ဟုတ်ကဲ့။ ချေးစားကြတဲ့ သူတွေ အကြောင်းပါ။ ချေးစားတဲ့ သူတွေထဲမှာ ကျွန်တော်လည်း ထိပ်ဆုံးကပါခဲ့တယ် ဆိုတာ ဝန်ခံပါရစေ။
ကျွန်တော်တို့ အခြေခံလူတန်းစားဘဝက လာကြသူ အများစုဟာ သူများဆီက ချေးငှားရတာကို သဘာဝလို့ ထင်တတ်ကြပါတယ်။ အကြွေးမရှိရင်တောင် မနေတတ်ကြတဲ့ အထိပါပဲ။ ကိုယ့်မှာ ငွေယားလေး ရှိရင်ကုန်အောင်သုံးမယ်။ ကုန်သွားရင် သူများဆီက ချေးပြီး သုံးမယ်၊ စားမယ်။ လခ (သို့) ဝင်ငွေ ရမှ ပြန်ဆပ်မယ်ပေါ့။ ချေးစားကြသူတွေလို့ပဲ ဆိုကြပါစို့။
ဖုန်းဘေ ကုန်သွားရင် ကြိုပြီး ချေးသုံးကြတဲ့သူတွေရှိပါတယ်။ MPT ဆို ၈၀၀ ကြိုချေးရင် ၈၅၀ ပြန်ပေးရတာပါ။ ပိုက်ဆံ ၅၀ ဆိုတာ မပြောပလောက်ဘူးထင်ရပေမဲ့ ကြိမ်ဖန်များလာတဲ့အခါ ဆုံးရှုံးမှုတွေများလာပါတယ်။ ချေးစားတာ ဝါသနာပါတဲ့သူတွေ လုပ်ကြပါတယ်။
အချို့က ပြောကြပါသေးတယ်။ "ပိုက်ဆံစုဖို့က ခက်တယ်။ ကိုယ်ကြိုက်တာလေးရှိရင် အကြွေးနဲ့သာ ဝယ်ထားလိုက်။ အကြွေးဆိုတဲ့ ဖိအားလေးရှိတော့ အလုပ်ပိုကြိုးစားဖြစ်တာပေါ့" တဲ့။ လမ်းစဉ်၊ စိတ်ဓာတ် နဲ့ အတွေးအခေါ်အမှားတွေပဲ ဖြစ်ပါတယ် ခင်ဗျာ။
ခုနောက်ပိုင်း မြန်မာနိုင်ငံမှာ အသေးစားငွေချေးလုပ်ငန်းတွေပေါလာတော့ ငွေချေးရတာပိုလွယ်လာပါတယ်။ အလွယ်ရလို့ ချေးလိုက်။ လကုန်ရင် အတိုးလေးနဲ့ အရင်းပြန်ဆပ်လိုက်နဲ့ သံသရာလည် နေကြပါတယ်။ အကြွေးမရှိတော့ရင်တောင် ဘာအတွက် အကြွေးယူရမလဲ ဘာဝယ်ရမလဲ ရှာကြံတွေးနေတတ်ကြသူတွေလည်း ဒုနဲ့ဒေးပါပဲ။
အလုပ်လက်မဲ့၊ စားစရာမရှိ သောက်စရာမရှိ၊ ဒုက္ခပင်လယ် ဝေနေတဲ့သူတွေကို ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ ပုံမှန်ဝင်ငွေလေးနဲ့ ရှိနေပြီး ချေးစားရာ ပျော်ရွှင်နေကြသူတွေကို ပြောတာပါ။ နောက်ဆုံးတော့ အတိုးစားရတဲ့ ငွေရှင်တွေပဲ ကြီးပွားသထက်ကြီးပွားပြီး ကျွန်တော်တို့ကတော့ မွဲမြဲ မွဲနေကြတာပါ။
ကျွန်တော် ငွေသခင်လမ်းစဉ်လိုက်မယ်လို့ ဆုံးဖြတ်လိုက်တော့ ချေးစားချင်တဲ့ စိတ်ဓာတ်ကို အရင်ပြင်ရပါတယ်။ ချေးစားရမှာကို ရှက်တဲ့ ကြောက်တဲ့ စိတ် (ဟိရီ သြတ္တပ္ပ စိတ်) ကို အရင်မွေးရပါတယ်။ ဒီလို ရှက်ကြောက်တတ်လာတော့မှလည်း ရတာလေးနဲ့ လောက်အောင်သုံးတတ်လာပါတယ်။ အသုံးစရိတ်တွေကို လျှော့ချတတ်လာပါတယ်။ ပထမဆုံး အနေနဲ့ စိတ်ဓာတ်ကို အရင်ပြင်ပါလို့ပဲ ပြောချင်ပါတယ်။
ကြပ်တည်းလို့၊ လခနည်းလို့ ဘာလို့ ညာလို့ ဆိုတဲ့ အပေါ်ယံ ဆင်ခြေတွေကို ဘေးဖယ်ထားပြီး ကိုယ့်ကိုယ်ကို မလိမ်ပဲ ပြန်မေးကြည့်ကြပါ။ တစ်ကယ်လိုအပ်လို့ ချေးစားနေတာလား၊ မကုန်သင့်တဲ့နေရာ မဖြုန်းသင့်တဲ့နေရာမှာ ဖြုန်းလိုက်မိလို့ ချေးစားနေရတာလား ဆိုတာကိုပါ။
တစ်ကယ်လိုအပ်လို့ ချေးတယ်ဆိုရင်တောင် လိုအပ်တဲ့ ငွေပမာဏကို လျှော့နိုင်သမျှ လျှော့ချေးပါ။ လွယ်လွယ်နဲ့ ချေးလို့ရတယ်ဆိုပြီး ပိုမချေးမိပါစေနဲ့။
ရှောင်လို့မရတဲ့အကြွေး (ဥပမာ လုပ်ငန်း တိုးချဲ့ဖို့ တကယ် လိုအပ်လို့ ချေးတာ) က လွဲရင် အကြွေးယူရမှာ၊ ချေးစားရမှာ ရှက်တဲ့စိတ် ကြောက်တဲ့စိတ်ကို အရင်မွေးကြပါ။ ငွေသခင် ဖြစ်ချင်ရင်တော့ ချေးစားတာကို ဝေးဝေးက ရှောင်ကြပါ လို့ တိုက်တွန်း လိုက်ပါတယ် ခင်ဗျာ။
ချေးစားရတာ ကြိုက်ရင်တော့ ငွေသခင် မဖြစ်ပဲ ခွေးဖြစ်ဖို့သာ ရှိပါတယ် ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Saturday, October 31, 2020
ချေးစားကြသူများ
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...
No comments:
Post a Comment