Thursday, October 29, 2020

အထိုင်ဝင်​ငွေ

​အိမ်​၊ ခြံ​၊ မြေ၊ ကား၊ စက်ပစ္စည်း စတာ​တွေ ငှါးရမ်းခ လစဥ် ပုံ​မှန် ဝင်​နေ​တဲ့ ဝင်​ငွေ၊ ​အတိုးရ​တဲ့ ​ငွေ၊ ကိုယ်ဝင်ပါပြီး လုပ်စရာမလို​​တော့​တဲ့ ကိုယ်တိုင် ထူ​​ထောင်ထား​တဲ့ စီးပွားရေးလုပ်ငန်းက ​အမြတ်​ငွေ၊ စိတ်ချရ​တဲ့ ​အလိမ်မဟုတ်​တဲ့ စီးပွား​ရေးလုပ်ငန်း ကုမ္ပဏီ​တွေမှာ ​​ငွေရင်းနှီး မြှုပ်​နှံထားလို့ ရလာ​တဲ့ ​အမြတ်​ငွေ စတာ​တွေပါဝင်ပါတယ်။

​ငွေ​နဲ့မရင်းပဲ ကိုယ်အား​ဉာဏ်​အားနဲ့ ရင်းပြီးရ​တဲ့ ​အထိုင်ဝင်​ငွေ​တွေလည်း ရှိပါတယ်။ အဲဒါ​တွေက​​တော့ တီထွင်မှု​တစ်ခုခု အတွက် အဲဒီ တီထွင်မှုကို လူသုံး​နေသမျှရ​နေ​တဲ့ ဝင်​ငွေ၊ စာတစ်အုပ်ရေးထားပြီး အဲဒီစာအုပ်ကို​ထပ်ပြီး ရိုက်ထုတ်​​ရောင်း​နေရသမျှ ရ​နေ​တဲ့ ဝင်​ငွေ၊ သီချင်း​​ကောင်းတစ်ပုဒ် ရေးထားလို့ ဒီသီချင်းကို ဆို​​တဲ့ ​အဆို​​တော်​တွေ ရှိ​နေသ၍ ရ​နေ​တဲ့ ဝင်​ငွေ စ​တဲ့ မူပိုင်ခွင့် ဝင်​ငွေ​တွေပါ။

​အထိုင်ဝင်​ငွေ လမ်း​​ကြောင်း​တွေ ရှိထားရင် ကိုယ်​အလုပ်မလုပ်ပဲ အိပ်​နေ​နေ၊ ​အ​​ပျော် ခရီး​တွေပဲ ထွက်​နေ​နေ ​ငွေ​က​​တော့ ကိုယ့်ဆီ ဝင်​နေဦးမှာပါပဲ။ ကိုယ်က ​ငွေ​အတွက် ​အလုပ်မလုပ်​​တော့ပဲ ​ငွေက ကိုယ့်​အတွက် ​အလုပ်လုပ်ပေး​နေတာ​​ပေါ့။

ငွေစုမိလာ​တဲ့​အခါ ​​အထိုင်ဝင်​ငွေရဖို့၊ ငွေကို ခိုင်းဖို့ ဘယ်​နေရာမှာ ရင်းနှီးမြှုပ်​နှံရမယ်ဆိုတာ စဉ်းစားရ​ပြန်ပါတယ်။

ဒီ​​နေ့ ​အားလုံးကို ဆွေးနွေး​စေချင်တာက ​မြန်မာနိုင်​ငံ ​အ​ခြေ​အ​နေ​နဲ့ ကိုက်ညီမယ့် ​အထိုင်ဝင်​ငွေလုပ်ငန်း​အမျိုးမျိုးကို ​ပြောပြ​စေချင်ပါတယ်။ ​​ကျွန်​​တော် သိသလောက်ကို​​တော့ ရေး​ခဲ့ပြီးပါပြီ။ ကျွန်​​တော် မသိသေး​တဲ့ ကျွန်​​တော် မကျွမ်းကျင်​တဲ့ ​အထိုင်ဝင်​​​ငွေလမ်း​​ကြောင်း​တွေလည်း ရှိဦးမှာပါ။ ဝင်ရောက် ဆွေးနွေးပေးကြပါဦး ခင်ဗျာ။

မှတ်ချက်​​ကောင်းလေး​တွေကို စုစည်းပြီး "​မြန်မာနိုင်​ငံ​အတွက် ​အထိုင်ဝင်​ငွေ" ဆို​တဲ့ ​​ခေါင်းစဥ်​နဲ့ နောက်ထပ် စာတစ်ပုဒ် ရေးပါဦးမယ်။

ထုံး​စံ​အတိုင်း ကိုယ်သ​ဘောကျ​တဲ့ မှတ်ချက်လေး​တွေကို ​​တွေ့ရင်လည်း ဆွေးနွေးသူ ​အချင်းချင်း လက်မ​​လေး​တွေ၊ ​အသည်းလေး​တွေ ပေးသွားကြပါဦး ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...