Sunday, November 1, 2020

မပိန်းပါ​နဲ့






​အလိမ်မ​ခံရဖို့ ​ဆောင်​ရန်​​ရှောင်​ရန်ကို ​အနှစ်ချုပ်​ပြောပါဆိုရင်​​တော့ (၁) မပိန်းပါ​နဲ့ (၂) ဦးနှောက်သုံးပါ လို့ပဲ​ပြောရမှာပါ။

​အကျယ်ထပ်​ချဲ့ရရင်​​တော့ ​လောဘ​​အရမ်းကြီးလာပြီး (ဒါမှမဟုတ်) လူတစ်ဖက်သား​ပြောတာကို အသနားပိုပြီး ယုံလွယ်မိပြီဆိုရင် ​အမှားမလုပ်မိခင် ဦးနှောက်လေးကိုသုံးပြီး စဥ်းစားပေးပါ။ ​​ငါးစာကိုမြင်လို့​ လောဘတက်လာ​တဲ့​အခါ ငါးစာ​နဲ့​တွဲပါလာနိုင်​တဲ့ ငါးမျှားချိတ်ကိုရှာဖို့ သတိရပေးပါ။

ခုတ​လော ​ဖေ့စ်ဘွတ်ခ်မှာ ​ခေတ်စား​နေတာလေးတစ်ခုက "ထီပေါက်လို့၊ ငွေ​တွေ​ပေါလွန်းလို့ လှူချင်ပါတယ်" ဆိုပြီး ​​လူ​တွေကို Facebook Group ​တွေထဲဝင်ခိုင်း၊ ရှဲလုပ်ခိုင်း​နဲ့ ငပိန်းဖမ်း​နေတာပါ။ ယုံ​တဲ့သူ​တွေကလည်း အံ့မခန်းလောက်အောင် များလှပါတယ်။ ယုံ​တဲ့သူ​တွေ ဒီလောက်များမှန်းကို ကျွန်​​တော် ယုံ​​တောင်မယုံနိုင်ဘူးခင်ဗျ။

​ငွေလွယ်လွယ်ရမယ်ဆိုတိုင်း၊ အ​​ချောင်ရမယ်ဆိုတိုင်း ယုံရက်ကြ​တဲ့သူ​တွေကို လူလိမ်​တွေက ဆက်သွယ်လာပါတယ်။ ​"လှူပါ​​တော့မယ်၊ ငွေလွှဲပေးပါ​​တော့မယ်" ​​ပေါ့။ ဒါပေ​မဲ့ ​​အလှူ​ငွေကိုလိုချင်ရင် ​ငွေ ​​သောင်းဂဏန်း၊ သိန်းဂဏန်း ​အရင်လွှဲလိုက်ပါ​တဲ့။ ပိန်း​တဲ့သူ​တွေကလည်း ​လောဘမှိုင်းမိပြီး ​​​​​တော်​​တော်ပိန်းကြတာပါ။ ​ငွေလွှဲပေးလိုက်ကြပါသ​တဲ့။

စကားပုံလည်းရှိတယ်​လေ။ ဘာ​တဲ့ "​​ထောင်မြင်ရာစွန့်" ​တဲ့။

မေး - "ဘာလုပ်ရမလဲ ပရိသတ်ကြီး"
​ဖြေ - "​​ထောင်မြင်ရာစွန့်ရပါမယ်"
မေး - "ဒါဆို ​​ငွေ ၁၅ သိန်းရဖို့ ​ငွေ တစ်သိန်း ​အရင် မလွှဲသင့်ဘူးလား"
ဖြေ - "​​လျော်​ကန်သင့်မြတ်လှ​​ကြောင်းပါ"
မေး - "တို့လူလေးများဆိုသ​လေး"
ဖြေ - "​​​ဝေ​လေ​လေ ​ဝေ​လေ​လေ"

သူ့​အရပ်​နဲ့ သူ့ဇာတ်​​တော့ လိုက်​နေတာပဲ။

​ငွေလွှဲလိုက်မိရင် ပလုံပြီ​​ပေါ့။ ​ငွေမလွှဲရင်လည်း လူလိမ် လူယုတ်မာ​တွေက ဆဲဆိုသွားပါသေးသ​တဲ့။

​အလားတူ လိမ်​နေတာ​တွေ ​အများကြီးပါ။ ​"ငွေချေးမယ်၊ ​အတိုး/​ဝန်​ဆောင်ခ ကို ​အရင်လွှဲပါ" ​တဲ့။ ချင့်ယုံကြပါ။ လုံးဝ မလွှဲမိပါ​စေ​နဲ့။ တခါတ​လေ ​"ကံဆိုးမ သွား​လေရာ မိုးလိုက်လို့ရွာ" တာမဟုတ်ပဲ ​"ကံဆိုးမ​ လျှပ်ပြာပြာ ထီးဖျောက်​ခဲ့တာ" မျိုးဖြစ်​နေတတ်တာကို သတိပြုပါ။

နောက်တစ်ခါ ညီငယ်တစ်ယောက်က ​ပြောပြလာပါတယ်။ ​နိုင်​ငံခြားသား ကိုတရုတ်ကြီး​တွေက ပွဲခ ၁% (သိန်း​​ထောင်​နဲ့ချီ) ​​ပေးမယ်ဆိုပြီး ပွဲစား​တွေကို မက်လုံးပေးပြီး ရွှေငွေကျောက်မျက်ရတနာ​သတ္ထုတွေကို ​ရှာခိုင်းပါသ​တဲ့။ ပွဲစား​တွေကလည်း ​​ထောင်မြင်ရာစွန့်၊ ဟိုပေး ဒီကမ်း​နဲ့ ​ငွေ​တွေ​အကုန်​ခံ ရှာ​ဖွေပေးပြီးမှ ကိုတရုတ်ကြီး​တွေက ပွဲစား​တွေကို ကွက်​​ကျော်ရိုက်ပြီး ပင်ရင်းဆီကပဲ တိုက်ရိုက်ဝယ်ပါ​​တော့သ​တဲ့။ ဒါမျိုး​တွေ​​ကြောင့် အိမ်​တွေ​ခြံ​တွေ ပြုတ်သွား​တဲ့ ပွဲစား​တွေ​​တောင်ရှိပါသ​တဲ့။ ​လောဘနောက်လိုက်ပြီး မပိုင်ပဲခြင်ရိုက်မိတာကိုး။ တစ်ခါ​ခံရပြီးရင် မှတ်သင့်ပြီ​​ပေါ့။ ​အခေါက်ခေါက်​အခါခါဆို ပိန်းရာကျသွားပါပြီ။

ဒါဆို မပိန်းအောင် ဘယ်လိုလုပ်ရမ​လဲ။ စာအုပ်စာ​ပေ​တွေထဲမှာ ရှာပါခင်ဗျာ။ ​အ​​တွေ့​အကြုံရှိ၊ ပညာရှိ​တဲ့သူ​တွေကို ချဉ်းကပ်မေးမြန်းပါ။ လိုင်း​​ပေါ်က ​အကျိုးပြုစာ​တွေထဲမှာ ဗီဒီယို​တွေထဲမှာလည်းရှိပါတယ်။

​လူ​တွေကို အလိမ်မ​ခံရ​စေချင်လို့ ကျွန်​​တော်ရေးထား​တဲ့ ​​ဆောင်းပါး​တွေလည်း များလှပါပြီ။ ဒီမှာ တစ်စုတစ်စည်းတည်း ဖတ်နိုင်ပါတယ်ခင်ဗျာ။

လူလိမ်​တွေ မရှိ​​တော့ရင်၊ တရား ဥပ​ဒေ​အရ လူလိမ်​အားလုံးကို ​ထိထိရောက်ရောက် ဖမ်းဆီး အရေးယူလိုက်နိုင်ရင်​​တော့ ​အ​​ကောင်းဆုံးပါ။ ဒါ​ပေ​မဲ့စည်းကမ်းတင်းကြပ်လှပါတယ်၊ တရားဥပ​ဒေ စိုးမိုးလှပါတယ် ဆို​တဲ့ စင်ကာပူလိုနိုင်​ငံမျိုးမှာ​​တောင် လူလိမ်​တွေ ရှိ​နေဆဲပါ။ ပြည်တွင်းက လူလိမ်​တွေ ​အားလုံးကို ဖမ်းနိုင်ရင်​​တောင် ပြည်ပက လူလိမ်​တွေကို ကြောက်ရပါသေးတယ်။

ဒီ​​တော့ အလိမ်မ​ခံရဖို့ ကျွန်​​တော်တို့ ပြည်သူ​တွေ ​အားလုံး အမြင်ကျယ်ပြီး ​အသိဉာဏ် ဗဟုသုတ​တွေ ရှိ​နေဖို့ လိုပါတယ်ခင်ဗျာ။ ​ဝိုင်းဝန်း​အလင်းပြပေး​မယ့် သူ​တွေလည်း လိုတာမို့ ​ကိုယ့်ပတ်ဝန်းကျင်မှာ ​လူလိမ်​တွေကို​​တွေ့ရင် ကိုယ့်နီးစပ်ရာလူ​တွေ ​အလိမ်မ​ခံရအောင် ​အမုန်း​ခံပြီး ဝိုင်းဝန်း ​အလင်းပြသတိပေးကြဖို့ ​မေတ္တာရပ်​ခံလိုက်ပါတယ် ခင်ဗျာ။

ရှင်းပြဖို့က ကျွန်​​​​တော်တို့​ရဲ့ တာ​ဝန်ပါ။ သတိပေးစကားကို နား​​ထောင်တာ မ​​ထောင်တာက​​တော့ သူတို့​ရဲ့ကဏ္ဍပါခင်ဗျာ။

လူလိမ်​တွေ ကျရှုံးပါ​စေ။ ပိန်း​တဲ့သူ​တွေ ဉာဏ်​အလင်းပွင့်လာကြပါ​စေ။

ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment