Friday, September 25, 2020

စီးပွားကျချိန်​ ​​​​ဆောင်​ရန်ရှောင်​ရန်​

ကိုဗစ်-၁၉ ​​ကြောင့် ကမ္ဘာ​အနှံ့ စီးပွားရေးလုပ်ငန်း​ ​အများ​အပြား ရပ်တန့် နှေးကွေးကုန်ပါတယ်။ ​

​ဒီကပ်ဆိုး​​ကြောင့် လူဦး​​ရေ သန်း ၃၃၀ လောက်ရှိ​တဲ့ ​အ​မေရိ​​ကန်နိုင်​ငံမှာ လွန်​ခဲ့​တဲ့ တစ်လခွဲ​အတွင်း လူ​​ပေါင်း သန်း ၃၀ ​​ကျော် ​အလုပ်လက်​မဲ့ ဖြစ်​ခဲ့ရပါတယ်။

​ရောဂါ ကုသဆေး​နဲ့ ကာကွယ်ဆေး​တွေ မ​​တွေ့ခင် လူစုလူဝေးကို ​​ရှောင်ကြရ​တဲ့​အချိန်မှာ စီးပွားရေး နှေးကွေး​နေဦးမှာပါ။ ကုသကာကွယ်ဆေး​တွေ​ ပေါ်လာတာ​နဲ့ စီးပွားရေး​အားလုံး ချက်ချင်းကြီး ဝုန်းက​နဲ ​ပြန်လည်​​ထောင်တက်သွားဦးမှာ မဟုတ်ပါဘူး။ စီးပွားရေး ယန္တရားကြီး ​အရှိန်​​​​ကောင်း​​ကောင်း​နဲ့ ​ပြန်ပြီး လည်ပတ်နိုင်ဖို့ ​အချိန်တစ်ခုလိုပါတယ်။ ဒီ​အချိန်ကို စိတ်ရှည်ရှည်​နဲ့ ​​စောင့်ရဦးမှာပါ။

စီးပွားကျချိန်​အတွက် ​ဆောင်​ရန်​​ရှောင်​ရန်လေး​တွေကို မျှ​ဝေပေးလိုက်ပါတယ်။

▪️ ဝန်ထမ်းဖြစ်​စေ၊ စီးပွားရေးသမားဖြစ်​စေ လက်ရှိ ​အလုပ်ဟာ ​​အမြဲရှိ​နေမယ်လို့ အာမ​ခံချက်မရှိပါဘူး။ ​အရင်ဆုံး ​အလုပ်ထုတ်​ခံရသူဟာ ကိုယ်မဖြစ်ရ​လေအောင် ​အလုပ်ခွင်မှာ ​အခြားသူ​တွေထက်သာအောင် ​အစွမ်းကုန် ကြိုးစား​နေဖို့လိုပါတယ်။ ​​ဝန်ထမ်းဆိုရင်လည်း ​အလုပ်မှာ ​မရှိမဖြစ် သ​ဘောမျိုး အ​​တော်ဆုံးဖြစ်​နေအောင်ကြိုးစားသင့်သလို စီးပွားရေးလုပ်ငန်းရှင်ဆိုရင်လည်း ဖောက်သည်​တွေကို ဆွဲ​ဆောင်နိုင်အောင်၊ ပြိုင်ဘက်​တွေထက်သာအောင် ​ပိုကြိုးစားရမယ့် ကာလပါ။ ​ဝန်ထမ်း​တွေ​အ​နေ​နဲ့ အလုပ်က​နေ အလျင်စလို မထွက်သင့်​တဲ့ ​အချိန်ပါ။ ​အလုပ်​ပြန်ရှာရ ခက်တတ်ပါတယ်။

အလုပ်ထွက်သင့် မထွက်သင့် https://www.facebook.com/fireflypsk/posts/215507913120825/

▪️ ​​နောင်မှာ ရလာနိုင်​တဲ့ ဝင်​ငွေကို ​ထည့်တွက်ပြီး အိမ်​​တွေ ကား​တွေ ဝယ်တာမျိုးကို ဒီကာလ​အတွင်း ​​ရှောင်သင့်ပါတယ်။ ဥပမာ ချေး​ငွေယူပြီး အိမ်ဝယ်တာ၊ ကားဝယ်တာ မျိုး​တွေကို ​​ရှောင်ပါ။ ​​နောင်မှာ ရလာနိုင်တယ်ဆို​တဲ့ ဝင်​ငွေဟာ မ​ရေရာလှ​တဲ့ ​အချိန်ပါ။ ​အကြွေးသစ်​တွေ ယူတာကို ​​ရှောင်ရမယ့် ​အချိန်ပါ။

▪️ အရေး​​​ပေါ် ​ရန်ပုံ​ငွေ​အဖြစ် ​အသုံးစရိတ်​ရဲ့ ၆ လစာလောက် ​ငွေသား ရှိသင့်ပါတယ်။ ၁ နှစ်စာရှိရင် ပို​​ကောင်းသလို ၃ နှစ်စာလောက်ရှိရင်​​တော့ ​အတိုင်းထက်​အလွန်ပါပဲ။ ​ကံမ​​ကောင်း​အ​​ကြောင်းမလှလို့ ဝင်​ငွေမရှိ​​တော့ရင် ​အရေး​​ပေါ်​ရန်ပုံ​ငွေ စုထား​တဲ့သူ​တွေ​အတွက်​​တော့ ပိုပြီး စိတ်သက်သာရာရပါတယ်။

ရင်းနှီးမြှုပ်နှံမှုမလုပ်ခင် ဒါ အရင်လုပ်ပါ https://www.facebook.com/fireflypsk/posts/120329299305354

▪️ ​အကြွေးမရှိလို့ ​အတိုးမပေးရ​တဲ့သူ​တွေဟာ ဒီလို ကြပ်တည်း​တဲ့ ကာလ​တွေမှာ ပိုပြီး ​အသက်ရှူ​​ချောင်ပါတယ်။ ဝင်​ငွေ​​ကောင်းတုန်းမှာ သုံးဖြုန်းပစ်မယ့်​အစား ​အကြွေး​တွေ ​အ​မြန်​ကျေအောင် ဆပ်သင့်တာပါ။

▪️ စီးပွားရေး ကျဆင်း​နေလို့ အကြွေး​​တွေကို မဆပ်နိုင်သေးရင် ကြွေးရှင်​တွေကို ညှိနှိုင်း​​တောင်း​ပန်ပါ။ ​ဝင်​ငွေမလုံလောက်ပဲ အတိုးသတ်ဖို့ ​ငွေထပ်ချေး​နေရင် ကြွေး​နွံထဲ နစ်သွားနိုင်ပါတယ်။

ကြွေးသံသရာက ငရဲကြီး (၄) ထပ် https://www.facebook.com/fireflypsk/posts/118751782796439

▪️ ကိုယ့်​ရဲ့ ပိုင်ဆိုင်မှု​တွေ၊ ရင်းနှီးမြှုပ်​နှံမှု​တွေကို ဈေးကွက်ပျက်​နေ​တဲ့​အချိန် ​​ထုတ်ရောင်းတာဟာ ​အရှုံးများနိုင်​တဲ့​အတွက် ​သေချာချင့်ချိန်စဥ်းစားဖို့ လိုပါတယ်။ ​အကြွေးဆပ်ဖို့ ​အောက်ဈေး​နဲ့​​ရောင်းရ​​တော့မယ်ဆိုရင်လည်း ​အရှုံး​အမြတ်ကို ​​အတိုး​နဲ့ယှဉ်ထိုးပြီး သေချာတွက်ချက်နိုင်ဖို့ လိုပါတယ်။

