ဆေးလိပ်သောက်ကြသူတွေ အတွက်ပါ။ အရည်မရ အဖတ်မရ အငွေ့ရှူပြီး ငွေကုန်နေကြရတာမို့ ငွေကိုမီးရှို့ကြသူတွေလို့ တင်စားထားတာပါ။
ကျွန်တော်က ဆရာဝန်မဟုတ်တော့ "ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်" ဘာညာကွိကွတွေ မပြောတော့ပါဘူး။ ရှေ့မှာ ပြောခဲ့တဲ့သူတွေ များလှပါပြီ။
ငွေရေးကြေးရေးဘက်က ကြည့်ပြီး ပြောမှာပါ။
ဆေးလိပ်သောက်တာဟာ ငွေကို ဖြုန်းနေတာပါပဲ။ နောက်ပိုင်း ဆေးလိပ်အတွက် အခွန်အခတွေကို တိုးမြှင့်လာနိုင်တာကြောင့် ဆေးလိပ်သောက်တာ ပိုပြီး အကုန်အကျ များလာနိုင်ပါတယ်။ မယ်ခွေလို ညှာအနား ရှေ့သွားနဲ့ကိုက်ပြီး ကိုယ့်အတွက် ဆေးလိပ်ကို သေချာ လိပ်ပေးမယ့်သူရှိလို့ အလကားရနေရင်တော့ တစ်မျိုးပေါ့။
ဒါမှမဟုတ်ရင်တော့ ဆေးလိပ်စသောက်တဲ့ အချိန်ကနေ ခုချိန်ထိ ကုန်ခဲ့တဲ့ငွေတွေကို ပြန်တွက်ကြည့်ပါဦး။
ဒါကတော့ ဆေးလိပ်ဝယ်တဲ့ စရိတ်ပဲရှိပါသေးတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ဆေးလိပ်ကို လက်ဆောင်ရလို့ အလကားရလို့ သောက်ရင်တောင် ဆေးလိပ်သောက်လို့ အခြား ပုန်းလျှိုးကွယ်လျှိုး ကုန်ကျစရိတ်တွေ ရှိနေသေးတာကို သတိပြုရမှာပါ။
အဓိက အဖြုန်းစရိတ်ကတော့ အနာဂတ်မှာ ကုန်ကျလာမယ့် ကျန်းမာရေးစရိတ်ပါ။ ဆေးလိပ်သောက်လို့ ဖြစ်လာတဲ့ ရောဂါတွေကို ကုသဖို့ အနည်းနဲ့အများ ငွေကုန်ရတော့မှာပါ။ သူက လက်ငင်းပေးရတဲ့ ဆေးလိပ်ဖိုးမဟုတ်ပဲ အကြွေးနဲ့ ချေးယူထားတဲ့ ဆေးလိပ်ဖိုးပေါ့။ နောက်ပိုင်းမှာ အတိုးကြီးကြီးနဲ့ ပြန်ဆပ်ရဖို့ အခြေအနေများပါတယ်။ အဲဒီအကြွေးကိုဆပ်ဖို့ ငွေကြိုစုထားပြီးပြီလား။ ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့ သားသမီးတွေကို ကုခိုင်းရက်လား။ စဉ်းစားပါ။
နိုင်ငံတကာမှာ အသက်အာမခံ နဲ့ ကျန်းမာရေးအာမခံ လုပ်ချင်ရင် ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်မသောက်သူတွေထက် အာမခံကြေး အဆမတန် ပိုပေးရပါတယ်။ ဆေးလိပ်သောက်တဲ့သူတွေဟာ ရောဂါဖြစ်နိုင်ခြေ၊ စောစောသေနိုင်ခြေ ပိုများလို့ပါ။
ကိုယ့်အနီးအနားက အဖေအမေ၊ ဇနီးမယား၊ သမီးသားမိသားစုဝင်တွေကိုလည်း ဆေးလိပ်ငွေ့တွေ တစ်ဆင့်ရှူစေလို့ သူတို့လည်း ရောဂါရနိုင်တာ၊ မိသားစု ကျန်းမာရေးအတွက် ငွေပိုကုန်လာနိုင်တာကိုလည်း သတိထားရမှာပါ။
ဆေးလိပ်ကို ဦးတည်ပြီးရေးထားပေမဲ့ ငွေကုန်ပြီး ကျန်းမာရေးကို ထိခိုက်စေတဲ့ ကွမ်း၊ အရက်၊ မူးယစ်ဆေးဝါး စတာတွေလည်း တူတူပါပဲ ခင်ဗျာ။ ချင့်ချိန်ဆင်ခြင် စေချင်ပါတယ်။
ငွေသခင်ဖြစ်ဖို့ နဲ့ ငွေသခင်ဖြစ်ပြီးသွားမှ ပြန်မမွဲသွားဖို့ ဒီလိုအဖြုန်းတွေကို လျှော့ကြပါလို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Thursday, September 24, 2020
ငွေကို မီးရှို့ ကြသူများ
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
"ငွေမရှိခြင်းဟာ မကောင်းမှုတွေအားလုံးရဲ့ ဇစ်မြစ်ပါပဲ" လို့ပြောခဲ့တဲ့ စကားနဲ့ပတ်သက်ပြီး ဝေဖန်သံတွေနဲ့ ပွက်လောရိုက်...
-
၁၁ လပိုင်း ၁၁ ရက်နေ့ကို တရုတ်ပြည်မှာ လူလွတ်များနေ့ (Singles’ Day) လို့ သတ်မှတ်ထားပါတယ်။ ၁၁၁၁ ဆိုတာ ၁ ဂဏန်းတွေပူးနေတာ ဆိုတော့ တစ်ယော...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခေါ်တဲ့ လျှ...
No comments:
Post a Comment