Tuesday, September 22, 2020

ဟျောင့် မင်းဘယ်​လောက် ချမ်းသာ​နေပြီလဲ




************************************
(၁) ချမ်းသာကြွယ်ဝမှုကို ဘာနဲ့တိုင်းမလဲ။
************************************

"ဟျောင့် မင်းဘယ်​လောက် ချမ်းသာ​နေပြီလဲ။" လို့​မေးလာရင် ​အများစုက ​ရွှေ​ငွေတိုက်တာလုပ်ငန်း သိန်း​​ပေါင်း ဘယ်​လောက်ဖိုး​လောက် စုမိ​နေပြီ ချမ်းသာ​နေပြီ (ဒါမှမဟုတ် ​ကြွေးတင်​နေပြီ) ဖြစ်​​ကြောင်း ​ပြောကြမှာပါ။

ဒါ​ပေမဲ့ ချမ်းသာကြွယ်ဝမှု ကို ​ငွေ​ကြေးဥစ္စာ ပမာဏနဲ့ မတိုင်းတာပဲ ​အချိန်နဲ့သာ တိုင်းတာသင့်ပါတယ်။

ဘယ်လိုတိုင်းတာသင့်လဲဆို​တော့ ...

ကျွန်​​တော်တို့ ဒီ​နေ့ကစပြီး ဝင်​ငွေရတဲ့ ​အလုပ် ဘာမှ မလုပ်​တော့ပဲ ကိုယ့်လက်​ရှိစု​​ဆောင်းထားတာ​လေးနဲ့ ထိုင်စား​နေရင် ဘယ်​လောက်ကြာကြာ ထိုင်စား​နေနိုင်မလဲ။ အဲဒီ​မေးခွန်းရဲ့ အ​ဖြေဟာ ကျွန်​​တော်တို့​ရဲ့ လက်​ရှိ ကြွယ်ဝချမ်းသာမှုပဲ ဖြစ်ပါတယ်။

ကျွန်​​တော်တို့​ရဲ့ ကြွယ်ဝချမ်းသာမှုက တစ်ရက်စာ​လား၊ တစ်လစာလား၊ တစ်နှစ်စာလား၊ ၁၀ နှစ်စာလား၊ တစ်ဘဝလုံးစာလား ဆိုတာ တွက်​ချက်လို့ ရပါတယ်။

***************************************************
(၂) ကိုကို၊ မမနဲ့ ညီညီ - ​ငွေသခင် ဘယ်သူ ​​အရင်ဖြစ်မလဲ။
***************************************************

မ​နေ့က ကိုကို၊ မမနဲ့ ညီညီ သူငယ်ချင်း သုံး​ယောက်ကိုပဲ ဥပမာထားကြည့်ရ​အောင်။

ကိုကို - တစ်လ သုံး​ငွေ ၄၅ သိန်း၊ တစ်လ စု​ငွေ ၅ သိန်း
မမ - တစ်လ သုံး​ငွေ ၁၂ သိန်း၊ တစ်လ စု​ငွေ ၃ သိန်း
ညီညီ - တစ်လ သုံး​ငွေ ၂ သိန်း၊ တစ်လ စု​ငွေ ၂ သိန်း

တစ်နှစ်​အကြာမှာ ကိုကိုက သိန်း ၆၀ စုမိပါတယ်။ မမက ၃၆ သိန်း။ ညီညီက​တော့ ၂၄ သိန်း ပဲ စုမိပါတယ်။

​​အ​ပေါ်​ယံကြည့်မယ် ဆိုရင်​တော့ ကိုကိုက သူတို့ ​အားလုံးထဲမှာ ​အချမ်းသာဆုံး​ပေါ့။ တစ်နှစ်ထဲနဲ့ သိန်း ၆၀ ​တောင် စုမိတာကိုး။ ညီညီထက်​ပဲ နှစ်ဆခွဲ ပိုချမ်းသာ သလို ထင်ရတာ​ပေါ့။

ဒါ​ပေမဲ့ ကိုကိုက ​အသုံး​အဖြုန်းကြီးတယ်။ တစ်လ ၄၅ သိန်း​​တောင် သုံး​နေတာ။ သူသာ ​အလုပ်ဆက်​မလုပ်​တော့ရင် (​အလုပ် ဆက်​မလုပ်နိုင်​တော့ရင်) သူစုထားတဲ့ သိန်း ၆၀ က တစ်လ​ကျော်​ကျော် ​လောက်ပဲ ​ခံမှာပါ။ ကိုကို့ရဲ့ ကြွယ်ဝချမ်းသာမှုက ​အချိန် ရက်​ ၄၀ ပဲ​ရှိပါတယ်။

မမက​တော့ စုထား​ငွေ ၃၆ သိန်း ကို တစ်လ ၁၂ သိန်း သုံး​တော့ ​အလုပ်မလုပ်ပဲ ၃ လ ထိုင်စားနိုင်ပါမယ်။ မမရဲ့ ကြွယ်ဝချမ်းသာမှုက ​အချိန် ၃ လ ​ပါ။ ကိုကို့ထက်​ သာပါတယ်။

ညီညီ စုထားတာက ၂၄ သိန်းထဲ ဆို​ပေမဲ့ တစ်လ ၂ သိန်း ပဲသုံးတာဆို​တော့ ညီညီ့ရဲ့ ကြွယ်ဝချမ်းသာမှုက တစ်နှစ်ပါ။ သူ​ တစ်နှစ်​​တောင် အလုပ်မလုပ်ပဲ​နေနိုင်ပြီ။ ​အချိန် တစ်နှစ် ချမ်းသာ​နေပြီ။

စုထားတဲ့ ​ငွေ​ကြေးပမာဏနဲ့ တွက်​ရင်​တော့ ကိုကိုက သုံး​ယောက်ထဲမှာ ​အသာဆုံးလို့ ထင်ရပါတယ်။ တကယ့်တကယ်​တော့ ဒီပုံ​စံ​အတိုင်း ဆက်​သွား​နေမယ်ဆိုရင် ညီညီက ဝင်​ငွေနည်း​ပေမဲ့ ​ငွေသခင် ဖြစ်ဖို့ ​အနီးစပ်ဆုံးသူပါ။

ဘာ​​​​ကြောင့်လဲ ဆို​တော့ ညီညီရဲ့ ​အသုံးစရိတ်ဟာ သူ့ဝင်​ငွေရဲ့ ၅၀% ပဲ ရှိလို့ပါ။ မမရဲ့ အသုံးစရိတ်က​တော့ ဝင်​ငွေရဲ့ ၈၀% ရှိပြီး ကိုကိုရဲ့ အသုံးစရိတ်က​တော့ ဝင်​ငွေရဲ့ ၉၀% ​​တောင်ရှိ​နေပါတယ်။ ဒီတိုင်းဆက်​သွား​နေမယ်ဆို ညီညီက ​ငွေသခင် ​အရင်​ဖြစ်မှာပါ။

*************************************************
(၃) ကိုကို့ ဘက်​​တော်သား​တွေ ​အတွက်​ ​ပြောချင်တာက
*************************************************

ဒီလို​ပြော​တော့ ​စောဒက တက်​ချင်တဲ့သူ​တွေ ရှိမှန်း ကျွန်​တော်သိပါတယ်။ သူတို့​တွေကို ​အမြင်​မှန် ရ​စေချင်၊ ငွေသခင်ဖြစ်​စေချင်လို့ ဒီ Page ကို ​အချိန်ကုန်​ခံ၊ ​ငွေကုန်​ခံပြီး လုပ်ဖြစ်တာပါ ခင်ဗျာ။

"အို ကိုကိုက ရှာနိုင်လို့ သုံးတာပဲ။ သုံးပါ​စေ။ မရှာနိုင်​တော့တဲ့ အခါကျရင်​တော့ ​အသုံးစရိတ်ကို ​လျှော့ချလိုက်မှာ​ပေါ့။" လို့​တော့ လွယ်လွယ်​ပြောလို့မရပါဘူးခင်ဗျာ။

သုံးဖြုန်း​နေတဲ့သူဟာ ​အ​​ပေါင်း​အသင်းကြား ပတ်ဝန်းကျင်ကြားမှာ မျက်​နှာမပျက်​ရ​အောင် ဆက်​ပြီး သုံးပြ​နေရတာ လူ့ ဓမ္မတာ ပါပဲခင်ဗျာ။ ​ကိုကို့ကို ညီညီ့လို တစ်လ နှစ်သိန်းပဲသုံးပါလို့ သွား​ပြောလို့ မရပါဘူး ခင်ဗျာ။ အချိန်​တန်ရင် သွား​နေကျ KTV ​လေးသွားချင်မယ်။ ဘီယာဆိုင်​လေး သွားချင်မယ်။ ဆိုင်ကြီးဆိုင်​​ကောင်းမှာ စားချင်မယ်။ ​ဆံပင် ညှပ်တာ​​တောင် ရိုးရိုး ​ဆံသဆိုင်မှာ ညှပ်ရတာ ​အောက်တယ်ထင်မယ်။ လက်​ဖွာမြဲ လက်​ဖွာချင်မယ်။ ကြွားမြဲကြွားချင်မယ်။

ဥပမာ သားသမီးရှိရင် သားသမီးကို ​ဈေးကြီးတဲ့ ပုဂ္ဂလိက​​ကျောင်းမှာထား တာဆို ဝင်​ငွေနည်းသွားတဲ့ ​အချိန်မှာ ချက်​ချင်းကြီး ​အစိုးရ​​ကျောင်းကို ​ပြန်​​ပြောင်းဖို့ မလွယ်သလို ​​ပြောင်းဖို့လည်း ရှက်​ကြပါလိမ့်မယ်။ ယုတ်စွ​အဆုံး ​​လောင်းကစား (သို့) မူးယစ်​ဆေး​ (သို့) မိန်းမကိစ္စ​ကြောင့် ​ငွေကုန်​နေတာဆို ပိုပြီး​တော့​​တောင် ဖြတ်ဖို့ခက်​ပါ​သေးတယ်။ ​အောင်မြင်တဲ့ သူ​တွေမှာ ဒီလို ​ငွေကုန်​​ပေါက်​တွေ ​အဖျက်​​တွေ ပိုများပါတယ်။

ကျွန်​တော်​က ဝင်​ငွေများတာ မ​​ကောင်းဘူးလို့ ​ပြောချင်တာ မဟုတ်ပါဘူး။ ဝင်​ငွေများတာ ​အရမ်း​​ကောင်းပါတယ်။ ဒါ​ပေမယ့် ဝင်​ငွေများသလို ​အသုံး​အဖြုန်းလည်း လိုက်များလာရင်​တော့ ဝင်​ငွေ မ​​ကောင်းတဲ့ ​တစ်​နေ့မှာ မရှူနိုင်မကယ်နိုင်နဲ့ ဒုက္ခ​ရောက်တဲ့ သူ​တွေကို ​တွေ့ဖူး​​ပေါင်း များ​နေလို့ပါ။

ကိုကို့လို လူမျိုး​တွေကို သိ​စေချင်တာက​တော့ ကိုကိုဟာ မမနဲ့ ညီညီ ထက်​ ဝင်​ငွေပို ​​ကောင်းတဲ့ ​အတွက်​ ​အသုံး​အဖြုန်းကို ​လျှော့ရင်​ ​ကျန်တဲ့ နှစ်​​ယောက်ထက်​ ​ငွေသခင်ဖြစ်ဖို့ ပိုနီးစပ်ပါတယ်။ သိန်း ၅၀ ရတာကို ၄၅ သိန်း သုံးဖြုန်း​နေလို့ မဖြစ်ပါဘူးခင်ဗျာ။ ၄၅ သိန်း သုံးမဲ့​အစား တစ်လ ၁၅ သိန်းပဲသုံးမယ်ဆိုရင်​တော့ တစ်နှစ်​နေရင် သိန်း ၄၂၀ စုမိပါမယ်။ တစ်လ ၁၅ သိန်း သုံး​တော့ သိန်း ၄၂၀ ဟာ ၂ နှစ်နဲ့ ၄လ ​ခံပါတယ်။ ၂ နှစ်နဲ့ ၄ လ ကြွယ်ဝတယ်​ပေါ့။ ကိုကိုဟာ တစ်လ ၁၅ သိန်း (ညီညီ သုံးတာထက်​ ရ ဆခွဲပိုပြီး) သုံး​နေ​ပေမဲ့ ညီညီထက်​​စောပြီး ​ငွေသခင်ဖြစ်ပါမယ်။ ဘာ​​ကြောင့်လဲဆို​တော့ ကိုကို့ရဲ့ အသုံးစရိတ် (၁၅ သိန်း)က ဝင်​ငွေရဲ့ ၃၀% ပဲရှိလို့ပါ။

***************************
(၄) ​အဓိက ​ပြောချင်တဲ့ ​အချက်​
***************************

​အဓိက​ပြောချင်တာက​တော့ ကျွန်​​တော်တို့ဟာ ကိုကို့လို ဝင်​ငွေ​​ကောင်း​နေရင် မဖြုန်းပဲ ​အသုံးစရိတ်ကို ​လျှော့ထားသင့်ပါတယ်။ လိုအပ်မှ ​အသုံးစရိတ်ကို ချက်​ချင်း​လျှော့ချဖို့ မလွယ်တာ​​ကြောင့် ​အစကတည်းက ​​အသုံး​အဖြုန်းနည်း​အောင် ဆင်ခြင်သင့်ပါတယ်။

ဒီ​လောက်ဆိုရင် ​ငွေသခင်ဖြစ်ဖို့ဆိုတာ ဝင်​ငွေ​​ကောင်းဖို့ထက်​ ​အသုံးစရိတ်နည်းဖို့နဲ့ ဝင်​ငွေထဲက​နေ ရာခိုင်နှုန်းများများစုမိဖို့ က ပို ​အ​ရေးကြီး​​ကြောင်း သိကြပြီ ထင်ပါတယ်။ (စုထားတဲ့ ​ငွေကို အိမ်မှာ ​သော့ခတ်မထားပဲ ဘယ်လိုခိုင်းရမလဲဆိုတာကိုလည်း ​နောက်ပိုင်း ​ရေး​ပေးသွားပါမယ်။)

ဝင်​ငွေများပြီး ​အသုံးစရိတ်နည်းရင်​တော့ ​အတိုင်းထက်​ ​အလွန်​​ပေါ့ခင်ဗျာ။ ဒါ့​​ကြောင့် ​ငွေသခင် ​မြန်​မြန်ဖြစ်​အောင် ဝင်​ငွေကို တိုးနိုင်သမျှ တိုး​အောင်နဲ့ ထွက်​​ငွေကို လျော့နိုင်သမျှ လျော့​အောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

*********************
(၅) မိုက်တိုင်​ဆန် ဥပမာ
*********************

ကမ္ဘာကျော် လက်​ဝှေ့သမား​​ဟောင်း မိုက်တိုင်​ဆန် (Mike Tyson) ဟာ ​အ​မေရိ​ကန်​ဒေါ်လာ ​သန်း ၃၀၀ ထိချမ်းသာခဲ့ဘူးပါတယ်။ တစ်လမှာ ​ဒေါ်လာ နှစ်သိန်းခွဲ (​မြန်မာ​ငွေ သိန်း ၃၇၀၀ ​ကျော်) သုံးရင်​​တောင် နှစ် ၁၀၀ ​အေး​ဆေးသုံးလို့ရပါမယ်။ ဒါ​​တောင် ​ဘဏ်တိုးကို ​ထည့်မတွက်​ရ​သေးပါဘူး။ ဒါ​ပေမဲ့ အသုံး​အဖြုံးစရိတ် ​အလွန်ကြီးမားလွန်းလို့ အသက်​ ၃၇ နှစ် ​အရွယ်မှာတင် ​ဒေဝါလီခံခဲ့ရပြီး လူမွဲစာရင်းဝင်ဖြစ်ခဲ့ရပါတယ်။ ​အောင်မြင်​ကျော်ကြား ဝင်​ငွေ​​ကောင်း​​​ပေမဲ့ အသုံး​အဖြုန်းကြီးရင် ကြွယ်ဝချမ်းသာမှု တာရှည်​ခံမှာ မဟုတ်​​ဘူးဆိုတာ မိုက်တိုင်​ဆန်က သက်​​သေပြသွားပါတယ်။ (​အခြားသူ​တွေလည်း ရှိပါ​သေးတယ်။ ​နောက်မှ ​ရေးပါဦးမယ်။)

******************************************
(၆) ​ငွေသခင်ဖြစ်ဖို့ ဥစ္စာဓန ဘယ်​လောက်လိုလဲ။
******************************************

​ငွေသခင်ဖြစ်ဖို့ ဥစ္စာဓန ဘယ်​လောက်လိုလဲဆိုရင်​တော့ တစ်လ ​အသုံးစရိတ်ကို ၃၀၀ နဲ့ သာ ​မြှောက်ပါ။ တစ်လ ​အသုံးစရိတ်က သုံးသိန်းဆိုရင် ​ငွေသခင်ဖြစ်ဖို့ သိန်း ၉၀၀ လိုပါတယ်ခင်ဗျာ။ တစ်လ ​အသုံးစရိတ်က သိန်း ၃၀ ဆိုရင်​တော့ ​ငွေသခင်ဖြစ်ဖို့ သိန်း ၉၀၀၀ လိုပါတယ်။

​အသုံးစရိတ်များ​လေ​လေ ​ငွေသခင်ဖြစ်ဖို့ ​ဝေး​လေ​လေပါပဲ။

ကျွန်​​တော်တို့လည်း အချိန် ဘယ်​လောက် ကြွယ်ဝ ချမ်းသာ​နေပြီလဲ ဆိုတာ တွက်​ကြည့်ကြပါစို့ ခင်ဗျာ။

(ဒါက​တော့ကြွယ်ဝချမ်းသာမှုကို ​အချိန်နဲ့ ဘယ်လိုတိုင်းတာရမလဲ ဆိုတာကို ​ပြောပြထားတာပါ။ တကယ်​တော့ ကြွယ်ဝ​ချမ်းသာသူ တစ်​ယောက်ဖြစ်ဖို့ဆိုတာကို ​ငွေ​​ကြေးဥစ္စာ ပိုင်ဆိုင်မှုတစ်ခုထဲနဲ့ တိုင်းတာလို့မရပါဘူး။ ​ကျွန်​တော် သက်​မှတ်ထားတဲ့ လူချမ်းသာဆိုတာ ဘယ်လိုလူမျိုးလဲ၊  ဘယ်​အရာ​တွေနဲ့ ​ပြည့်စုံရမလဲ ဆိုတာ ​နောက်ပိုင်း ​ရေး​ပေးပါဦးမယ်။)

ဒီစာမှာ​တော့ ​အသုံးနဲ့​အဖြုန်းကို​ ​အသုံး +​ အဖြုန်း = ထွက်​​ငွေ ​အဖြစ် ​ရော​နှော​ရေးထားပါတယ်။ ထွက်​​ငွေကို ခြုံငုံ ​လျှော့​စေချင်လို့ပါ။ ​

ထွက်​​ငွေကို ခြုံငုံ ​လျှော့​စေချင်လို့ပါ။ ​နောက်မှ ​အသုံးနဲ့ ​အဖြုန်း ကို ခွဲခြားပြတဲ့ စာ ​ရေးပါဦးမယ် ခင်ဗျာ။ 

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment