Friday, September 25, 2020

ဗေဒင်​နဲ့ ယတြာ

​ဗေဒင်ဆိုတာ ယုံရခက် မယုံရခက်ကြီးပါ။ ရှေးခေတ်က ​အချို့လူ​တွေ ​မြေလျှိုးပြီး မိုး​ပျံနိုင်တယ်ဆိုတာကို ယုံရခက်သလိုပါပဲ။

ဒါ​ပေ​မဲ့ ​ဗေဒင်ကို ယုံတယ် ဆို​တဲ့ဘက်က​နေ ဒီလို​ပြန်​​လှည့် တွေးကြည့်ရအောင်။

ခုခေတ်မှာ ကျွန်​​တော်တို့ ​မြေလျှိုးပြီး မိုး​​ပျံ​နေနိုင်ကြပါပြီ။ ​မြေ​အောက်ရထား​တွေ ​လေယာဉ်​​ပျံတွေကိုပဲ ကြည့်​လေ။ ​

ဆိုကြပါစို့။ အဲဒီနည်းပညာ​တွေဟာ မျိုးဆက် တစ်ဆင့်က​နေ တစ်ဆင့် ဆရာစား​ ချန်လွန်း​တဲ့သူ​တွေများလာလို့၊ ဆက်ပြီး ဆန်းသစ်တီထွင်မှု​အားနည်းလို့ တ​ဖြည်း​ဖြည်း​နဲ့ ဆုတ်ယုတ်လာရင် တစ်​ဖြည်း​ဖြည်း​နဲ့ အဲဒီ နည်းပညာ​တွေ ကွယ်ပျောက်သွားမှာပါ။ ဒါဆိုရင် ​​နောင် နှစ်​​ပေါင်းများစွာ ကြာ​တဲ့​အခါ မြေ​အောက်ရထား​တွေ ​လေယာဉ်​​ပျံတွေဟာ ဒဏ္ဍာရီသဖွယ် ယုံတမ်း စကား​တွေ ဖြစ်သွားနိုင်ပါတယ်။

​ဗေဒင် လက္ခဏာလည်း ဒီလို​နဲ့ တ​ဖြည်း​ဖြည်း​ ဆုတ်ယုတ်လာ တယ်လို့ မြင်ပါတယ်။ ဆရာစား​ချန်တတ်ကြတယ်။ ထပ်ပြီး ဆန်းသစ်​​လေ့လာမှု သု​တေသန​တွေ မလုပ်​​တော့ကြ​​​​တော့ဘူး။ ဒါ့​​ကြောင့် ခု​​တော့ ညာဖြီး​တဲ့ ​ဗေဒင်ဆရာ​တွေများပြီး တကယ်တတ်ကျွမ်း​တဲ့သူ​တွေမရှိသလောက်ရှားသွား​​တော့ ​​တော်ရုံဆို ကျွန်​​တော်တို့ လက်​​တွေ့သမား​တွေက မယုံကြ​​တော့ဘူး​​ပေါ့။

ဆရာစား ​ချန်မလား https://www.facebook.com/fireflypsk/posts/139843214020629

ခု​​တော့ ​ဗေဒင်ဆိုတာ သိပ္ပံနည်းကျ​​ဖြစ်လာပါပြီ။ ပိုးစုန်းကြူး ဘယ်သူလည်း ​​​ဗေဒင် ​အကြား​အမြင်သွား မေးစရာ မလိုဘူး၊ ​​ဖေ့စ်ဘွတ်ခ်က သိပြီးသား။ ​အ​​ကောင့်တု​နဲ့ လုပ်တာဆိုရင်​​တောင် သူတို့ သိနိုင်​တဲ့ နည်း​တွေ ရှိပါတယ်။

နောက်ပြီး ​​ကောင်လေး​နဲ့ ​​ကောင်မလေး နှစ်ယောက် ဖေ့စ်ဘွတ်ခ် Messenger/CB မှာ စကား စ​ပြောလာကြရင် သမီးရည်းစား ဖြစ်နိုင်​ချေရှိလားဆိုတာ ဖေ့စ်ဘွတ်ခ်က အဲဒီ နှစ်ယောက်ထက် ပိုသိတယ်။ ​​ကောင်လေး​နဲ့ ​​ကောင်မလေး တစ်​​နေ့ဘယ်နှစ်ခါ စကား​ပြောလဲ၊ အခြားဘယ်သူ​တွေ​နဲ့ ​ပြော​နေ​လဲ၊ တစ်​​နေ့တစ်ခြား စကား​တွေ ပို​ပြော စာ​တွေ ပိုပို့လာကြလား၊ တစ်ယောက်​နဲ့တစ်ယောက် ပို့စ်​တွေကို အသဲလေး​တွေပေးကြလား စ​တဲ့ ​ဖေ့စ်ဘွတ်ခ်မှာ လုပ်​နေ​တဲ့ ​အချက်​အလက်​တွေက​နေ ကောက်ချက်ဆွဲလို့ရပါတယ်။

အဲဒီလိုပဲ သမီးရည်းစားနှစ်ယောက် ပြတ်တော့မှာလား၊ ယူ​​တော့မှာလား၊ တစ်ယောက်ယောက်က သစ္စာဖောက်​နေလား ဆိုတာကို ဖေ့စ်ဘွတ်ခ်က ကာယ​ကံရှင်​တွေထက်​​တောင် ပိုသိနိုင်ပါတယ်။

ဒီလိုပါပဲ။ ပိုးစုန်းကြူး ​​ပေ့ချ်မှာ ဖတ်​တဲ့သူ ပိုများလာမလား၊ လျော့သွားမလား၊ ဘယ်​အချိန်မှာ Page Like ဘယ်လောက်ရှိလာမယ်ဆိုတာကို ဖေ့စ်ဘွတ်ခ်က ကျွန်​​တော့်ထက် ပိုသိပါတယ်။

​​ဗေဒင် ​အကြား​အမြင်​​ကြောင့် မဟုတ်ပဲ ​ဒေတာ​အချက်​အလက်​တွေ ​အများကြီးကို သုံးသပ်စိစစ်ပြီး သိပ္ပံနည်းကျ ကောက်ချက်ချ​တဲ့ နည်းပညာပါ။

​အရမ်း စိတ်ဝင်စားဖို့​​ကောင်းပြီး ​အသုံးတည့်သလို ကိုယ်ရေးကိုယ်တာ ​အတွင်းရေး လုံခြုံမှု မရှိ​​တော့တာကလည်း ကြောက်စရာပါ။

​စကားဦး သန်း​နေတာ​နဲ့ ​အဓိက ပြောချင်တာက ခုမှ စ ပါတယ်။ 

ကျွန်​​တော်လည်း ​အကြား​အမြင်ရ​နေပါတယ်။ မယုံရင် ဒီ ဝတ္ထုတိုလေးဖတ်ကြည့်ပါ။ ​အဟဲ။

ဆရာကြီး နဂါးနီနှင့် ​အ​ကြွေးကင်းဂါထာ https://www.facebook.com/fireflypsk/posts/136711257667158

ကျွန်​​တော် လိုင်း​​​ပေါ်မှာ ​​တွေ့​​တွေ့​နေရတာ​တွေကိုလည်း ​​အနာဂတ်​အတွက် ကြိုတင် ​ဟောကိန်းထုတ်လို့ရ​နေတာ​တွေ ရှိနေပါတယ်။

ဆိုကြပါစို့။ ဝင်​ငွေ ​အသင့်​အတင့်ရှိ​တဲ့ လူတစ်ယောက် လိုင်း​​ပေါ်တက်ကြွား​နေပြီ။ နောက်ဆုံး​​ပေါ် အိုင်ဖုန်းလေး ဝယ်ထားရင် ကြွားတယ်၊ ကား​အသစ်လေး ဝယ်ပြီးရင် လိုင်း​​ပေါ်တက်ကြွားတယ်၊ ဟိုခရီး ဒီခရီး ထွက်ပြီး ကြွား​ပြန်တယ်။ သုံးနိုင် ဖြုန်းနိုင်​​ကြောင်း ပြတယ်။ ​သေချာပြီ ဒီလူ မွဲ​​တော့မယ်။

ရ​တဲ့ လခရယ်၊ ဘယ်လောက်သုံး​နေလဲရယ် ခန့်မှန်းလို့ရတယ်။ လုံးဝ မစုမိပဲ ​အားလုံးကုန်အောင် သုံး​နေမှန်း သိသာတယ်။ တစ်​​နေ့ ​ငွေမရှာနိုင်​​တော့​တဲ့ ​အချိန် ဒုက္ခရောက်​​တော့မယ်မှန်း တွေးကြည့်ရင် သိတယ်။

လူဆိုတာ တစ်​​နေ့မဟုတ် တစ်​​နေ့ ​ငွေကြေး ကြမ္မာဆိုး​နဲ့ ကြုံတတ်တာ​​ကြောင့် အဲဒီ​​နေ့​အတွက် မပြင်ဆင်ထား​တဲ့ သူ ​​ကောင်း​​ကောင်းကြီး ​ခံရမယ်ဆိုတာ တွက်လို့ရတယ်။ ​ဗေဒင်ပညာ တတ်စရာကို မလိုဘူး။ ယုတ္တိ​ဗေဒ သ​ဘော​အရ ​အများ​အားဖြင့် ​မှန်တတ်ပါတယ်။

ဒါဆို ဒီလို လူမျိုး​အတွက် ယတြာမရှိဘူးလား။ ဟာ ရှိတာ​​ပေါ့ ခင်ဗျာ။ ​​အကြွား​တွေ လျှော့ပါ။ အသုံး​နဲ့ ​အဖြုန်းကို ခွဲခြားသိပါ။ ​ငွေကိုကြိုးစားရှာပါ။ ခြိုး​ခြံ​ချွေတာပါ။ ​ငွေစုပါ။ ပါးနပ်စွာ ရင်းနှီး မြှုပ်​နှံပါ ​​ပေါ့။ အဲဒါ ယတြာပါပဲ ခင်ဗျာ။

နောက်ထပ် ယတြာတစ်ခု ထပ်ပေးရရင်​​တော့ ပိုးစုန်းကြူး​ရဲ့စာ​တွေကို ​​နေ့တိုင်းဖတ်ပါ ​​ပေါ့။ ​အဟဲ။  အဲဒါက နောက်တာ။ တစ်ကယ် ဖတ်​​နော်။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...