▪️ ဒီ​အချိန်မှာ ​ငွေချေးပေးလိုက်မိရင် ဆုံးတာများတတ်တာမို့ ကိုယ့်​ငွေ​တွေ ချေးပေးလိုက်တာမျိုး၊ ကြားက အာမ​ခံပြီး ချေးပေးလိုက်တာမျိုး​တွေကို ​အထူးသတိထားရမယ့် ​အချိန်ပါ။

▪️ ဒီ​အချိန်မှာ ​ငွေများများ ကိုင်ထားနိုင်​တဲ့သူက တစ်ပန်းသာပါတယ်။ အိမ်ဝယ်ဖို့ ကားဝယ်ဖို့ ​ငွေစုပြီးသား လူ​တွေ​အတွက် ထင်ထားတာထက် ပိုပြီး ချိုသာ​တဲ့ဈေး​နဲ့ ​​ရောင်းချင်​တဲ့ အိမ်​တွေ ကား​တွေ ဈေးကွက်မှာ ​​ပေါ်လာဦးမှာမို့ ​အ​လောတကြီးမဝယ်သေးပဲ စိတ်ရှည်ရှည်​နဲ့ ​​စောင့်ပြီး စိတ်ကြိုက်ကို ရှာ​ဖွေတာ ပို​​ကောင်းပါတယ်။ ​ငွေ​အများကြီးသုံးလိုက်ပြီး လက်ထဲမှာ ​ငွေမ​ကျန်​​တော့မယ့်​အဖြစ်မျိုး ​​ရှောင်ပါ။

▪️ ​အသုံးစရိတ်​တွေကို လျှော့ချပါ။ ဘယ်​နေရာ​တွေမှာ ​ချွေတာလို့ရမလဲဆိုတာကို ​နေရာတိုင်းမှာ စိစစ်ပါ။ လိုအပ်ရင် စားဝတ်​နေရေး ​အားလုံးကို တစ်ဆင့်​လျှော့ရင် လျှော့ရပါမယ်။ ​ဥပမာ ဈေး​​ပိုသက်သာတဲ့ ​ဆန်​​ကို ​​ပြောင်းပြီး ဝယ်စားတာမျိုး၊ အိမ်လခ ပိုသက်သာ​တဲ့ ​နေရာကို ​​ပြောင်းတာမျိုး၊ ဈေးကြီးကားကို​​ရောင်းပြီး ဈေး​​တော်တာကို ​ပြန်ဝယ်စီးတာမျိုး စတာ​တွေပါ။ ​​နေ့စဥ် လစဥ် ထွက်နေ​​တဲ့​ငွေ တစ်ခုချင်းစီကို ​​အသုံးလား​အဖြုန်းလား၊ လျှော့ချလို့ရနိုင်ဦးမလား စဥ်းစားသုံးသပ်ရမှာပါ။

ချွေတာစု​​ဆောင်းရေး ဆောင်းပါးများ https://www.facebook.com/fireflypsk/posts/230825591589057/

▪️ လက်ရှိမှာ ဝင်​ငွေရပေါက်ရလမ်း​တွေ ပိတ်​နေရင် ​အခြား ဝင်​ငွေရပေါက်ရလမ်း​တွေကို ကြိုးစား ရှာ​ဖွေကြည့်ပါဦး။ ​အကြပ်​အတည်း​တွေကြားမှာ ​အခွင့်​အရေး​တွေ ရှိ​နေတတ်ပါတယ်။

ကိုဗစ်ချိန်ခါ စီးပွားရှာ https://www.facebook.com/fireflypsk/posts/228211658517117/

▪️ ဒီကာလ​တွေမှာ လိုင်း​​ပေါ်မှာ ​အလိမ်​တွေများလာတတ်တာ​​ကြောင့် ​​အလိမ်မ​​ခံရ​အောင် အထူးဂရုစိုက်ဖို့လည်း လိုပါတယ်။

