Sunday, September 27, 2020

ဆွေးနွေးပွဲ

မင်္ဂလာပါ။ ဒီပေ့ချ်လေး​ထဲကို ပုံ​မှန် ဝင်ဖတ်ပြီး ဝင်ရောက်ဆွေးနွေးကြ​တဲ့ သူ​တွေထဲမှာ စာဖတ်​အား​သန်​တဲ့သူ​တွေ၊ ​အတွေး​အ​​ခေါ်​​ ကောင်း​တဲ့သူ​တွေ၊ ​အ​​တွေ့​အကြုံ များ​တဲ့သူ​တွေ ရှိပါတယ် ခင်ဗျ။ ဘဝစုံ၊ နယ်ပယ်စုံ၊ ဗဟုသုတစုံ ကြပါတယ်။ ကျွန်​​တော် ပိုးစုန်းကြူးထက် ​အ​​ရောင်ပိုတောက်​တဲ့၊ ​​နောင်မှာ ပိုတောက်ပလာဖို့ ​အလား​အလာရှိ​တဲ့ ပိုးစုန်းကြူးလေး​တွေ အများကြီး ရှိ​နေပါတယ်။

ဒီ​​တော့ စာဖတ်သူ​အချင်းချင်း တစ်ဦး​နဲ့တစ်ဦး ကိုယ်သိထား​တဲ့ ဗဟုသုတ​တွေ မျှ​ဝေပေးနိုင်ကြရင် ​အားလုံး ​အကျိုးများကြမှာပါ။ ကျွန်​​တော်တစ်ယောက်တည်း ဒိုင်​ခံ​ပြော​နေတာထက် ​အများက ဝိုင်းဝန်း စဥ်းစား ဆွေးနွေးပေးကြရင် ပိုပြီး အကျိုးများနိုင်တာ​​ကြောင့် ဒီ ​အစီ​အစဥ်လေးကို စဖြစ်တာပါ။ ဒီလိုလုပ်ဖို့ ​အ​ကြံပေး​တဲ့သူ​တွေကိုလည်း ကျေးဇူးတင်ပါတယ် ခင်ဗျ။

​အချို့ရက်လေး​တွေမှာ ကျွန်​​တော်က စီးပွားရေး ​ငွေရေးကြေးရေး​နဲ့ဆိုင်​တဲ့ ပြဿနာလေး​တွေ တင်ပြပေးပါ့မယ်။ အဲဒီ ပြဿနာကို ဝိုင်းဝန်း​အ​ဖြေရှာ ​အ​ကြံပြု​တဲ့ မှတ်ချက်​လေး​တွေ ပေး​ခဲ့​စေချင်ပါတယ်။ မှတ်ချက်ပေး​တဲ့သူ​နဲ့ ကျွန်​​တော်​နဲ့ ဆွေးနွေး​တဲ့ ပုံ​စံမျိုးမဟုတ်ပဲ ​အချင်းချင်း ဝင်ရောက်ဆွေးနွေး ​အ​ဖြေရှာကြ​တဲ့ ပုံ​စံမျိုးဖြစ်​စေချင်ပါတယ် ခင်ဗျ။

ကျွန်​​တော်ရေးပြီးသမျှထဲက ​ပြန်မေး​တဲ့ စာမေးပွဲမျိုးလည်း မဟုတ်ပါဘူး ခင်ဗျ။ ​အမှား​အ​မှန် ​အ​ဖြေကို ကြိုတင် သတ်မှတ်ထားခြင်း​အရှိ​တဲ့ ဆွေးနွေးပွဲမျိုးပါ။ တစ်ယောက်​နဲ့တစ်ယောက်​အမြင်မတူရင်​​လည်း မောက်မာကြမ်းတမ်း​တဲ့ စကားလုံး​တွေ သုံးတာ၊ ဆဲဆိုတာ​တွေ​​တော့ ​မရှိ​စေချင်ပါဘူး ခင်ဗျ။

ကိုယ့်အမြင်​တွေကို စာရေးပြီး ​ပြောပြလို့ ရသလို သက်ဆိုင်​တဲ့ ပို့စ်လေး​တွေ၊ ဗီဒီယိုလေး​တွေ​ရဲ့ လင့်ခ်လေးကို ​အလင်းပြပေးရင်လည်း မှတ်ချက်ဝင်ဖတ်​တဲ့ လူ​အများ​အတွက် ​အကျိုးများမှာပါ။ ကိုယ်သ​ဘောကျ​တဲ့ မှတ်ချက်လေး​တွေကို ​​တွေ့ရင်လည်း ဆွေးနွေးသူ ​အချင်းချင်း လက်မ​​လေး​တွေ၊ ​အသည်းလေး​တွေ ပေးသွားကြပါဦး ခင်ဗျာ။

ဒီ​​နေ့​အတွက် ဆွေးနွေးစေလို​တဲ့ ​အ​​ကြောင်း​အရာက​​တော့

ဆိုင်တစ်ဆိုင် (​အ​ထည်ဆိုင်၊ စားသောက်ဆိုင်၊ ​ကုန်စုံဆိုင် ​စသဖြင့် ဆိုင်အားလုံး ​အကျုံးဝင်တယ်ပဲ ဆိုကြပါစို့) ဟာ ​​အစပိုင်းမှာ ​အားပေး​တဲ့သူများလို့ ဝင်​ငွေ​​ကောင်း​ပေ​မဲ့ ခုနောက်ပိုင်း ​အလားတူဆိုင်မျိုး​တွေ များလာတာ​​ကြောင့် ​(​အခြား​အ​​ကြောင်း​တွေလည်း ပါရင် ပါမှာ​​ပေါ့) အရင်ကလောက် လူသိပ်မဝင်ပဲ ဝင်​ငွေမ​​ကောင်း​​တော့ပါဘူး။ ​​ရောင်း​အား ​ပြန်တက်လာအောင် ဘာ​တွေလုပ်သင့်လဲ ဆိုတာလေး ​အ​ကြံပြု ဆွေးနွေးပေးပါဦး ခင်ဗျာ။

နောက်​အပတ်​တွေမှာ ဆွေးနွေး​စေချင်​တဲ့ ​အ​​ကြောင်း​အရာလေး​တွေကိုလည်း ​အ​ကြံပြုသွားလို့လည်း ရပါတယ်။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment