သူငယ်ချင်း သုံးယောက်ရှိပါတယ်။ ကိုကို၊ မမ နဲ့ ညီညီလို့ပဲ ဆိုပါစို့။
သုံးယောက်ထဲမှာ ကိုကိုက အထူးချွန် အထက်မြက်ဆုံးပါ။ ဒါကြောင့်လည်း ကိုယ်ပိုင်စီးပွားရေးလေးလုပ်ပြီး အတော် အောင်မြင်နေပါတယ်။ တစ်လ သိန်း ၅၀ လောက် ဝင်ငွေရှိပါတယ်။ ဝင်ငွေကောင်းတော့ သုံးနိုင်ဖြုန်းနိုင်တာပေါ့။ တစ်လ ၄၅ သိန်းလောက်သုံးလို့ ၅ သိန်းလောက် စုမိပါတယ်။ လူတွေ အထင်ကြီး အားကျတာကို ခံနေရတဲ့ သူတစ်ယောက်ပေါ့။
မမကတော့ တစ်လ ၁၅ သိန်းရတဲ့ အလုပ် လုပ်နေပြီး သူလည်း သုံးနိုင်ဖြုန်းနိုင်ပါတယ်။ တစ်လ ၁၂ သိန်းလောက်သုံးလို့ ၃ သိန်းလောက် စုဖြစ်ပါတယ်။
ညီညီကတော့ သူတို့သုံးယောက်မှာ အချာဆုံးပေါ့။ ဒါပေမဲ့ မဆိုးလှပါဘူး။ တစ်လ ၄ သိန်းတော့ ရပါတယ်။ သူ့အသုံးစရိတ်ကတော့ ၂ သိန်းပါ။ တစ်လ ၂ သိန်း စုပါတယ်။
ဒီသုံးယောက်ဟာ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် ရေရှည်မှာ ငွေသခင် ဘယ်သူအရင်ဖြစ်မယ်လို့ ထင်ပါသလဲ။ ထင်မြင်ချက်ကလေးတွေကို မှတ်ချက်ပေးသွားကြပါဦး ခင်ဗျာ။
ဖြည့်စွက်ချက်
သိန်း ၅၀ ဟာ ကိုကို့ရဲ့ ဝင်ငွေ သီးသန့်၊ လုပ်ငန်းက ကုန်ကျစရိတ်တွေ အကုန်နှုတ်ပြီး ကျန်တဲ့ အမြတ်ငွေ ဖြစ်ပါတယ်။
ကိုကို သုံးတဲ့ ၄၅ သိန်းဟာ ကိုကိုနဲ့ သူ့ မိသားစု အသုံးစရိတ် သက်သက် ကို ဆိုလိုတာပါ။ လုပ်ငန်းမလုပ်တော့ရင်တောင် ဆက်ကုန်မယ့် စရိတ်ပါ။ ဥပမာ မိဘကို ထောက်ပံ့စရိတ်၊ ကျန်းမာရေး စရိတ်၊ သားသမီးကို နိုင်ငံခြားမှာ ကျောင်းထား စရိတ်၊ လောင်းကစား၊ အပျော်အပါး၊ အသောက်အစား စတဲ့ စရိတ် တွေပါ။
"ဟျောင့် မင်းဘယ်လောက် ချမ်းသာနေပြီလဲ" ဆိုတဲ့ စာမှာတော့ ကျွန်တော့်ရဲ့ ထင်မြင်ချက်လေးကို ရေးပေးထားပါတယ် ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Tuesday, September 22, 2020
ငွေသခင် ဘယ်သူ အရင်ဖြစ်မလဲ
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
"ငွေမရှိခြင်းဟာ မကောင်းမှုတွေအားလုံးရဲ့ ဇစ်မြစ်ပါပဲ" လို့ပြောခဲ့တဲ့ စကားနဲ့ပတ်သက်ပြီး ဝေဖန်သံတွေနဲ့ ပွက်လောရိုက်...
-
၁၁ လပိုင်း ၁၁ ရက်နေ့ကို တရုတ်ပြည်မှာ လူလွတ်များနေ့ (Singles’ Day) လို့ သတ်မှတ်ထားပါတယ်။ ၁၁၁၁ ဆိုတာ ၁ ဂဏန်းတွေပူးနေတာ ဆိုတော့ တစ်ယော...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခေါ်တဲ့ လျှ...
No comments:
Post a Comment