Saturday, October 31, 2020

ချေးစားကြသူများ

ဟုတ်ကဲ့။ ​ချေးစားကြတဲ့ သူ​တွေ ​အ​​ကြောင်းပါ။ ​ချေးစားတဲ့ သူ​တွေထဲမှာ ကျွန်​တော်လည်း ထိပ်ဆုံးကပါခဲ့တယ် ဆိုတာ ​ဝန်​ခံပါရ​စေ။

ကျွန်​တော်တို့ ​အ​ခြေ​ခံလူ​​တန်းစားဘဝက လာကြသူ အ​များစုဟာ သူများဆီက ​ချေးငှားရတာကို သဘာဝလို့ ထင်တတ်ကြပါတယ်။ ​အ​ကြွေးမရှိရင်​​တောင် မ​နေတတ်ကြတဲ့ ​အထိပါပဲ။ ကိုယ့်မှာ ​ငွေယား​လေး ရှိရင်ကုန်​အောင်သုံးမယ်။ ကုန်သွားရင် သူများဆီက ​ချေးပြီး သုံးမယ်၊ ​စားမယ်။ လခ (သို့) ဝင်​ငွေ ရမှ ​ပြန်ဆပ်မယ်​ပေါ့။ ​ချေးစားကြသူ​တွေလို့ပဲ ဆိုကြပါစို့။

ဖုန်း​ဘေ ကုန်သွားရင် ကြိုပြီး ​ချေးသုံးကြတဲ့သူ​တွေရှိပါတယ်။ MPT ဆို ၈၀၀ ကြို​ချေးရင် ၈၅၀ ​ပြန်​ပေးရတာပါ။ ပိုက်​ဆံ ၅၀ ဆိုတာ မ​ပြောပ​လောက်ဘူးထင်ရ​ပေမဲ့ ကြိမ်​ဖန်များလာတဲ့​အခါ ဆုံးရှုံးမှု​တွေများလာပါတယ်။ ​ချေးစားတာ ဝါသနာပါတဲ့သူ​တွေ လုပ်ကြပါတယ်။

​အချို့က ​ပြောကြပါ​သေးတယ်။ "ပိုက်​ဆံစုဖို့က ခက်​တယ်။ ကိုယ်ကြိုက်တာ​လေးရှိရင် ​အ​ကြွေးနဲ့သာ ဝယ်ထားလိုက်။ ​အ​ကြွေးဆိုတဲ့ ဖိ​အား​လေးရှိ​တော့ ​အလုပ်ပိုကြိုးစားဖြစ်တာ​ပေါ့" တဲ့။ လမ်းစဉ်၊ စိတ်ဓာတ် နဲ့ ​အ​တွေး​အ​ခေါ်အမှား​တွေပဲ ဖြစ်ပါတယ် ခင်ဗျာ။

ခု​နောက်ပိုင်း ​မြန်မာနိုင်​ငံမှာ ​အ​သေးစား​ငွေ​ချေးလုပ်ငန်း​တွေ​ပေါလာ​တော့ ​ငွေ​ချေးရတာပိုလွယ်လာပါတယ်။ ​အလွယ်ရလို့ ​ချေးလိုက်။ လကုန်ရင် ​အတိုး​လေးနဲ့ ​အရင်း​ပြန်ဆပ်လိုက်နဲ့ ​သံသရာလည် ​နေကြပါတယ်။ ​အ​ကြွေးမရှိ​တော့ရင်​​တောင် ဘာ​အတွက်​ ​အ​ကြွေးယူရမလဲ ဘာဝယ်ရမလဲ ရှာ​ကြံ​​တွေး​နေတတ်ကြသူ​တွေလည်း ဒုနဲ့​ဒေးပါပဲ။

အလုပ်လက်​မဲ့၊ စားစရာမရှိ ​သောက်စရာမရှိ၊ ဒုက္ခပင်လယ် ​ဝေ​နေတဲ့သူ​တွေကို ကျွန်​တော်​ပြောတာ မဟုတ်ပါဘူး။ ပုံ​မှန်ဝင်​ငွေ​လေးနဲ့ ရှိ​နေပြီး ​ချေးစားရာ ​ပျော်ရွှင်​နေကြသူ​တွေကို ​ပြောတာပါ။ ​နောက်ဆုံး​တော့ ​အတိုးစားရတဲ့ ​ငွေရှင်​တွေပဲ ကြီးပွားသထက်​ကြီးပွားပြီး ကျွန်​တော်တို့က​တော့ မွဲမြဲ မွဲ​နေကြတာပါ။

ကျွန်​တော် ​ငွေသခင်လမ်းစဉ်လိုက်မယ်လို့ ဆုံးဖြတ်လိုက်​တော့ ​ချေးစားချင်တဲ့ စိတ်ဓာတ်ကို ​အရင်ပြင်ရပါတယ်။ ​ချေးစားရမှာကို ရှက်​တဲ့ ​ကြောက်တဲ့ စိတ် (ဟိရီ သြတ္တပ္ပ စိတ်) ကို ​အရင်​မွေးရပါတယ်။ ဒီလို ရှက်​​ကြောက်တတ်လာ​တော့မှလည်း ရတာ​လေးနဲ့ ​လောက်​အောင်သုံးတတ်လာပါတယ်။ အသုံးစရိတ်​တွေကို ​လျှော့ချတတ်လာပါတယ်။ ပထမဆုံး ​အ​နေနဲ့ စိတ်ဓာတ်ကို ​အရင်ပြင်ပါလို့ပဲ ​ပြောချင်ပါတယ်။

ကြပ်တည်းလို့၊ လခနည်းလို့ ဘာလို့ ညာလို့ ဆိုတဲ့ အ​ပေါ်​ယံ ဆင်​ခြေ​တွေကို ​ဘေးဖယ်ထားပြီး ကိုယ့်ကိုယ်ကို မလိမ်ပဲ ​ပြန်​မေးကြည့်ကြပါ။ တစ်ကယ်လိုအပ်လို့ ​ချေးစား​​နေတာလား၊ မကုန်သင့်တဲ့​နေရာ မဖြုန်းသင့်တဲ့​နေရာမှာ ဖြုန်းလိုက်မိလို့ ​ချေးစား​နေရတာလား ဆိုတာကိုပါ။

တစ်ကယ်လိုအပ်လို့ ​ချေးတယ်ဆိုရင်​​တောင် လိုအပ်တဲ့ ​ငွေပမာဏကို ​လျှော့နိုင်သမျှ ​လျှော့​​ချေးပါ။ လွယ်လွယ်နဲ့ ​ချေးလို့ရတယ်ဆိုပြီး ပိုမ​ချေးမိပါ​စေနဲ့။

​​ရှောင်လို့မရတဲ့​အ​ကြွေး (ဥပမာ လုပ်ငန်း တိုးချဲ့ဖို့ တကယ် လိုအပ်လို့ ​ချေးတာ) က လွဲရင် ​အ​ကြွေးယူရမှာ၊ ​ချေးစားရမှာ ရှက်​တဲ့စိတ် ​ကြောက်တဲ့စိတ်ကို ​အရင်​မွေးကြပါ။ ​ငွေသခင် ဖြစ်ချင်ရင်​တော့ ​​ချေးစားတာကို ​ဝေး​ဝေးက ​ရှောင်ကြပါ လို့ တိုက်တွန်း လိုက်ပါတယ် ခင်ဗျာ။

​ချေးစားရတာ ကြိုက်ရင်​တော့ ​ငွေသခင် မဖြစ်ပဲ ​ခွေးဖြစ်ဖို့သာ ရှိပါတယ် ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment