Tuesday, September 22, 2020

ငွေသခင် ဘယ်သူ ​အရင်ဖြစ်မလဲ




သူငယ်ချင်း သုံး​ယောက်ရှိပါတယ်။ ကိုကို၊ မမ နဲ့ ညီညီလို့ပဲ ဆိုပါစို့။

သုံး​ယောက်ထဲမှာ ​ကိုကိုက အထူးချွန် ​အထက်​မြက်​ဆုံးပါ။ ဒါ​​ကြောင့်လည်း ကိုယ်ပိုင်စီးပွား​ရေး​လေးလုပ်ပြီး ​အ​တော် ​အောင်မြင်​နေပါတယ်။ တစ်လ သိန်း ၅၀ ​လောက် ဝင်​ငွေရှိပါတယ်။ ဝင်​ငွေ​​ကောင်း​တော့ သုံးနိုင်ဖြုန်းနိုင်တာ​ပေါ့။ တစ်လ ၄၅ သိန်း​လောက်သုံးလို့ ၅ သိန်း​လောက် စုမိပါတယ်။ လူ​တွေ ​​အထင်ကြီး အားကျတာကို ​ခံ​နေရတဲ့ သူတစ်​ယောက်​ပေါ့။

မမက​တော့ တစ်လ ၁၅ သိန်းရတဲ့ ​အလုပ်​ လုပ်​နေပြီး သူလည်း သုံးနိုင်ဖြုန်းနိုင်ပါတယ်။ တစ်လ ၁၂ သိန်း​လောက်သုံးလို့ ၃ သိန်း​လောက် စုဖြစ်ပါတယ်။

​​ညီညီက​တော့ ​သူတို့သုံး​ယောက်မှာ ​အချာဆုံး​ပေါ့။ ဒါ​ပေမဲ့ မဆိုးလှပါဘူး။ တစ်လ ၄ သိန်း​တော့ ရပါတယ်။ သူ့​အသုံးစရိတ်က​တော့ ၂ သိန်းပါ။ တစ်လ ၂ သိန်း စုပါတယ်။

ဒီသုံး​ယောက်ဟာ ဒီ​အတိုင်း ဆက်​သွား​နေမယ်ဆိုရင် ​ရေရှည်မှာ ​ငွေသခင် ဘယ်သူ​အရင်ဖြစ်မယ်လို့ ထင်ပါသလဲ။ ထင်မြင်ချက်​က​လေး​တွေကို ​မှတ်ချက်​​ပေးသွားကြပါဦး ခင်ဗျာ။

​ဖြည့်စွက်​ချက်​
သိန်း ၅၀ ဟာ ကိုကို့ရဲ့ ဝင်​ငွေ သီးသန့်၊ လုပ်ငန်းက ​ကုန်ကျစရိတ်​တွေ ​အကုန်နှုတ်ပြီး ​ကျန်တဲ့ အမြတ်​ငွေ ​ဖြစ်ပါတယ်။

ကိုကို သုံးတဲ့ ၄၅ သိန်းဟာ ကိုကိုနဲ့ သူ့ မိသားစု အသုံးစရိတ် သက်​သက်​ ကို ဆိုလိုတာပါ။ လုပ်ငန်းမလုပ်​တော့ရင်​​တောင် ဆက်​ကုန်မယ့် စရိတ်ပါ။ ဥပမာ မိဘကို ​ထောက်​ပံ့စရိတ်၊ ကျန်းမာ​ရေး စရိတ်၊ သားသမီးကို နိုင်​ငံခြားမှာ ​​ကျောင်းထား စရိတ်၊ ​​လောင်းကစား၊ ​အ​ပျော်​အပါး၊ ​အ​သောက်​အစား စတဲ့ စရိတ် တွေပါ။

"ဟျောင့် မင်းဘယ်​လောက် ချမ်းသာ​နေပြီလဲ" ဆိုတဲ့ စာမှာ​တော့ ကျွန်​တော့်ရဲ့ ထင်မြင်ချက်​​လေးကို ​ရေး​ပေးထားပါတယ် ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment