမ်နိုင်​ခြေရှိတာက​​တော့ ​ငွေထုတ်ဖို့ကြိုးစား​တဲ့​အခါ ​​အ​​ကြောင်း​အမျိုးမျိုးပြပြီး ငွေ အရင်သွင်းခိုင်းတာမျိုး​တွေပါ။ ​​ဒေါ်လာ ၅၀၀ ရဖို့ ​​ဒေါ်လာ ၅၀ ​အရင်လွှဲပါတို့ ဘာတို့လုပ်ပြီး လိမ်စား​နေ​တဲ့သူ​တွေလည်း ရှိပါတယ်။ ​အချို့ကလည်း ​ဘဏ်​အချက်​အလက်​တွေ​​တောင်းယူ ခိုးယူပြီး ကိုယ့်​ဘဏ်ထဲက ​ငွေ​တွေ ထုတ်ယူသွားတာမျိုး၊ ကိုယ့်မှာရှိ​တဲ့ ကွိုင်​တွေကို ခိုးယူသွားတာမျိုး​တွေ လုပ်တတ်ပါသေးတယ်။

နှဲခရာသ​မား​ရဲ့ ခရာ​သံနောက်လိုက်ရင်း မြစ်ထဲကျ​သေသွား​တဲ့ ကြွက်​တွေ​အ​​ကြောင်း ပုံပြင်လေးကို သတိရကြပါ။

ချင့်ချိန်နိုင်ကြပါ​စေ။ ချင့်ယုံကြပါ။

ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...