မင်္ဂလာပါ။ ဒီပေ့ချ်လေးထဲကို ပုံမှန် ဝင်ဖတ်ပြီး ဝင်ရောက်ဆွေးနွေးကြတဲ့ သူတွေထဲမှာ စာဖတ်အားသန်တဲ့သူတွေ၊ အတွေးအခေါ် ကောင်းတဲ့သူတွေ၊ အတွေ့အကြုံ များတဲ့သူတွေ ရှိပါတယ် ခင်ဗျ။ ဘဝစုံ၊ နယ်ပယ်စုံ၊ ဗဟုသုတစုံ ကြပါတယ်။ ကျွန်တော် ပိုးစုန်းကြူးထက် အရောင်ပိုတောက်တဲ့၊ နောင်မှာ ပိုတောက်ပလာဖို့ အလားအလာရှိတဲ့ ပိုးစုန်းကြူးလေးတွေ အများကြီး ရှိနေပါတယ်။
ဒီတော့ စာဖတ်သူအချင်းချင်း တစ်ဦးနဲ့တစ်ဦး ကိုယ်သိထားတဲ့ ဗဟုသုတတွေ မျှဝေပေးနိုင်ကြရင် အားလုံး အကျိုးများကြမှာပါ။ ကျွန်တော်တစ်ယောက်တည်း ဒိုင်ခံပြောနေတာထက် အများက ဝိုင်းဝန်း စဥ်းစား ဆွေးနွေးပေးကြရင် ပိုပြီး အကျိုးများနိုင်တာကြောင့် ဒီ အစီအစဥ်လေးကို စဖြစ်တာပါ။ ဒီလိုလုပ်ဖို့ အကြံပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ် ခင်ဗျ။
အချို့ရက်လေးတွေမှာ ကျွန်တော်က စီးပွားရေး ငွေရေးကြေးရေးနဲ့ဆိုင်တဲ့ ပြဿနာလေးတွေ တင်ပြပေးပါ့မယ်။ အဲဒီ ပြဿနာကို ဝိုင်းဝန်းအဖြေရှာ အကြံပြုတဲ့ မှတ်ချက်လေးတွေ ပေးခဲ့စေချင်ပါတယ်။ မှတ်ချက်ပေးတဲ့သူနဲ့ ကျွန်တော်နဲ့ ဆွေးနွေးတဲ့ ပုံစံမျိုးမဟုတ်ပဲ အချင်းချင်း ဝင်ရောက်ဆွေးနွေး အဖြေရှာကြတဲ့ ပုံစံမျိုးဖြစ်စေချင်ပါတယ် ခင်ဗျ။
ကျွန်တော်ရေးပြီးသမျှထဲက ပြန်မေးတဲ့ စာမေးပွဲမျိုးလည်း မဟုတ်ပါဘူး ခင်ဗျ။ အမှားအမှန် အဖြေကို ကြိုတင် သတ်မှတ်ထားခြင်းအရှိတဲ့ ဆွေးနွေးပွဲမျိုးပါ။ တစ်ယောက်နဲ့တစ်ယောက်အမြင်မတူရင်လည်း မောက်မာကြမ်းတမ်းတဲ့ စကားလုံးတွေ သုံးတာ၊ ဆဲဆိုတာတွေတော့ မရှိစေချင်ပါဘူး ခင်ဗျ။
ကိုယ့်အမြင်တွေကို စာရေးပြီး ပြောပြလို့ ရသလို သက်ဆိုင်တဲ့ ပို့စ်လေးတွေ၊ ဗီဒီယိုလေးတွေရဲ့ လင့်ခ်လေးကို အလင်းပြပေးရင်လည်း မှတ်ချက်ဝင်ဖတ်တဲ့ လူအများအတွက် အကျိုးများမှာပါ။ ကိုယ်သဘောကျတဲ့ မှတ်ချက်လေးတွေကို တွေ့ရင်လည်း ဆွေးနွေးသူ အချင်းချင်း လက်မလေးတွေ၊ အသည်းလေးတွေ ပေးသွားကြပါဦး ခင်ဗျာ။
ဒီနေ့အတွက် ဆွေးနွေးစေလိုတဲ့ အကြောင်းအရာကတော့
ဆိုင်တစ်ဆိုင် (အထည်ဆိုင်၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင် စသဖြင့် ဆိုင်အားလုံး အကျုံးဝင်တယ်ပဲ ဆိုကြပါစို့) ဟာ အစပိုင်းမှာ အားပေးတဲ့သူများလို့ ဝင်ငွေကောင်းပေမဲ့ ခုနောက်ပိုင်း အလားတူဆိုင်မျိုးတွေ များလာတာကြောင့် (အခြားအကြောင်းတွေလည်း ပါရင် ပါမှာပေါ့) အရင်ကလောက် လူသိပ်မဝင်ပဲ ဝင်ငွေမကောင်းတော့ပါဘူး။ ရောင်းအား ပြန်တက်လာအောင် ဘာတွေလုပ်သင့်လဲ ဆိုတာလေး အကြံပြု ဆွေးနွေးပေးပါဦး ခင်ဗျာ။
နောက်အပတ်တွေမှာ ဆွေးနွေးစေချင်တဲ့ အကြောင်းအရာလေးတွေကိုလည်း အကြံပြုသွားလို့လည်း ရပါတယ်။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Sunday, September 27, 2020
ဆွေးနွေးပွဲ
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
"ငွေမရှိခြင်းဟာ မကောင်းမှုတွေအားလုံးရဲ့ ဇစ်မြစ်ပါပဲ" လို့ပြောခဲ့တဲ့ စကားနဲ့ပတ်သက်ပြီး ဝေဖန်သံတွေနဲ့ ပွက်လောရိုက်...
-
၁၁ လပိုင်း ၁၁ ရက်နေ့ကို တရုတ်ပြည်မှာ လူလွတ်များနေ့ (Singles’ Day) လို့ သတ်မှတ်ထားပါတယ်။ ၁၁၁၁ ဆိုတာ ၁ ဂဏန်းတွေပူးနေတာ ဆိုတော့ တစ်ယော...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခေါ်တဲ့ လျှ...
No comments:
Post a Comment