Thursday, September 24, 2020

လှူတာလား ဖြုန်းတာလား

ကျွန်​​တော်တို့ လူမျိုး​တွေ​ရဲ့ လေးစားစရာ ဓ​​လေ့ကို ​ပြောပါဆိုရင် "​အလှူရေစက် လက်​နဲ့မကွာ" ကြတာပါပဲ။ ပုံ​မှန်လှူဖြစ်ကြပါတယ်။ ​​ကောင်းပါတယ်။

ဒါ​ပေ​မဲ့ ​အချို့​အလှူ​တွေဟာ ​အလှူလို့ ​​ခေါင်းစဉ်သာတပ်ထားတာ၊ ​အ​​ပျော်​အပါး ​အဖြုန်း​တွေ​အတွက် ဖြစ်​နေတာကို ဝမ်းနည်းစရာ ​​​တွေ့ရပါတယ် ခင်ဗျာ။

ဘုရားပွဲ၊ ဘုန်းကြီး​ပျံပွဲ​တွေကို ကြည့်ပါ။ သာသနာရေး​အတွက် လူထု​အကျိုး​အတွက် ဒါနကုသိုလ် ရသွားတာက နည်း​ပါတယ်။ လှူလိုက်​တဲ့ ​ငွေ​အများ​စုဟာ ပွဲလမ်းသဘင် ​အ​​ပျော်​အပါး​တွေထဲ ဝင်သွားပါတယ်။ ​အရက်သောက်​​ မူးရူးပျော်ပါးဖို့ ​အားပေးသလို​​တောင် ဖြစ်​နေပါတယ်။

​​ရှင်​​လောင်းပွဲကိုကြည့်ပါ။ ဆင်ငှါးမြင်းငှါး၊ ဆိုင်း​အ​ဖွဲ့ငှါး၊ ​အငြိမ့်ငှါး စတာ​တွေ​အတွက် ​ငွေ​တွေ​အများကြီး​အကုန်​ခံကြပါတယ်။ ပြီးရင် သားရှင်ပြုဖို့ ကုသိုလ်ယူတာ ​ငွေဘယ်လောက်ကုန်သွားတယ်ဆိုပြီး ဂုဏ်ယူ​ဝံ့ကြွားစွာ ​​မော်​​မော်ကြွားကြွား​ပြောကြပါတယ်။ တစ်ကယ်​​တော့ ရှင်ပြုဖို့ ကုသိုလ်ရေးသပ်သပ်ဆို ​ငွေ​အကုန်​အကျ ဒီလောက်များမှာမဟုတ်ပါဘူး။ ​အနှစ်ကိုကာထား​တဲ့ ပကာသန​တွေ​​ကြောင့်သာ ​ငွေပိုကုန်ရတာပါ။

"အို ပကာသန​တွေ ​ထည့်ရမှာပဲ။ ရွာ​​တောင်ပိုင်းက ကိုသာ​အေးတို့လုပ်​တဲ့ ရှင်ပြုပွဲထက် ပိုပြီး သာမှဖြစ်မှာ" လို့​တွေး​တဲ့သူ​တွေ ရှိပါတယ်။ ​အတ္တ​​ရှေ့တန်းတင်ပြီး လှူ​တဲ့သူ​တွေရှိပါတယ်။ (လူတိုင်းကို မဆိုလိုပါ ခင်ဗျာ။)

ကျွန်​​တော်တို့နိုင်​ငံဟာ ဆင်းရဲ​နေပါသေးတယ်။ လူ​အများစုမှာ လှူဖို့တန်းဖို့ ​ငွေက ရှား​နေပါသေးတယ်။ ဒီ​​တော့ လှူ​တဲ့တန်း​တဲ့​နေရာမှာ ထိရောက်​တဲ့​နေရာ​တွေမှာလှူမှ ကိုယ့်ကုသိုလ် တာသွားမှာပါ။ တကယ်လိုအပ်​နေ​တဲ့ ချို့​တဲ့​ တဲ့ သာသနာ့ ရိပ်သာ​တွေ၊ စာသင်​​ကျောင်း​တွေ၊ မိဘ​မဲ့ ​ဂေဟာ​တွေ၊ ဘိုးဘွားရိပ်သာ​တွေ ​အများကြီးရှိပါတယ်။ လိုအပ်​တဲ့ ​နေရာ​တွေမှာ လှူ​စေချင်ပါတယ်။

လှူတယ်လို့ နာမည်တပ်ပြီး ဘုရား​ အားမပေး​တဲ့ ​အ​​ပျော်​အပါး ပွဲ​​တော်​တွေ​အတွက်၊ ​အနှစ်မရှိ​တဲ့ ပကာသန ​အကာ​တွေ​အတွက် ငွေ​တွေ ဖြုန်း​နေမိပြီလား စဥ်းစားပေးပါ။

ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာများဖြစ်​နေမလား။

​​အချို့လူ​တွေဟာ စု​​ဆောင်းတာ​တွေ၊ ရင်းနှီးမြှုပ်​နှံတာ​တွေ မလုပ်ချင်ပဲ ရှိတာ​​ပြောင်အောင် သုံးချင်ဖြုန်းချင် ​​ပျော်ချင်ပါးချင် ကြပါတယ်။ ဒါ​ပေ​မဲ့ ဖြုန်းတယ်လို့လည်း ​အ​ပြော​ခံရမှာကြောက်တယ်။ ဒီ​​တော့ ဘာလုပ်လဲ။ ဘာသာရေးကို ခုတုံးလုပ်ပြီး ဘုရားပွဲ​အတွက်၊ ဘာသာရေးပွဲ​အတွက် လှူလို့ကုန်သွားတယ်ဆိုပြီး ​ပြောချင်တယ်။ဆင်းရဲ​နေရတာကပဲ လှူလို့ ကုန်သွားသလိုလို ​ရောချချင်ကြပါတယ်။ ​အ​မှန်က လှူလိုက်​တဲ့​ငွေက ​အ​​ပျော်​အပါးထဲ ရောက်သွားတာ။ လူတိုင်း​​တော့ ဒီလို စိတ်ဓာတ်မရှိပါဘူး။ ​​ရှိ​တဲ့သူ​တွေ ရှိလို့ ရေး​နေရတာပါ။

လှူတယ်ဆိုပြီး ​​ခေါင်းစဥ်တပ်လိုက်​တဲ့​အလှူ​တွေဟာ ဘယ်လောက်ဖိုးက သာသနာ့တန်ဖိုး၊ လူ့​တန်ဖိုးကို မြှင့်တင်ပေး​နေပြီး ဘယ်လောက်ဖိုးက ​အဖြုန်းဘက်ကို ​ငွေ​ထည့်​နေမိလဲ ​ပြန်တွက်ကြည့်ကြပါ။

ကျွန်​​တော်က​​တော့ ဘက်ဂျက်ထားပြီး စည်းကမ်းရှိရှိ လှူတန်း​သင့်တယ်လို့ ထင်​ပေ​မဲ့ အတိုင်းမရှိ ​စေတနာရှိလို့ လှူဒါန်းတာကို မတားလိုပါဘူး။ ဒါ​​ပေ​မဲ့ စစ်​မှန်​တဲ့ ​အလှူဒါနဖြစ်​နေဖို့ လိုပါတယ်။ ​

အလှူလို့ နာမည်တပ်ပြီး ​​ပျော်ပါးမူးရူး ဘုရား​အားမပေးတာ​တွေ လျှောက်လုပ်ဖို့ ​ငွေ​ထည့်တာက​​တော့ ​အဖြုန်းပါ။ အဲဒီ ​အဖြုန်းကို​​တော့ ​အားမပေး​​ပါဘူး။ ဖြုန်းနိုင်​တဲ့​အချိန်ရောက်မှ ဖြုန်းကြပါ ခင်ဗျာ။ 

ချမ်းသာကြွယ်ဝ​တဲ့ သူဌေးကြီး​တွေဟာ သူဌေးမဖြစ်ခင်ကလည်း လှူဒါန်းကြပါတယ်။ ဒါ​ပေ​မဲ့ စားစရာမရှိအောင် လှူလိုက်ကြတာမဟုတ်ပဲ ရလာ​တဲ့ ဝင်​ငွေ​ရဲ့ တစ်ချို့တစ်ဝက်ကို ဘုရား​ဟော​နဲ့​အညီ ရင်းနှီးမြှုပ်​နှံမှု​တွေ လုပ်ကြပါတယ်။ ပိုချမ်းသာလာ​တဲ့​အခါ ပိုလှူနိုင်တာ​​​​ပေါ့။

"မရှိလို့မလှူ မလှူလို့မရှိ" ဖြစ်​နေကြတာလား၊ လှူချင်​ယောင်​ဆောင်ပြီး ဖြုန်း​နေကြလို့ ​ငွေမရှိကြတာလား စဥ်းစားပေးကြဖို့ ​အမုန်း​ခံပြီး ရေးလိုက်ရ​​ကြောင်းပါ။

တကယ်​ လိုအပ်​တဲ့​နေရာ​တွေမှာ စေတနာ​မှန်​မှန်​နဲ့ လှူဒါန်း​နေ​တဲ့သူ​တွေလည်း ​အများကြီးရှိပါတယ်။ သာဓု​​ခေါ်ပါတယ်။ ဒေါသထွက်တာဟာလည်း ဘုရား​ဟော​နဲ့မညီ​တဲ့​အတွက် ​စေတနာစစ်​မှန်​တဲ့ ဗုဒ္ဓဘာသာစစ်စစ်​တွေ ​ဒီစာ​​ကြောင့် ဒေါသထွက်ကြမှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။

ဒီစာဟာ ​ဒါနနဲ့ ပကာသန၊ ဘာသာရေး​နဲ့ အာပလာရေး မကွဲသေး​တဲ့သူ​တွေ​အတွက် ဆင်ခြင်နိုင်ကြဖို့ ရေးလိုက်တာပါ။

အမှားပါရင်လည်း ခွင့်လွှတ်ပေးကြဖို့ အနူးအညွှတ် တောင်းပန်ပါတယ် ခင်ဗျာ။ မဖြုန်း​စေချင်​တဲ့ ​စေတနာပါ။ ကျေးဇူးတင်ပါတယ်။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...