လူပျိုကြီးတစ်ယောက်နဲ့ အပျိုကြီးတစ်ယောက်တို့ဟာ ရည်းစားမကျ သူငယ်ချင်းမကတဲ့ အခြေအနေ၊ တစ်ယောက်ကို တစ်ယောက် စောင့်ကြည့် လေ့လာဆဲ၊ ပညာစမ်းနေဆဲ ကာလပေါ့။ မဟော်သဓာက လက်သီးထောင်ပြတော့ အမရာက လက်ဝါးပြန် ထောင်ပြတဲ့ အခြေအနေမှာပေါ့။
သူတို့ စကားပြောနေကြပါတယ်။
မ - ရှင် ကွမ်းစား၊ ဆေးလိပ်သောက်၊ အရက်သောက်နေတာ ဘယ်နှစ်နှစ်လောက်တောင် ရှိပြီလဲ။
ကျား - ၁၅ နှစ်လောက်ရှိပြီ။
မ - (ကွမ်း၊ ဆေးလိပ်၊ အရက် ကုန်ကျစရိတ်တွေကို သေချာမေးပြီး) ရှင်သာ ၁၅ နှစ်လုံးလုံး ကွမ်း၊ ဆေးလိပ်၊ အရက်အတွက် ငွေမဖြုန်းပဲ အဲဒီငွေတွေကို ရင်းနှီးမြှုပ်နှံထားလိုက်ရင် ခုလောက်ဆို ရှင် ပြိုင်ကား တစ်စီးလောက် စီးနိုင်နေလောက်ပြီ။ ရှင် သိဖို့။
ကျား - ဪ အေး။ ခင်ဗျားရော ကွမ်းစား၊ ဆေးလိပ်သောက်၊ အရက်သောက် လုပ်လား။
မ - အို မဟုတ်က ဟုတ်က ရှင်။ ဒါမျိုးတွေ ဝေးဝေးက ရှောင်တယ်။
ကျား - ဪ ဟော်ဟော်... ခင်ဗျားလည်း ကျွန်တော့်လောက် ဝင်ငွေရှိတာပဲလေ။ ကွမ်း၊ ဆေးလိပ်၊ အရက်ဖိုးမကုန်ဘူးဆိုတော့ ဘယ်မလဲ ခင်ဗျားရဲ့ပြိုင်ကား။ မတွေ့မိလို့ပါ။ ဟဲ ဟဲ။
နိုင်ငံခြားဟာသလေးကို ဆီလျော်အောင် မြန်မာမှုပြု ထားတာပါ။
အပျိုကြီးက လူပျိုကြီး ငွေဖြုန်းတဲ့ ကိစ္စကို ဝေဖန်လို့ လူပျိုကြီးက ပြန်ဖဲ့တာပါ။ ဟုတ်တယ်လေ။ ဒါတွေ မဖြုန်းပဲ အပျိုကြီးက ခုထိ ဘာလို့ ပြိုင်ကားကို ဝယ်မစီးနိုင်ရသေးတာတုန်း။
အဖြေကတော့ အပျိုကြီးလည်း ဖြုန်းနေတာလေးတွေ ရှိလို့ပေါ့။ မိတ်ကပ်နဲ့ အလှပြင် ပစ္စည်း အကောင်းစားတွေ ဝယ်ရတယ်။ မျက်နှာ ပေါင်းတင်၊ လက်သည်းခြေသည်းဆိုး လုပ်ရတာ အမော။ အမက နုတယ်နော် လို့ အပြောခံရရင် ကြည်နူးပီတိ ဂွမ်းဆီထိ။
အဝတ်အစား၊ ဖိနပ်၊ အိတ်တွေဆိုတာ တောင်ပုံရာပုံ။ အဝတ်ကို နှစ်ခါလောက်ဝတ်ပြီးရင် ထပ်မဝတ်ချင်တော့ဘူး။ မိန်းကလေး အချင်းချင်း သူက ဘာဝတ်ထားလည်းဆိုတာ လိုက်လိုက်ကြည့်ရ။ ကိုယ့်ဆီမှာ မရှိသေးရင်တော့ လိုချင်တာပေါ့လို့။ သူများတွေ ကျောတာတော့ မခံနိုင်ပါဘူးနော်။
ဗေဒင်ကလည်း သွားသွားတွက်ရသေးတယ်။ ယတြာဖိုးတွေကလည်း မနည်းဘူးလေ။
အစားဆိုရင်လည်း တွေ့တဲ့နေရာမှာ ဝယ်စားလိုက်ရမှ။ လူမှုကွန်ရက်တွေမှာ ဓာတ်ပုံတင်ကြွားဖို့ ဈေးကြီးတဲ့ဆိုင်တွေမှာ စားမကောင်းလည်း ထိုင်ရ၊ ပုံအလှလေးတွေ မရမချင်း အထပ်ထပ်ရိုက်။ စားသောက်လို့ ပိုက်ဆံကုန်ပြီးတော့ ဝိတ်လျှော့ဖို့ ပိန်ဆေးဖိုး နဲ့ အားကစားလုပ်ခ ကုန်ပြန်ရော။
ခရီးထွက်၊ ရုပ်ရှင်ကြည့်၊ ဘာညာ အခြားအခြားသော အဖြုန်းလေးတွေကလည်း သူ့နေရာနဲ့သူ အကွက်ကို စေ့လို့။ ဒါလေးတွေကြောင့် ပြိုင်ကားဆိုတာ မူးလို့ ရှူစရာတောင် မရှိဘူးပေါ့။
ဒီလူပျိုကြီးနဲ့ အပျိုကြီး အတွဲကိုတော့ "🎵 နဖူးပေါ်လက်တင် စဉ်းစားလိုက်ရင် ငါလေရင်မောတယ်" ပေါ့။
ကဲ ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့ ပြိုင်ကား ဘယ်ကိုပျောက်သွားလဲဆိုတာ စဉ်းစားလိုက်ကြပါဦးစို့ ခင်ဗျာ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Thursday, September 24, 2020
ပျောက်နေတဲ့ ပြိုင်ကား
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
"ငွေမရှိခြင်းဟာ မကောင်းမှုတွေအားလုံးရဲ့ ဇစ်မြစ်ပါပဲ" လို့ပြောခဲ့တဲ့ စကားနဲ့ပတ်သက်ပြီး ဝေဖန်သံတွေနဲ့ ပွက်လောရိုက်...
-
၁၁ လပိုင်း ၁၁ ရက်နေ့ကို တရုတ်ပြည်မှာ လူလွတ်များနေ့ (Singles’ Day) လို့ သတ်မှတ်ထားပါတယ်။ ၁၁၁၁ ဆိုတာ ၁ ဂဏန်းတွေပူးနေတာ ဆိုတော့ တစ်ယော...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခေါ်တဲ့ လျှ...
No comments:
Post a Comment