Sunday, November 1, 2020

တစ်ရက် ​ငွေတစ်​​သောင်း ​အလကားပေး​နေသ​တဲ့






လတ်တ​လော လိုင်း​​ပေါ်မှာ လူ​ပြောများ​နေတာလေးပါ။ M ​နဲ့စ​တဲ့ Online Shopping App က​နေ လူ​တွေကို ​ငွေ​တွေ ​အလကားပေး​နေပါသ​တဲ့။ တစ်ရက် တစ်​​သောင်းရနိုင်ပါသ​တဲ့။ ရ​တဲ့သူ​တွေလည်း ရကုန်ကြပြီဆိုပြီး ရှဲ​နေကြပါတယ်။

ဒါ​နဲ့ ကျွန်​​တော်လည်း စုံစမ်းကြည့်​​တော့ ဒီလိုလေးသိရပါတယ်။ ​ပြောပြပေး​တဲ့ ညီအစ်ကို​တွေကိုလည်း ကျေးဇူးတင်ပါတယ်။

ဒီကုမ္ပဏီဟာ လိုင်း​​ပေါ်က​နေ ပစ္စည်း​တွေ​​ရောင်း​တဲ့ Online Shopping ​အသစ်တစ်ခုပါ။

သူတို့ App လေးကို လူပိုသိပြီး လူပိုသုံးလာအောင် ဈေးကွက်ထွင်တာပါ။ ဈေးကွက်ထွင်ပုံက ဒီလိုပါ။

​အရင်ဆုံး App လေးကို ​​ဒေါင်းပြီး မှတ်ပုံတင် စာရင်းသွင်းလိုက်ရင် ​အ​​ကောင့်ထဲကို ​ငွေ ၉၀၀၀ ​​ကျော် ​ထည့်ပေးပါတယ်။ ဒီ​​​ငွေ ၉၀၀၀ ​​ကျော်ကို ထုတ်ချင်ရင် ချက်ချင်း ထုတ်လို့မရပါဘူး။ ​ငွေတစ်​​သောင်း​ပြည့်မှ ပေးထုတ်ပါသ​တဲ့။

ဒီ​​တော့ ​ငွေတစ်​​သောင်း​ပြည့်အောင် ဘာလုပ်ရမလဲ။ ကိုယ့် ​အသိုင်း​အဝိုင်းက ​အသိမိတ်​ဆွေ​တွေကို ဖိတ်​​ခေါ်ပြီး သူတို့ကို စာရင်းသွင်းခိုင်းရပါတယ်။ ဒီလို လူ​​ခေါ်ပေးရင် ​အ​​ကောင့်ထဲမှာ ​ငွေထပ်တိုးပါတယ်။

​အစပိုင်းမှာ​​တော့ လူတစ်ယောက်ကို ဖိတ်​​ခေါ်ပေးနိုင်ရင် ​မြန်မာကျပ်​ငွေ ရာဂဏန်းရပါသ​တဲ့။ ဒီ​​တော့ လူ ၁၀ ယောက်လောက်ကို ဖိတ်​​ခေါ်ပေးနိုင်ရင် ​ငွေ တစ်​​ထောင်​​ကျော်ရပြီ။ ကနဦးမှာ ပေးထား​တဲ့ ​ငွေ ၉၀၀၀ ​​ကျော်​နဲ့ ​​ပေါင်းရင် တစ်​​သောင်း​ပြည့်ပြီ​​ပေါ့။ ဒါဆိုရင် လွှဲခ ၁၅၆ ကျပ် ​အရင်သွင်းလိုက်ရင် ​ငွေတစ်​​သောင်းထုတ်လို့ရပါသ​တဲ့။ ​ငွေထုတ်ဖို့ ၃ ရက်​​တော့ ​​စောင့်ရပါသ​တဲ့။

ဒါ​ပေ​မဲ့ ဒီလိုရတာ လူနည်းစုဖြစ်မယ် ထင်ပါတယ်။
ခုလတ်တ​လောမှာ​​တော့ လူတစ်ယောက်ကို အောင်အောင်မြင်မြင် ဖိတ်​​ခေါ်နိုင်ရင် ​မြန်မာ​ငွေ ၃ ကျပ်လောက်ပဲ ရပါ​​တော့သ​တဲ့။ ဒီ​​တော့ ​ငွေ တစ်​​ထောင်ရဖို့ကို လူ​အယောက် ၂၀၀ ​​ကျော်၊ ၃၀၀ လောက်ကို အောင်အောင်မြင်မြင်ဖိတ်​​ခေါ်နိုင်မှ ရမှာပါ။

ဒီလို လူ​အယောက် ၂၀၀ ​​ကျော် ၃၀၀ လောက်ကို ​​ခေါ်ဖို့ ​အချိန်ဘယ်လောက်ရတယ် ထင်လဲ။ ၂၄ နာရီပါ​တဲ့။ ၂၄ နာရီ​အတွင်း လူ​အယောက် ၂၀၀ ​​ကျော် ၃၀၀ လောက်ကို သူတို့​ရဲ့ ဖုန်း​တွေထဲမှာ App ကို ထည့်ပြီး စာရင်းသွင်းခိုင်းရမှာပါ။ ၂၄ နာရီ​အတွင်း ​​အ​​ကောင့်ထဲမှာ ငွေတစ်​​သောင်း မ​ပြည့်ရင် ဘာဖြစ်မလဲ။ ဟုတ်​ကဲ့ ​ငွေ​တွေ​အားလုံး ပျောက်သွားပါတယ်။ ​

အယောက် ၁၀၀ ကို အောင်အောင်မြင်မြင် ဖိတ်​​ခေါ်နိုင်ရင်လည်း တစ်​​သောင်းဖိုး​ပြည့်အောင် မရှာနိုင်တာ​​ကြောင့် တစ်ရက်စာ ပလုံသွားပါတယ်။ နောက်​​နေ့မှာ ဒီလိုပဲ ​အသစ်က ​ပြန်စပြီး ကြိုးစားရမှာပါ​တဲ့။

​ပြန်စဥ်းစားကြည့်ကြပါ။ ​၂၄ နာရီ​အတွင်း လူ ၂၀၀၊ ၃၀၀ လောက်ကို ဖိတ်​​ခေါ်နိုင်ပါ့မလား။ မ​​ခေါ်နိုင်ရင် ​တစ်​​နေ့တာလုံး အာပေါက်အောင်ရှင်းပြထားရသမျှ အားလုံး သဲထဲ​ရေသွန် ​​ဖြစ်ပြီ။

ကိုယ်ပေးလိုက်ရ​တဲ့ ​အချိန်​နဲ့ လိုင်း​​ပေါ်တက်ရင်း ကုန်​တဲ့ ​ဘေလ်​နဲ့၊ App ကို ​​ဒေါင်းလို့ ​ဒေတာကုန်တာ​နဲ့ ​သေချာလည်း ပြန်တွက်ကြည့်ကြပါဦးခင်ဗျာ။ လူ​အယောက် ၃၀၀ ​​ဒေါင်းလိုက်​တဲ့ ​ကုန်​တဲ့ စုစု​​ပေါင်း ဒေတာဖိုးတင် ​ငွေတစ်​​သောင်းဖိုးလောက် ဖြစ်​နေပါပြီ။ (WiFi/Unlimited Data သုံး​နေရင်​​တော့ ခြွင်းချက်ပါ။)

​သေချာတွက်ကြည့်လို့ မ​ဟန်မှန်း သိ​တဲ့သူ​တွေက​​တော့ တပ်ခေါက်ပြီး နောက်ဆုတ်သွားကြပါပြီ။ ဘုမသိ ဘမသိ၊ ဘူမသိ ကိုးမသိ​တွေ ​ယောင်လည်လည်​နဲ့ ​ကျန်​ခဲ့ပါတယ်။ လူ​အများစုဟာ ဘာမှမရပဲ ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်ဖုန်း​ဘေလ် ကိုယ်​ဖြည့်ရင်း သူတို့​ရဲ့ Online Shopping App ကို ​အခ​မဲ့ ​​ကြော်ငြာပေး​နေသလိုဖြစ်​နေပါတယ်။

ဒီ ကုမ္ပဏီက ဘာ့​​ကြောင့် ဒီလိုလုပ်ရသလဲ ရှင်းပြပါရ​စေ။ ပုံ​မှန်​အားဖြင့် ကုမ္ပဏီတစ်ခုကို လူသိများဖို့၊ သူတို့​ရဲ့ App ကို လူ​တွေ ​​ဒေါင်းပြီးသုံးဖို့ ​ငွေ​တွေ ​အများကြီး ​အကုန်​အကျ​ခံပြီး ​​ကြော်ငြာရပါတယ်။ ​​အချို့ဆို ငွေ သိန်း​​ပေါင်း ရာထောင်ချီသုံးပြီး ​​ကြော်ငြာကြပါတယ်။ မားကတ်တင်းဆင်းရပါတယ်။

ခု​​တော့ ဒီနည်းလေးကို သုံးပြီး လူ​တွေကို ​ဖိတ်​​ခေါ်ပေးခ (​အချင်းချင်း ​​​အဆင့်ဆင့် ဖြန့်ပွား ကြော်ငြာပေးခ) မဖြစ်စလောက်ငွေ​လေး ပြန်ပေး​တဲ့သ​ဘောပါ။ ဒါ​​တောင် ​အစပိုင်း လူသိပ်မသိခင်တုန်းက ဖိတ်​​ခေါ်ပေး​တဲ့လူ​တွေလောက်ပဲ ​တစ်ရက် ငွေတစ်​​သောင်း​ပြည့်အောင် လုပ်နိုင်​ခဲ့ကြတာပါ။

ခုနောက်မှ ဝင်လာ​တဲ့သူ​တွေကို လူတစ်ယောက် ​​ခေါ်ပေးမှ နှစ်ကျပ်သုံးကျပ်လောက်ပဲ ပေး​​တော့တာ။ ဒီ​​တော့ ​ငွေတစ်​​သောင်း ​ပြည့်ဖို့ မလွယ်​​တော့ပါဘူး။ ကွန်ရက်ကျယ်ပြန့်​တဲ့ လူနည်းစုပဲ ရနိုင်တာပါ။

နောက်တစ်ခု ဂျင်း​ထည့်ထားတာက ၂၄ နာရီ​အတွင်း လူ​ပြည့်အောင် မ​​ခေါ်နိုင်လို့ ​ငွေတစ်​​သောင်းမ​ပြည့်ရင် နောက်​​​နေ့မှာ ​အရင်​​နေ့က ကိုယ်​​လူ​​ခေါ်ပေးထားလို့ရထား​တဲ့​ငွေ​တွေ ​အကုန်ပျောက်သွား​​တော့တာပါပဲ။ ပြီး​​တော့ ​အချို့လူ​တွေ​ပြောတာက ​ငွေတစ်​​​​သောင်းမ​ပြည့်ခင် နည်းနည်းလေးလို​တဲ့​အချိန်မှာ လူ​​ခေါ်ပေးခကို လျှော့ချလိုက်ပါသ​တဲ့။ တစ်​​သောင်း​ပြည့်​ခါနီးမှ လူတစ်ယောက်​​ခေါ်ခကို ပြား ၄၀ ပဲ ပေးပါ​​တော့သ​တဲ့။ ဒီ​​တော့ တစ်​​သောင်း ဘယ်လို ​ပြည့်ပါ​​တော့မလဲ။

ဒီ​​​​တော့ ကုမ္ပဏီ​အ​နေ​နဲ့လည်း ​​လူ​အများစုကို ​ငွေပေးစရာမလိုပဲ တစ်​​သောင်း​ပြည့်အောင် လူ​အများကြီးကို စည်းရုံး​အား​​ကောင်း​တဲ့လူ​တွေလောက်ကိုသာ ​ငွေပေးရတာပါ။ ကုမ္ပဏီ​အ​နေ​နဲ့လည်း ပုံ​မှန်နည်း​နဲ့ ​​ကြော်ငြာတာထက်ကို လူပိုသိပြီး ​အကုန်​အကျလည်း သက်သာတာ​​ပေါ့။

ဒီ​​တော့ ​အချုပ်​အရ​ပြောရရင် ဒီကုမ္ပဏီဟာ ​လိမ်​နေတာ​​တော့ ဟုတ်​ဟန်မတူပါဘူး။ (ဒါလည်း ​​စောင့်​​တော့ ကြည့်ရဦးမှာပါ။) သူတို့ပေး​တဲ့ ​ငွေတစ်​​သောင်းကို ရဖို့ ​ခဲယဉ်းလှတာ​​ကြောင့် ကျွန်​​တော်ဆိုရင်​​တော့ ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်လိုင်းကိုယ်သုံးရင်း ပရဟိတမဟုတ် ဘာမဟုတ် သူတို့ကို ​​အချိန်ပေးပြီး မကူညီနိုင်ပါဘူးခင်ဗျာ။

စဥ်းစား ချင့်ချိန်နိုင်ကြပါ​စေ။ ​ဝေ​လေ​လေ ​အလုပ်​တွေကို ​​ရှောင်ကြပါ။ ​အလကားရမယ်ဆို​တဲ့ မျှော်လင့်ချက်​နဲ့ ဘာခိုင်းခိုင်းလုပ်တတ်​တဲ့ ​အကျင့်ကို ​​ရှောင်ကြပါ။ အလကား ​အခိုင်း​ခံရတတ်ပါတယ်။ ခု​​​​တော့ ​(​ငွေရသွား​တဲ့ လူ​အနည်းစုကလွဲလို့ လူ​အများစုဟာ) အလကားရမယ်​အထင်​နဲ့ နောက်ဆုံးကျ ဘာမှမရပဲ ကိုယ့်ဘက်ကပဲ ​အချိန်ကုန်၊ လူပင်ပန်း​နဲ့ ​အလကား လူ​​ခေါ်ပေးလိုက်ရ​တဲ့ ​အလ​ကားလူ​တွေ ဖြစ်ကုန်ကြပါ​ရော​လား ခင်ဗျာ။

​​​အများ​အကျိုး​အတွက် ​​စေတနာပါလို့ ​အခ​မဲ့ အလကားလုပ်ပေးလိုက်ရတာ ကိစ္စမရှိပါဘူး။ အ,လွန်းလို့ သူများ ​အလကားခိုင်းတာ ​ခံလိုက်ရရင်​၊ မသိမသာလေး နွားဖားကြိုးထိုး​ခံလိုက်ရရင်​​တော့ ရှက်စရာ​​ပေါ့။

Online Shopping ကုမ္ပဏီကို ​အ​ကြံပေးချင်တာက ဒီလိုမျိုး ဈေးကွက်ဖောက်တာဟာ တစ်ခါ​​တစ်​လေမှာ ​​ကောင်းကျိုးထက် ဆိုးကျိုး​တွေ ပိုရတတ်ပါတယ်။ App ကို သုံးကြ​တဲ့သူ​​၊ စာရင်းပေး​တဲ့သူ အများစုဟာ ဈေးဝယ်ချင်လို့မဟုတ်ပဲ ​ငွေ​အ​​ချောင်ရချင်လို့ ဝင်လာကြတာပါ။ ဒီထဲက ဈေးဝယ်ဖို့ဆိုပြီး App ကို ဆက်သုံးကြမယ့်သူ ရာခိုင်နှုန်း နည်းပါတယ်။ ပြီး​​တော့ လူ​အများစုဟာ ​ငွေတစ်​​သောင်း ​ပြည့်မီအောင် ​လူမ​​ခေါ်နိုင်တာ​တွေ၊ ၂၄ နာရီ​အကြာ ပျောက်သွား​တဲ့ ​ငွေ​တွေရယ်​​ကြောင့် ကုမ္ပဏီ​အ​​ပေါ် ယုံကြည်မှု နည်းသွားနိုင်ပါတယ်။ ​အမြင်မကြည်တာ​တွေ ဖြစ်လာနိုင်ပါတယ်။ ကုမ္ပဏီ​ရဲ့ ပုံရိပ်သိက္ခာကျသွားနိုင်ပါတယ်။ ​အထူးသတိထားရမှာပါ။

ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment