ကဲ စုထားတဲ့ ငွေတွေကို ဘာလုပ်ရမှန်း မသိတဲ့သူတွေ အတွက် ကျွန်တော် ပိုးစုန်းကြူးက လမ်းပြပေးပါတော့မယ် ခင်ဗျာ။
(နဂါးနီ သီချင်းလေး ဖွင့်ပြီး ဖတ်ပါ။)
"သိဒ္ဓိအဖုံဖုံ လုံခြုံစေမည်။ နေ့စဉ် ဖိုမထိုးဘဲ အကျိုးပေးနိုင်မည်။
မြန်မာပြည် နဂါးနီတန်ခိုးရယ် မြေသျှိုးပါလို့ မိုးပျံနိုင်မည်။
မွဲတဲ့သူတွေ ငွေမရှားအောင်လို့ တိုးပွားဖို့ ဆောင်ရွက်ခါမှန်း ထွက်ရပ်လမ်း ပြမည်။"
အခြား ပုဂ္ဂိုလ်တွေ မ မ,စ လည်း ကျွန်တော် မ,စ တော့ မှာ ဖြစ်ကြောင်း သတင်းကောင်းပါး ပါရစေ။
အားလုံးသိကြတဲ့အတိုင်း ကျွန်တော်ဟာ Stock Trading, Binary Trading, Forex Trading, Cryptocurrency Trading, Phaw Shaw Trading တွေမှာ သူမတူအောင် ကျွမ်းကျင်တာကြောင့် အမြတ်ငွေတွေ နေ့စဉ် ဒလဟော ဝင်နေပါတယ် ခင်ဗျာ။ နိုင်ငံခြားကနေ သင်လာတဲ့ ပညာတွေဆိုတော့ နှယ်နှယ်ရရ မှ မဟုတ်တာဗျာ။
ကျွန်တော် ကျွမ်းကျင်တဲ့၊ သာမန်လူနားမလည်တဲ့၊ အင်္ဂလိပ်လိုရေးထားတဲ့ Stock Trading, Binary Trading, Forex Trading, Cryptocurrency Trading, Phaw Shaw Trading တွေမှာ ရင်းနှီးမြှုပ်နှံရင် အကျိုးအမြတ်တွေ ဒီလို ကြောက်ခမန်းလိလိရတော့မှာပဲ ဖြစ်ပါတယ်။
၁၀ ရက်တာ ရင်းနှီး မြှုပ်နှံမှု - အမြတ် ၅% (တစ်သိန်း ထည့်ရင် ၁၀ ရက်အကြာမှာ တစ်သိန်းနဲ့ ငါးထောင် ရမယ်)
၁၅ ရက်တာ ရင်းနှီး မြှုပ်နှံမှု - အမြတ် ၉%
၃၀ ရက်တာ ရင်းနှီး မြှုပ်နှံမှု - အမြတ် ၂၀%
ကဲ မယုံဘူးလား။ ငွေတစ်သောင်းကနေစပြီး ရင်းနှီးမြှုပ်နှံလို့ရတယ်နော်။ ငွေတစ်သောင်း အရင် ရင်းကြည့်ပေါ့။ တစ်ကယ် အတိုးရောအရင်းပါ ရတာ သေချာမှ နောက်ပိုင်း များများ ထည့်ချင်ထည့်ပေါ့နော။ အနည်းဆုံးငွေတစ်သောင်းကနေ သိန်းတစ်ထောင်ထိ ထည့်ထားလို့ရပြီနော်။ ဘဏ်တိုးထက်လည်း အများကြီးသာတာမို့ ငွေသခင် မြန်မြန်ဖြစ်ဖို့ အခွင့်အရေးပါပဲ။
ကျွန်တော် ရေးခဲ့တဲ့ ငွေရေးကြေးရေး အကြောင်းအရာတွေလည်း အတော်များပြီ။ ကျွန်တော့်ကို တော့ ယုံပေးကြပါ။ ချင့်ယုံကြဖို့ကိုလည်း ကျွန်တော် ရေးခဲ့ပြီးပါပြီ။ ဒီလိုရေးထားတဲ့သူက ဘယ်လိမ်ပါ့မလဲ နော့။
စုမိတဲ့ငွေကို အိမ်မှာ မထားသင့်ကြောင်းလည်း ရေးခဲ့ပြီးပြီ။ ဘဏ်တွေကလည်း ခပ်လှုပ်လှုပ်နဲ့ ရွှေဝယ်ရင်လည်း ရှုံးနိုင်တယ်ဆိုတော့ စဉ်းစားမနေနဲ့တော့။ ကျွန်တော့်ဆီမှာပဲ ရင်းနှီးမြှုပ်နှံလိုက်ပါ။
ခင်ဗျားကြီးတို့ ငွေသခင် မြန်မြန်ဖြစ်အောင်သာ မဟာကရုဏာတော်ကြီးမားလွန်းလို့ ကူညီရတာ။ သိပ်ကူညီချင်တာတော့ မဟုတ်ဘူးရယ်။ လူဦးရေ သန်း ၅၀ ထိသာ ကန့်သတ်ထားတဲ့ အတွက် မြန်မြန် စာရင်းသွင်းမှ စိတ်ချရမှာနော်။
ကျွန်တော့်ဆီမှာ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုရင် Like 👍 (သို့) Love ❤️ ပေးပါ။ ကျွန်တော် လိမ်နေတာလို့ ထင်ရင်တော့ Haha 😆 (သို့) Wow 😲 ကို ပေးသွားပါခင်ဗျာ။
လိမ်နေတယ်လို့ ထင်တဲ့သူတွေကို အကြောင်းရင်း မခိုင်လုံရင် ၆၆(ဃ) နဲ့ တရားစွဲသွားမယ် ဆိုတာကိုလည်း ကြိုတင် ခြိမ်းခြောက်အပ်ပါတယ်။
ရဲတွေခေါ်ပြီး ချက်ချင်း အိမ်ထိ လိုက်လာမယ်။ Live လွှင့်ပြီး ရန်တွေ့မယ်။ ပေါင်းနုတ်မြှောက်စား လောက်နဲ့ တက်မလာနဲ့။ ပိုက်သာဂိုရတ်စ် သီအိုရမ် တင်မက ဖော်ရီယာ စီးရီးစ်နဲ့ပါ တောက်ချ ပစ်လိုက်မယ်။ လော်ဂရက်သမ်ကြီးနဲ့ ပိတ်ရိုက် ပစ်လိုက်မယ်။ အိပ်မပျော်နိုင်လောက်အောင် မျက်ရည်တောက်တောက်ကျပြီး ငိုသွားရမယ်။ ဘာမှတ်လဲ ဟွန်း။
ဒါ့ကြောင့် Haha 😆 (သို့) Wow 😲 ပေးမယ်ဆိုရင် အကြောင်းရင်း ခိုင်ခိုင်လုံလုံကို မှတ်ချက်ပေးသွားဖို့ လိုပါလိမ့်မယ်။
ဓာတ်ပုံ ပထမပုံကတော့ ကျွန်တော့် ကုမ္ပဏီ အမှတ် တံဆိပ်လေးပါ။ ငွေတွေ လက်တစ်ကမ်းမှာ ရောက်နေပြီဆိုတဲ့ အဓိပ္ပာယ်ပေါ့။
ဒုတိယပုံနဲ့ တတိယပုံကတော့ အခြားသူတွေ ထောင်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေပါ။ သွားရည်ယိုစရာတွေပဲနော်။ စီးပွားရေး ပန္နက်ရေးရင် ပြိုင်ဘက်ကို လေ့လာ နှိုင်းယှဉ်သုံးသပ် ရမယ်ဆိုလို့ ထည့်ထားတာပါ။ အခြား ဒီလို ပြိုင်ဘက်မျိုးတွေ ရှိရင်လည်း ပြောပြပေးကြပါဦး။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Sunday, November 1, 2020
ပိုးစုန်းကြူး ကုမ္ပဏီထောင်ပြီ
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...
No comments:
Post a Comment