Thursday, September 24, 2020

ငွေကို မီးရှို့ ကြသူများ

​ဆေးလိပ်​သောက်ကြသူ​တွေ ​အတွက်​ပါ။ ​အရည်မရ ​အဖတ်မရ ​အ​ငွေ့ရှူပြီး ​ငွေကုန်​နေကြရတာမို့ ​ငွေကိုမီးရှို့ကြသူ​တွေလို့ တင်စား​ထားတာပါ။

ကျွန်​တော်က ဆရာဝန်မဟုတ်​တော့ "​ဆေးလိပ်​သောက်ခြင်းသည် ကျန်းမာ​ရေးကို ထိခိုက်နိုင်ပါသည်" ဘာညာကွိကွ​တွေ မ​ပြော​တော့ပါဘူး။ ​ရှေ့မှာ ​ပြောခဲ့တဲ့သူ​တွေ များလှပါပြီ။

​ငွေ​ရေး​ကြေး​ရေးဘက်​က ကြည့်ပြီး ​ပြောမှာပါ။

​ဆေးလိပ်​သောက်တာဟာ ​ငွေကို ​ဖြုန်း​နေတာပါပဲ။ ​နောက်ပိုင်း ​ဆေးလိပ်​အတွက်​ ​အခွန်​အခ​တွေကို တိုးမြှင့်လာနိုင်တာ​​ကြောင့် ​ဆေးလိပ်​​သောက်တာ ပို​ပြီး အကုန်​​အကျ များလာနိုင်ပါတယ်။ မယ်​ခွေလို​ ညှာ​အနား ​ရှေ့သွားနဲ့ကိုက်ပြီး ကိုယ့်​အတွက် ​ဆေးလိပ်ကို ​သေချာ လိပ်​ပေးမယ့်သူရှိလို့ ​အလကားရ​နေရင်​တော့ တစ်မျိုး​ပေါ့​။

ဒါမှမဟုတ်ရင်​တော့ ​ဆေးလိပ်စ​သောက်တဲ့ အချိန်က​နေ ခုချိန်ထိ ကုန်ခဲ့တဲ့​ငွေ​တွေကို ပြန်တွက်​ကြည့်ပါဦး။

ဒါက​တော့ ​ဆေးလိပ်ဝယ်တဲ့ စရိတ်ပဲရှိပါ​သေးတယ်။ ​ဒါတင်ပဲ​လားဆို​တော့ မဟုတ်​သေးပါဘူး။ ​​ဆေးလိပ်ကို ​လက်​​​ဆောင်ရလို့ ​အလကားရလို့ ​သောက်ရင်​​တောင် ​ဆေးလိပ်​သောက်လို့ အခြား ပုန်းလျှိုးကွယ်လျှိုး ကုန်ကျစရိတ်​တွေ ရှိ​နေ​သေးတာကို သတိပြုရမှာပါ။

အဓိက ​အဖြုန်းစရိတ်က​​တော့ ​အနာဂတ်မှာ ကုန်ကျလာမယ့် ကျန်းမာ​ရေးစရိတ်ပါ။ ​ဆေးလိပ်​သောက်လို့ ​ဖြစ်လာတဲ့ ​ရောဂါ​တွေကို ကုသဖို့ ​​အနည်းနဲ့​အများ ​ငွေကုန်ရ​တော့မှာပါ။ သူက လက်​ငင်း​ပေးရတဲ့ ​ဆေးလိပ်ဖိုးမဟုတ်ပဲ ​အ​ကြွေးနဲ့ ​ချေးယူထားတဲ့ ​ဆေးလိပ်ဖိုး​ပေါ့။ ​နောက်ပိုင်းမှာ ​အတိုးကြီးကြီးနဲ့ ​ပြန်ဆပ်ရဖို့ ​အ​ခြေ​အ​နေများပါတယ်။ အဲဒီ​အ​ကြွေးကိုဆပ်ဖို့ ​ငွေကြိုစုထားပြီးပြီလား။ ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့ သားသမီး​တွေကို ကုခိုင်းရက်​လား။ စဉ်းစားပါ။

နိုင်​ငံတကာမှာ ​အသက်​အာမ​ခံ နဲ့ ကျန်းမာ​ရေးအာမ​ခံ လုပ်ချင်ရင် ​ဆေးလိပ်​သောက်သူ​တွေဟာ ​ဆေးလိပ်မ​သောက်သူ​တွေထက်​ ​အာမ​ခံ​ကြေး ​အဆမ​တန် ပို​ပေးရပါတယ်။ ​ဆေး​လိပ်​သောက်တဲ့သူ​တွေဟာ ​ရောဂါဖြစ်နိုင်​​ခြေ၊ ​စော​စော​သေနိုင်​ခြေ ပိုများလို့ပါ။

ကိုယ့်​အနီး​အနားက ​အ​ဖေ​အ​မေ၊ ဇနီးမယား၊ သမီးသားမိသားစုဝင်​တွေကိုလည်း ​ဆေးလိပ်​ငွေ့တွေ တစ်ဆင့်ရှူ​စေလို့ သူတို့လည်း ​ရောဂါရနိုင်တာ၊ မိသားစု ကျန်းမာ​ရေး​အတွက် ​​ငွေပိုကုန်လာနိုင်တာကိုလည်း သတိထားရမှာပါ။

​ဆေးလိပ်ကို ဦး​တည်ပြီး​ရေးထား​ပေမဲ့ ​ငွေကုန်ပြီး ကျန်းမာ​ရေးကို ထိခိုက်​စေတဲ့ ကွမ်း၊ ​အရက်​၊ မူးယစ်​ဆေးဝါး စတာ​တွေလည်း တူတူပါပဲ ခင်ဗျာ။ ချင့်ချိန်ဆင်ခြင် ​စေချင်ပါတယ်။

​ငွေသခင်ဖြစ်ဖို့ နဲ့ ​ငွေသခင်ဖြစ်ပြီးသွားမှ ​ပြန်မမွဲသွားဖို့ ဒီလို​အဖြုန်း​တွေကို ​လျှော့ကြပါလို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment