အိမ်၊ ခြံ၊ မြေ၊ ကား၊ စက်ပစ္စည်း စတာတွေ ငှါးရမ်းခ လစဥ် ပုံမှန် ဝင်နေတဲ့ ဝင်ငွေ၊ အတိုးရတဲ့ ငွေ၊ ကိုယ်ဝင်ပါပြီး လုပ်စရာမလိုတော့တဲ့ ကိုယ်တိုင် ထူထောင်ထားတဲ့ စီးပွားရေးလုပ်ငန်းက အမြတ်ငွေ၊ စိတ်ချရတဲ့ အလိမ်မဟုတ်တဲ့ စီးပွားရေးလုပ်ငန်း ကုမ္ပဏီတွေမှာ ငွေရင်းနှီး မြှုပ်နှံထားလို့ ရလာတဲ့ အမြတ်ငွေ စတာတွေပါဝင်ပါတယ်။
ငွေနဲ့မရင်းပဲ ကိုယ်အားဉာဏ်အားနဲ့ ရင်းပြီးရတဲ့ အထိုင်ဝင်ငွေတွေလည်း ရှိပါတယ်။ အဲဒါတွေကတော့ တီထွင်မှုတစ်ခုခု အတွက် အဲဒီ တီထွင်မှုကို လူသုံးနေသမျှရနေတဲ့ ဝင်ငွေ၊ စာတစ်အုပ်ရေးထားပြီး အဲဒီစာအုပ်ကိုထပ်ပြီး ရိုက်ထုတ်ရောင်းနေရသမျှ ရနေတဲ့ ဝင်ငွေ၊ သီချင်းကောင်းတစ်ပုဒ် ရေးထားလို့ ဒီသီချင်းကို ဆိုတဲ့ အဆိုတော်တွေ ရှိနေသ၍ ရနေတဲ့ ဝင်ငွေ စတဲ့ မူပိုင်ခွင့် ဝင်ငွေတွေပါ။
အထိုင်ဝင်ငွေ လမ်းကြောင်းတွေ ရှိထားရင် ကိုယ်အလုပ်မလုပ်ပဲ အိပ်နေနေ၊ အပျော် ခရီးတွေပဲ ထွက်နေနေ ငွေကတော့ ကိုယ့်ဆီ ဝင်နေဦးမှာပါပဲ။ ကိုယ်က ငွေအတွက် အလုပ်မလုပ်တော့ပဲ ငွေက ကိုယ့်အတွက် အလုပ်လုပ်ပေးနေတာပေါ့။
ငွေစုမိလာတဲ့အခါ အထိုင်ဝင်ငွေရဖို့၊ ငွေကို ခိုင်းဖို့ ဘယ်နေရာမှာ ရင်းနှီးမြှုပ်နှံရမယ်ဆိုတာ စဉ်းစားရပြန်ပါတယ်။
ဒီနေ့ အားလုံးကို ဆွေးနွေးစေချင်တာက မြန်မာနိုင်ငံ အခြေအနေနဲ့ ကိုက်ညီမယ့် အထိုင်ဝင်ငွေလုပ်ငန်းအမျိုးမျိုးကို ပြောပြစေချင်ပါတယ်။ ကျွန်တော် သိသလောက်ကိုတော့ ရေးခဲ့ပြီးပါပြီ။ ကျွန်တော် မသိသေးတဲ့ ကျွန်တော် မကျွမ်းကျင်တဲ့ အထိုင်ဝင်ငွေလမ်းကြောင်းတွေလည်း ရှိဦးမှာပါ။ ဝင်ရောက် ဆွေးနွေးပေးကြပါဦး ခင်ဗျာ။
မှတ်ချက်ကောင်းလေးတွေကို စုစည်းပြီး "မြန်မာနိုင်ငံအတွက် အထိုင်ဝင်ငွေ" ဆိုတဲ့ ခေါင်းစဥ်နဲ့ နောက်ထပ် စာတစ်ပုဒ် ရေးပါဦးမယ်။
ထုံးစံအတိုင်း ကိုယ်သဘောကျတဲ့ မှတ်ချက်လေးတွေကို တွေ့ရင်လည်း ဆွေးနွေးသူ အချင်းချင်း လက်မလေးတွေ၊ အသည်းလေးတွေ ပေးသွားကြပါဦး ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment