Sunday, September 27, 2020

စ​တော့ရှယ်ယာ ​ဈေးကွက်

စ​တော့ရှယ်ယာ ​ဈေးကွက်​​အ​​ကြောင်းကို ​အများနားလည်​အောင်၊ ​​အလွယ်ဆုံး နဲ့ အရှင်းဆုံးဖြစ်​အောင် ကျွန်​တော် ကြိုးစား​ရေးကြည့်ပါ့မယ်

***************************
(၁) ​ဖေ့စ်ဘွတ်ခ် ကုမ္ပဏီ ဥပမာ
***************************

​အားလုံးသိကြတဲ့ ​အများပိုင် ကုမ္ပဏီတစ်ခုက​နေ စ​ပြောပါ့မယ်။ ဒါက​တော့ ​ဖေ့စ်ဘွတ်ခ် ကုမ္ပဏီကြီးပဲ ဖြစ်ပါတယ်။ ဒီကုမ္ပဏီကြီးကို မာ့ခ်ဇက်​ကာဘက်​ တစ်​​ယောက်တည်း ပိုင်တာမဟုတ်ပါဘူး။ ​ရှယ်ယာရှင်​​ပေါင်းများစွာပိုင်တဲ့ ​အများပိုင် စ​တော့ရှယ်ယာ ကုမ္ပဏီပါ။ မာ့ခ် က​တော့ ရှယ်ယာ​အများစု ပိုင်တာ​ပေါ့။

​ဖေ့စ်ဘွတ်ခ် ရှယ်ယာလက်​မှတ်​​နဲ့ ​အခြား ​အများပိုင် ကုမ္ပဏီ​တွေရဲ ့ ​အစုရှယ်ယာလက်​မှတ်​ ​တွေကို ​ဈေးကွက်​မှာ ​အ​​ရောင်း​အဝယ်လုပ်ကြပါတယ်။ ဝယ်ချင်ရင် ဝယ်ထား၊ ​​ရောင်းချင်ရင် ​ပြန်​​ရောင်း။

​အစုရှယ်ယာလက်​မှတ်​တွေဟာ ကုမ္ပဏီရဲ ့ တစ်စိတ်တစ်​ပိုင်းကို ပိုင်ဆိုင်​​ကြောင်းပြတဲ့ သက်​​သေ​ခံလက်​မှတ်​တွေဆိုလည်း မမှားပါဘူး။ အစုရှယ်ယာလက်​မှတ်​များများပိုင်​လေ ကုမ္ပဏီရဲ ့ ​အစိတ်​အပိုင်းကြီးကြီးကို ပိုင်​လေလို့ ​အလွယ်မှတ်ယူလို့ရပါတယ်။ ကုမ္ပဏီ ရှယ်ယာပိုင်ရှင်များ ​အစည်း​အ​ဝေးမှာ မဲ​ပေးပိုင်ခွင့်​တွေ ရှိလာပါတယ်။

ကုမ္ပဏီ​ ​တွေက လုပ်ငန်း​အတွက်​​ငွေလိုတဲ့ ​အခါ ​ဘဏ်က​ချေးမဲ့​အစား ဒီလို ​အစုရှယ်ယာလက်​မှတ်​တွေ​ကို ​​ရောင်းပြီး ​ငွေရ​အောင် လုပ်ကြတာပါ။

*************************************
(၂) ​ကား​​ဟောင်း​​ ​ဈေးကွက်​နဲ့ ခပ်ဆင်ဆင်
*************************************

စ​တော့ရှယ်ယာ​ဈေးကွက်​ဟာ ကား​​ဟောင်း ​အ​​ရောင်း​အဝယ် ​ဈေးကွက်​နဲ့လည်း နည်းနည်း ဆင်ပါတယ်။ ဝယ်တဲ့သူက က ကြိုက်တဲ့ကားကို ​ဈေးသင့်တယ် ဆိုရင်ဝယ်။ ​ဈေးကြီးတယ် ထင်ရင်မဝယ်နဲ့။ ​​ရောင်းတဲ့ သူကလည်း ​ဈေးသင့်တယ်ဆိုရင် ​​ရောင်း၊ ကြိုက်​ဈေးမရရင် မ​​ရောင်းနဲ့။

လက်​ရှိ​ဈေးကွက်​မှာ ​​ရောင်းချင်​နေတဲ့ ကား​အ​ရေတွက်​၊ ဝယ်ချင်သူ ​အ​ရေ​အတွက်​၊ ​နိုင်​ငံစီးပွား​ရေး၊ အစိုးရ ကားပါမစ်၊ စလစ်၊ ​လိုင်စင်၊ အခွန်​အခ စတဲ့ ​မူဝါဒ​အ​​ပြောင်း​အလဲ​ပေါ် မူတည်ပြီးဘယ်ကား ဘယ်​မော်ဒယ်ထုတ် ဘယ်​လောက်စီးပြီးသားကားဟာ ​ဈေးဘယ်​လောက် ​ပေါက်တယ်၊ ​ဈေး အတက်​​အကျရှိတယ် စတာ​တွေ ဖြစ်လာတာပါ။

​ဖေ့စ်ဘွတ်ခ် ရှယ်ယာလက်​မှတ်​တွေလည်း ဒီလိုပါပဲ။ ဝယ်ချင်သူ​တွေများရင် ​ဈေးတက်​ပြီး ​​ရောင်းချင်သူ​တွေများရင် ​ဈေးကျပါတယ်။ ​ဖေ့စ်ဘွတ်ခ်ကုမ္ပဏီနဲ့ ပတ်သက်​ပြီး မ​​ကောင်းတဲ့ သတင်း​တွေ ထွက်​လာရင် ​ဈေးကျတတ်​ပြီး ​​ကောင်းသတင်း​တွေ ထွက်​လာရင် ​ဈေးတက်​ပါတယ်။ ​ဖေ့စ်ဘွတ်ခ်သုံးတဲ့သူ​အ​ရေ​အတွက်​၊ ကုမ္ပဏီဝင်​ငွေ နဲ့ ​အမြတ်၊ နိုင်​ငံ​ရေး၊ လူမှု​ရေးနဲ့ စီးပွား​ရေး ​အ​ခြေ​အ​နေ စတာ​တွေ​ပေါ်မူတည်ပြီးလည်း ​ဈေး​အတက်​​အကျရှိပါတယ်။ ​အ​​ရောင်း​အဝယ်လုပ်တာကို​တော့ သတ်မှတ်ထားတဲ့ တရားဝင် ​ဈေးကွက်​ဖလှယ်ရာ အိတ်ချိန်း​တွေမှာပဲ လုပ်လို့ရပါတယ်။

စ​တော့ရှယ်ယာ ​ဈေးကွက်​မှာ ​ဖေ့စ်ဘွတ်လို ​အများပိုင် ကုမ္ပဏီ​​ပေါင်း များစွာရှိပါတယ်။ ကုမ္ပဏီ တစ်ခုနဲ့တစ်ခု ရှယ်ယာလက်​မှတ် ​ဈေး​အတက်​​အကျလည်း မတူကြပါဘူး။

****************
(၃) ​အကျိုး​အမြတ်
****************

​အစုရှယ်ယာ လက်​မှတ်​တွေ ဝယ်ရင် ရနိုင်တဲ့ ​အကျိုး​အမြတ် နှစ်မျိုးရှိပါတယ်။

ပထမ တစ်မျိုးက​တော့ အစုရှယ်ယာ လက်​မှတ် ​ဈေးတက်​လာလို့ ​ပြန်​​ရောင်းရင် ရလာတဲ့ ​အမြတ်ပါ။ ​ရွှေဝယ်ပြီး ​ဈေးတက်​​နေတဲ့​အခါ ​ပြန်​​ရောင်းရင် မြတ်သလိုမျိုးပါပဲ။

ဒုတိယ တစ်မျိုးက​တော့ ​အချို ့ ကုမ္ပဏီ​တွေဟာ သုံးလတစ်ခါ ကုမ္ပဏီရဲ ့ ​အမြတ်​ငွေထဲက​နေ ရှယ်ယာလက်​မှတ်တစ်ခုကို ​ငွေဘယ်​လောက်ဆိုပြီး ​ပြန်ခွဲ​ဝေ​ပေးတာ​ရှိပါတယ်။ ကုမ္ပဏီ ​အမြတ်ဘယ်​လောက်ရလဲ​ပေါ်မူတည်ပြီး ​ပြန်​ပေးတဲ့​ငွေ တစ်ခါနဲ့ တစ်ခါ မတူပါဘူး။ ​

အမြတ်​ငွေကို ရှယ်ယာလက်​မှတ်ပိုင်ရှင်​တွေကို ​ပြန်မ​ပေးပဲ လုပ်ငန်းထပ်ချဲ ့ဖို့ ​ပြန်သုံးတဲ့ ကုမ္ပဏီ​တွေလည်းရှိပါတယ်။ ဒီလို ကုမ္ပဏီမျိုးက ​အစုရှယ်ယာ လက်​မှတ်​ဈေးတက်​နှုန်း ပိုများတတ်ပါတယ်။ ကုမ္ပဏီ​တန်ဖိုး မြင့်လာလို့ပါ။

********************
(၄) သတိ​တော့ထားပါ
********************

​အကျိုး​အမြတ်ရှိသလို ဆုံးရှုံးမှုလည်း ရှိနိုင်ပါတယ်။ ကုမ္ပဏီ​ ​အရှုံး​ပေါ်​နေတဲ့ ​အချိန်၊ စီးပွား​ရေးမ​​ကောင်းတဲ့ ​အချိန်၊ သတင်းဆိုး​တွေ ထွက်​​နေတဲ့ ​အချိန်​တွေမှာ​တော့ စ​တော့ရှယ်ယာ လက်​မှတ်​ဈေး​တွေ ကျပြီး ဝယ်ထားတဲ့သူ ​အရှုံး​ပေါ်နိုင်ပါတယ်။ ကုမ္ပဏီ​ ​​ဒေဝါလီ​ခံသွားရင်လည်း ​အရှုံးကြီးနိုင်ပါတယ်။

​ရေတို ​ဈေးကွက်​​အတက်​​အကျကိုကြည့်ပြီး စ​တော့ရှယ်ယာ​ဈေးကွက်​မှာ ဝင်​ကစားကြသူ​တွေ ရှိပါတယ်။ ဒါ​ပေမဲ့ ဒီလိုလုပ်တဲ့သူကို ရင်းနှီးမြှုပ်​​နှံသူ (Investor) လို့ မ​ခေါ်သင့်ပါဘူး။

အ​​ရောင်း​အဝယ် လုပ်သူ (Trader) သို့မဟုတ် ​ဈေးကစားသူ (Speculator) လို့ပဲ ​ခေါ်သင့်ပါတယ်။ အ​​ရောင်း​အဝယ် လုပ်သူ​တွေနဲ့ ​ဈေးကစားသူ​တွေဟာ ​ဈေးကွက်​ကို မျက်​​ခြေမပျက်​ကြည့်ပြီး ​အရှုံးနည်းပြီး ​အမြတ်များ​အောင် ​အချိန်နဲ့ တစ်​ပြေးညီ ​အ​လုပ်လုပ်​နေကြရပါတယ်။ ​ငွေကို ခိုင်းထားတာထက်​ ​ငွေက ကိုယ့်ကို ​ပြန်ခိုင်းထားတာပါ။ ​အလုပ်ရှုပ်ကြပါတယ်။ ​ဖိ​အားများပါတယ်။ အကွက်​​ရွှေ့မှားရင် ​အစား​ခံရပါမယ်။

ကျွမ်းကျင်လွန်းသူ​တွေသာ ​ဒီနည်းနဲ့ အမြတ်ရနိုင်ပါတယ်။ မကျွမ်းကျင်ရင်​တော့ ရှုံးကြတာများပါတယ်။ ကျွမ်းကျင်ရင်​တော့ ​အသက်​​မွေးဝမ်း​​ကြောင်းလုပ်ငန်း ​အ​နေနဲ့ လုပ်နိုင်ပါတယ်။ ကျွမ်းကျင်ဖို့ မလွယ်လှ​​ကြောင်းလည်း ကြိုတင်သတိ​ပေးလိုက်ပါတယ်။

စ​တော့ရှယ်ယာ ​အ​​ရောင်း​အဝယ်လုပ်တာနဲ့ ​ဈေးကစားတာကို ကျွန်​တော်က ​အားမ​ပေးပါဘူး။ ​​ကျွမ်းကျင်တဲ့ လူ​တွေလုပ်ဖို့ထားလိုက်ပါ။ မကျွမ်းကျင်တဲ့ လူ​တွေ​အတွက်​လည်း ​ရေရှည်မှာ ​အမြတ်ရနိုင်မယ့် စ​တော့ရှယ်ယာ ရင်းနှီးမြှုပ်​နှံတဲ့ နည်းလမ်း​​ကောင်း​တွေ ရှိပါတယ်။

***********************
(၅) ပုံ​လေး​တွေ ကြည့်ပါဦး
***********************

ဒါ​လောက်ဆို စ​တော့ရှယ်ယာ ​ဈေးကွက်​​အ​​ကြောင်း ​အကြမ်းဖျင်း နားလည်ကြပြီလို့ ထင်ပါတယ်။ ပိုနားလည်လွယ်​အောင် ကာတွန်းရုပ်ပုံ​လေး​တွေနဲ့ ရှင်းပြထားတဲ့ ပုံ​လေး​တွေ တင်​ပေးလိုက်ပါတယ်။ကျွန်​တော် ကိုယ်တိုင် ဆွဲထားတာ မဟုတ်ပါဘူး။ https://ysx-mm.com က​နေ တစ်ဆင့်ကူးယူထားတဲ့ ပုံ​လေး​တွေဖြစ်​​ကြောင်း ခရက်​ဒစ် ​ပေးပါတယ်။

မနက်​​ဖြန်မှာ​တော့ စ​တော့ရှယ်ယာ ကို ​​ရေရှည်မှာ မြတ်​အောင် ​ဘယ်လိုရင်းနှီးမြှုပ်​နှံသင့် သလဲဆိုတာနဲ့ ​မြန်မာနိုင်​ငံရဲ ့ စ​တော့ရှယ်ယာ ​ဈေးကွက် ​အ​ခြေ​အ​နေ​​အ​​ကြောင်း ဆက်​​ရေးပါဦးမယ်။

မှတ်ချက်​
ကျွန်​တော်​ပြောတဲ့ စ​တော့ရှယ်ရာလက်​မှတ်​အ​​ကြောင်း​က Common Stock လို့​ခေါ်တဲ့ သာ​မန်ရှယ်ယာလက်​မှတ်ပါ။ ကုမ္ပဏီက​နေ ဝယ်လို့ရတဲ့ ဦးစား​ပေး စ​တော့ရှယ်ယာလက်​မှတ် (Preferred Stock) နဲ့ ​ငွေ​ချေးစာချုပ် (Bond) ​တွေလည်း သပ်သပ် ရှိပါ​သေးတယ်။ ​နောက်များမှ နှိုင်းယှဉ်ပြပါဦးမယ်။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...