Wednesday, September 23, 2020

ကြွားတတ်ကြသူများ

"ကိုယ် မလိုအပ်​တဲ့​အရာ​တွေကို ကိုယ့်မှာမရှိ​တဲ့ ပိုက်​ဆံ​တွေ​နဲ့ ကိုယ် မနှစ်သက်​တဲ့လူ​တွေ ​အထင်ကြီးအောင် ဝယ်​နေကြတာပါ။"

၁၉၉၉ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ Fight Club ရုပ်ရှင် ဇာတ်ဝင်ခန်းတစ်ခုမှာ ​ပြောခဲ့တဲ့ နာမည်ကြီး စကား​လေးပါ။ ​အ​မှန်က​တော့ ​အလားတူစကားမျိုးကို ​အ​မေရိ​ကန်မှာ ၁၉၂၈ ခုနှစ်ထဲက Robert Quillen က​ပြောခဲ့တာပါ။ မှတ်သားထိုက်တဲ့ စကားတစ်ခွန်းပဲ ဖြစ်ပါတယ်။

ကျွန်​​တော်တို့ လူဆိုတာမျိုးက ​အကြွား ခပ်​သန်​သန်ရယ်ပါ။ ​အ​​ကောင်းစား​ဆိုင်​တွေမှာ စားနိုင်​သောက်နိုင်တာကို ကြွားချင်တယ်။ ​အဆင့်မြင့် အိမ်​တွေ၊ ကွန်ဒို​တွေ၊ ဟိုတယ်​တွေမှာ ​နေနိုင်တာကိုကြွားချင်တယ်။ ​ဈေးကြီး​တံဆိပ်နှိပ် ​အသုံး​အ​ဆောင်​တွေ ဝယ်နိုင်တာကို ကြွားချင်တယ်။ ခရီးထွက်​နိုင်တာကို ကြွားချင်တယ်။ ​အဝတ်​အစား လက်​ဝတ်ရတနာ ​တွေကို ကြွားချင်တယ်။ ဖုန်း​အ​​ကောင်းစား၊ ကား​အ​​ကောင်းစားကိုလည်း ကြွားချင်ကြပါတယ်။ ကိုယ် ကြီးပွား​နေတာကို လူ​တွေကို သိ​စေချင်တယ်။ ကိုယ့်မှာ တကယ်ရှိတာထက်​ ပိုရှိတယ်လို့ လူ​အထင်ကြီး​ခံချင်ကြတယ်။

တစ်​ယောက်က ​ရှေ့ကကြွားပြရင် ​နောက်တစ်​ယောက်က ​အားကျမ​ခံ ပိုကြွား​ပြချင်တယ်။ "ဝ" မရှိပဲ လူ​တွေကို "ဝိ" ပြချင်တယ်။ ဒီ​တော့ ​ရေရှည်မှာ ဘာဖြစ်လဲ။ ဟုတ်ကဲ့ ​ခွေးဖြစ်တာ​ပေါ့ ခင်ဗျာ။

ခုခေတ် ​ဖေ့စ်ဘွတ်ခ် (Facebook)၊ အင်စတာဂ​ရမ် (Instagram) စတဲ့ လူမှုကွန်ရက်​​တွေ ​ပေါ်လာ​တော့ ပိုဆိုးပါတယ်။ လိုင်း​ပေါ်တက်​ကြွားကြသူ​တွေ​များ​တော့ ​အားကျမ​ခံ ​ပြန်ကြွားချင်ကြပါ​လေ​ရော။

​ပေါ်ပင်မှာ ​ပျော်ရွှင်၊ ကြွားတာမှာ ​အားသာ​နေ​တော့ ရတဲ့ ဝင်​ငွေ​လေး​တွေဟာ စုမိ​​ဆောင်းမိတယ်မရှိပဲ ပလုံတဲ့ ​အပြင် ​အ​ကြွေးပါတင်လိုက်​သေး။

ကျွန်​တော့် ​သူငယ်ချင်းတစ်​ယောက်ရှိပါတယ်။ လခရတိုင်း တစ်လကို တစ်မျိုး မရိုးရ​အောင် ပစ္စည်း​တွေဝယ်ပြီး ကြွားပါတယ်။ ရသမျှ ဝင်​ငွေ ဘယ်​တော့မှ ပိုတယ်မရှိပါဘူး။ ​​အ​ရေး​ပေါ် လိုရင် ကျွန်​တော်တို့ဆီက ​ပြန်​ချေးသုံးရပါတယ်။ ​အခု ကျွန်​တော် ​အေး​အေး​ဆေး​ဆေး ​ငွေသခင်ဖြစ်​နေချိန်မှာ သူက​တော့ ဒုံရင်းက ဒုံရင်း ​ငွေကျွန်ဖြစ်​နေတုန်း။ ရုန်း​ကန်​နေရတုန်း။

​လော​လောဆယ်မှာ သူများ​တွေရဲ့ ​အထင်ကြီးတဲ့မျက်​လုံး​တွေနဲ့ ကြည့်တာ ​ခံရဖို့အ​တွက်​ ကိုယ့်​ရဲ့ ​​နောင်​ရေး တစ်ခုလုံးကို စ​တေးသလို ​ဖြစ်​နေရတာကို ဆင်ခြင်ကြ​စေလိုပါတယ်။ ​​နောင်မှာ "​အ​ထည်ကြီးပျက်​" လို့ ​အ​ခေါ်​ခံချင်ရင်​တော့ ဆက်​ကြွားကြပါ။ ​​စုထား ​​ဆောင်းထားတာ မရှိလို့ ​​နောင်တစ်ချိန် ဒုက္ခ​ရောက်တဲ့​အခါ အဲဒီ ​အထင်ကြီးတဲ့ မျက်​လုံး​တွေက ​အထင်​သေးတဲ့ မျက်​လုံး​တွေ ဖြစ်လာမှာ မလွဲပါပဲ။

တစ်ခုခုကိုမဝယ်ခင်မှာ မသုံးခင်မှာ ကြွားချင်တာလား၊ တကယ်လိုအပ်လို့လား၊ ​အသုံးလား၊ ​အဖြုန်းလား ဆိုတာ ​သေချာ ချင့်ချိန်​သင့်ပါတယ်။

​ငွေသခင် ဖြစ်ချင်ရင်​တော့ ​အကြွားကို ​လျှော့ပါ။ ​ငွေသခင် တကယ်ဖြစ်သွားမှ ကြွားချင်ကြွားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...