Sunday, September 27, 2020

ကိုဗစ်ချိန်ခါ စီးပွားရှာ

ကိုဗစ်-၁၉ ကာလမှာ ​အလုပ်ဖြစ်​နိုင်တဲ့ စီးပွားရေးလုပ်ငန်းလေး​တွေကို ​​ဖော်ပြပေးလိုက်ပါတယ်။

​အထူးသတိထားရမှာက​​တော့​အပြင်ထွက်​လုပ်ရ​တဲ့ စီးပွားရေးမျိုး (ဥပမာ အိမ်တိုင်ရာရောက် ပို့ပေးရ​တဲ့လုပ်ငန်း​မျိုး) လုပ်ရ​တဲ့​အခါ မိမိကိုယ်တိုင်​အတွက်​ရော၊ ​အခြားလူ​တွေ​အတွက်​ပါ ​ရောဂါမကူးအောင် သက်ဆိုင်ရာက လမ်းညွှန်ချက်​တွေကို စနစ်တကျ လိုက်နာဖို့ လိုပါတယ်။ ပို့​ဆောင်ပေး​တဲ့ ပစ္စည်း​တွေမှာ ​ရောဂါပိုး​တွေ ကပ်ပါမလာအောင် မှာယူ​တဲ့သူလက်ထဲမ​ထည့်ခင် ​​အထူးဂရုပြုပြီး သန့်ရှင်းရေးလုပ်ပေးရပါမယ်။

ဖြစ်နိုင်ရင် အိမ်မှာ​နေဖို့ကိုလည်း ထပ်​​လောင်းတိုက်တွန်းလိုပါတယ်။ ဒါ​ပေ​မဲ့ လက်ရှိ​အချိန်မှာ မဖြစ်မ​နေ ငွေရှာဖို့လို​တဲ့လူ​တွေ​အတွက် ​အ​ကြံဉာဏ်လေး​တွေကို စု​​ဆောင်းတင်ပြလိုက်ပါတယ်။

1. ​အသင့်ချက်ထား​တဲ့ အစား​အစာ​တွေကိုအိမ်တိုင်ရာရောက် ပို့​ဆောင်ရေး လုပ်ငန်း

2. ဟင်းချက်စရာပစ္စည်း​​နဲ့ ​အခြားကုန်ပစ္စည်း​တွေကို အိမ်တိုင်ရာရောက် ပို့​ဆောင်ရေး လုပ်ငန်း

3. ကုန်ခြောက်ဆိုင်/အိမ်ဆိုင် လုပ်ငန်း

4. ဆေးဝါး​တွေကို အိမ်တိုင်ရာရောက် ပို့​ဆောင်ရေး လုပ်ငန်း

5. ဖုန်း​ဘေ​ ငွေ​ဖြည့်ပေး​တဲ့ လုပ်ငန်း (​ဘဏ် Pay App ​တွေသုံးပြီး ​ဖြည့်တတ်​တဲ့သူ​တွေ ရှားပါသေးတယ်)

6. ဖုန်းပြုပြင်ရေး၊ အိမ်တိုင်ရာရောက် သိမ်းယူ၊ ​ပြန်ပို့ပေး​တဲ့လုပ်ငန်း

7. အိမ်တွင်း​မှာ အားကစားလုပ်နိုင်ဖို့​အတွက် ​အားကစား ကိရိယာပစ္စည်း​တွေ အိမ်တိုင်ရာရောက် ရောင်းချရေးလုပ်ငန်း

8. လိုင်း​​ပေါ်က​နေ ​အိမ်တွင်း​အားကစားလုပ်နည်း သင်တန်း​ ပို့ချရေးလုပ်ငန်း

9. အိမ်​တွေရုံး​တွေမှာ  ပိုးသတ်ဆေးဖြန်းပေး​တဲ့ လုပ်ငန်း

10. ဆပ်ပြာ နဲ့ ဟန်းဂျယ် ထုတ်လုပ်​​ရောင်းချပို့​ဆောင်ရေးလုပ်ငန်း

11. ​အပြင်မထွက်ချင်​တဲ့လူ​တွေ​အတွက် ​အပြင်မှာ လုပ်စရာရှိ​တဲ့ ​အလုပ်​တွေကို ကိုယ်စားလှယ်​ အပြင်ထွက်ပြီး လုပ်ပေး​တဲ့ ​ဝန်​ဆောင်မှုလုပ်ငန်း