လိုင်းပေါ်က လိမ်နည်း အထွေထွေ https://www.facebook.com/fireflypsk/posts/145165396821744

▪️ ​အား​နေ​တဲ့​အချိန်မှာ ​အသိပညာတိုးတက်အောင် စာဖတ်ပါ။ ပညာပေး ဗီဒီယို​တွေ ကြည့်ပါ။ ​လိုင်း​​ပေါ်က အခ​မဲ့သင်တန်း​တွေကို ရှာ​ဖွေပြီး တက်ပါ။ စီးပွားရေး​​ကောင်းလာမယ့် တစ်​​နေ့​အတွက် ​အဆင်သင့်ဖြစ်​နေအောင် ခုကတည်းက ပြင်ဆင်ထားပါ။

▪️ ​ကျန်းမာရေးကို ဉာဏ်​နဲ့ယှဉ်ပြီး ဂရုစိုက်ပါ။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးပါ။

▪️ ကပ်ဆိုး​​ကြောင့် ရည်မှန်းချက်​တွေ မ​ပြည့်လို့၊ ​​နှောင့်နှေးသွားလို့ဆိုပြီး စိတ်ညစ်မ​နေပါ​နဲ့။ ​လောက​ဓံကို ကြံ့ကြံ့​ခံနိုင်​တဲ့ လူသားတစ်ယောက်ဖြစ်အောင် ကြိုးစားပြီး ပစ္စုပ္ပန်​တည့်​တည့်မှာ ​​ပျော်အောင်​နေပါ။​​ရောင့်ရဲစိတ်​နဲ့ ကိုယ်ကံ​​ကောင်း​တဲ့​အချက်လေး​တွေကို ကျေးဇူးတင်တတ်ပါ​စေ။

ကျေးဇူးတင်တတ်ဖို့ https://www.facebook.com/fireflypsk/posts/175993463738937/

▪️ကိုယ့်ထက်ပိုပြီး ​အ​ခြေ​အ​နေဆိုး ဒုက္ခရောက်​နေ​တဲ့သူ​တွေကိုလည်း စာနာသနား နားလည်ပေးပြီး တတ်နိုင်သလောက် ကူညီပေးပါ။

ကျွန်​​တော်ရေး​​ခဲ့​တဲ့ စာ​အများစုဟာ ဒီလို​အခက်​အခဲမျိုး​တွေ ကြုံလာ​တဲ့​အခါ ဒုက္ခမရောက်ရအောင် ကြိုတင်ပြင်ဆင်ထားဖို့ သတိပေးနှိုး​​ဆော်ထား​တဲ့ ကာကွယ်ရေး​​ဆောင်းပါး​တွေ များ​​ကြောင်း သတိပြုမိ​တဲ့သူ​တွေ ရှိမှာပါ။

အကြပ်​အတည်း​​တွေ့လာမှ ​ကံတရားကိုပုံချ​အပြစ်တင်​နေ​မဲ့​အစား ​အကြပ်​အတည်း မ​​တွေ့ခင်ကတည်းက ခုသာ​ခံသာရှိအောင် ကြိုတင်ပြင်ဆင်ထားဖို့ လို​​ကြောင်းကိုလည်း ထပ်​​ပြောပါရ​စေ ခင်ဗျာ။

မိုးက​​တော့ ရွာမှာပဲ။ မိုးမစိုချင်ရင် ထီးကို ကြို​ပြီး ​ဆောင်ထားဖို့လိုသလို ထီးမပါလာရင်လည်း မိုး​ဒဏ်ကို ကြံ့ကြံ့​ခံနိုင်ဖို့လိုပါတယ်။ မိုးရွာတုန်း ​ရေ​ခံပြီး မိုးရေချိုးရင်း ​​ပျော်ရွှင်နိုင်ရင်​​တော့ ​ပို​​ကောင်းပါတယ်။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...