12. နှာ​​ခေါင်းစည်း ချုပ်လုပ်​​ရောင်းချရေးလုပ်ငန်း (သင့်​​တော်​တဲ့ ပိတ်စ​နဲ့ သတ်မှတ်ထား​တဲ့ ဒီဇိုင်း​အတိုင်းချုပ်ထား​တဲ့ နှာ​​ခေါင်းစည်း​တွေဟာ ​ရောဂါကို ​အသင့်​အတင့် ကာကွယ်နိုင်ပါသ​တဲ့။ ​​တွေ့ရာပိတ်စ​နဲ့ နှာ​​ခေါင်းစည်းဖြစ်ရင်ပြီး​​ရောဆိုပြီး ချုပ်လို့ မရတာကို​​တော့ ဂရုပြု​စေချင်ပါတယ်။)

13. အိမ်မှာ ဝိုင်းထိုင်ကစားလို့ရ​တဲ့ ကစားစရာ​နဲ့ ဂိမ်း​တွေ (ဥပမာ မိုနိုပိုလီဂိမ်း) အိမ်တိုင်ရာရောက် ပို့​ဆောင်ရေး လုပ်ငန်း

14. ဆရာ​ဝန်​တွေ လိုင်း​​ပေါ်က​နေ video call ​နဲ့ လူနာကို ကြည့်ရှုစစ်ဆေး​ ​အ​ကြံပေး​တဲ့လုပ်ငန်း

15. ​ဆံပင်ညှပ်ကိရိယာ ​​ရောင်းဝယ်ရေး​နဲ့ အိမ်တိုင်ရာရောက် ပို့​ဆောင်ရေး လုပ်ငန်း

16. လိုင်း​​ပေါ်က​နေ ဆံပင်ညှပ်နည်း သင်ပြပေး​တဲ့ လုပ်ငန်း

17. လိုင်း​​ပေါ်က​နေ ကျူရှင်ပြ​တဲ့လုပ်ငန်း

​အ​​​ပေါ်မှာ ရေးထား​တဲ့ လုပ်ငန်း​တွေဟာ ဥပမာ​တွေပါ။ ​ထပ်ရေးရရင် ​အများကြီး ရှိပါသေးတယ်။ ကျွန်​​တော်ရေးထား​တဲ့ ဥပမာ​တွေ​နဲ့ ဆက်စပ်ပြီး ကိုယ်​နဲ့ သင့်​​တော်မယ့်လုပ်ငန်း​တွေကို ဖြန့်ကြက်စဥ်းစား​စေချင်ပါတယ်။

ကိုယ်​နဲ့ သင့်​​တော်မယ့်လုပ်ငန်းကို ဘယ်လို ​စဥ်းစားရမလဲဆိုရင် -

1. ကိုယ် ဘာ​အလုပ်​တွေကို ကျွမ်းကျင်လဲ ​အရင်စဥ်းစားပါ။

2. လော​လောဆယ် လူ​တွေ​ အပြင်သိပ်မထွက်ကြ​တဲ့​အချိန်မှာ ဒီကျွမ်းကျင်​တဲ့ လုပ်​ငန်း​တွေကို အိမ်မှာ​နေရင်း လိုင်း​​ပေါ်က​နေတစ်ဆင့် လုပ်လို့ရ​တဲ့နည်း​တွေကို ရှာပါ။

3. လိုင်း​​ပေါ်မှာ လုပ်လို့မရ​တဲ့ လုပ်ငန်း​တွေဆိုရင်လည်း အိမ်တိုင်ရာရောက် ​ဝန်​ဆောင်မှုပေးနိုင်အောင် ​ကြိုးစားပါ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...