Sunday, November 1, 2020

သစ္စာဖောက်






နိုင်​ငံ​နဲ့ ပြည်သူ​တွေကို သစ္စာဖောက်ပြီး ပြည်ပကသူခိုး​တွေကို ဓားရိုးကမ်း​နေ​တဲ့ သစ္စာဖောက် လူလိမ်​တွေ ​အ​​ကြောင်းပါ။

လူလိမ်တစ်ယောက်ဟာ လူ​တွေကို ကိုယ်တိုင် လိမ်လည်​လှည့်ဖြားလို့ ​ရဲကမိသွား​ခဲ့ရင် အဖမ်း​ခံရ​ပါမယ်။ ​​ထောင်ကျပါမယ်။ ဒီ​​တော့ လူလည်ကျ​တဲ့ လူလိမ်​တွေက ​အဖမ်းမ​ခံရအောင် လက်တစ်လုံးခြား​နဲ့ နိုင်​ငံခြားက လူလိမ်​တွေကို ​မာစတာ​​ခေါ်ပြီး ဒီလို လုပ်ကြစားပါတယ်။

နိုင်​ငံခြားက လူလိမ်​အ​ဖွဲ့​တွေကို ​မြန်မာနိုင်​ငံထဲကို ​​ခေါ်သွင်းလာတယ်။ ​မြန်မာတစ်နိုင်​ငံလုံး​အတွက် ကိုယ်စားလှယ်ယူပြီး ​သူတို့ဆီမှာ ​ငွေ​ထည့်ဖို့ ​မြန်မာပြည်သူ​တွေကို ဆွယ်တယ်။

MLM ဆင့်ပွားဈေးကွက်စနစ်​​နဲ့ လုပ်စားတာဆို​​တော့ တစ်နိုင်​ငံလုံးက​နေ ​ငွေ​ထည့်ထား​တဲ့​ငွေ​တွေထဲက ရာခိုင်နှုန်း တစ်ချို့တစ်ဝက်ကို ​​​ကော်မရှင်ခ​အ​နေ​နဲ့ သူတို့ မြိုးမြိုးမြက်မြက်လေး စားရပါတယ်။ ​ကျန်​တဲ့​ငွေကို​​တော့ ​နိုင်​ငံခြားက သူတို့​ရဲ့ လူလိမ်မာစတာကြီး​တွေဆီ​ပြန်ပို့ပါတယ်။ မာစတာကြီး​တွေကလည်း သူတို့ကို ​လိမ်လည် ငွေရှာပေး​နေ​တဲ့ ကိုယ်စားလှယ်​​တော်ကြီး​တွေကို ​​ကော်မရှင်ခ အရိုးလေး​တွေ ချကျွေးတာ​​ပေါ့။

မာစတာ​အားကိုး ပုဆိန်ရိုး​တွေကလည်း ​အရိုး​အရင်းလေး စားရတာကို ​​​ကျေနပ်​နေတာ ခင်ဗျ။ ဘာလို့လဲဆို​​တော့ ​အချိန်တစ်ခုရောက်လို့ နောက်ဆုံးမှာ မာစတာကြီး​တွေ ​အပျောက်ရိုက်ပြီး လိမ်ပြေးသွားလည်း သူတို့က ​အေးဆေးပဲ​လေ။ ရဲ​တွေလာစစ်ဆေးရင်​​တောင် "လိမ်သွားတာက နိုင်​ငံခြားက လူ​တွေပါ၊ ကျွန်​​တော်တို့က လူ​​ကောင်း​တွေပါ၊ ကျွန်​​တော်တို့ပါ ​ရောပြီး ​အလိမ်​ခံရတာပါ" ဘာညာ​နဲ့ မျက်နှာ​​ပြောင်တိုက်ပြီး မျက်ရည်​ခံထိုးဦးမှာ။ ​​အ​​ရှောင်​အတိမ်း ဂျက်စီဂျိမ်းစ်လုပ်ပြီး ဒီလို လုပ်စားလာတာ အံတို​နေကြပါပြီ။ ​

နိုင်​ငံခြားက လူ​တွေ လိမ်​နေတာကို သိသိကြီး​နဲ့ သူတို့ ​​ကော်မရှင်​ခ​တွေ၊ ဘောက်ဆူး​တွေရအောင် ပြည်သူ​​တွေကို လိမ်ရက်ကြပါတယ်။ သူခိုးကို ဓားရိုးကမ်းရက်ကြပါတယ်။ (ထိပ်ပိုင်းက ကိုယ်စားလှယ်ယူထား​တဲ့ လူ​တွေက မသိလို့ လုပ်တာလို့ မလိမ်ချင်ပါ​​နဲ့။ Google မှာ ရှာလိုက်ရင် ​အလိမ်မှန်း ၅ မိနစ်​အတွင်းသိတယ်။)

ဘယ်လောက်ထိ ​အောက်တန်းကျ​တဲ့ သစ္စာဖောက် လူလိမ်​တွေလဲ။ သူတို့ ​​ကော်မရှင်ခ ရရင်ပြီး​​ရောဆိုပြီး ပြည်တွင်းက ​ငွေ​တွေကို ပြည်ပက လူလိမ်​တွေဆီကို ပွဲစားလုပ်ပြီး ပို့ပေး​နေကြတယ်။ ​မြန်မာပြည်သူ​တွေကို မွဲသထက်မွဲအောင် ​​လုပ်​နေကြတယ်။

​အသားထဲက လောက်ထွက် သစ္စာဖောက်​တွေပါပဲ။

ဒီလို​အ​ဖွဲ့​တွေ ​အများကြီး ရှိပါတယ်။ "နိုင်​ငံခြားက စိတ်ချရ​တဲ့ တရားဝင် ကုမ္ပဏီပါ၊ သူများနိုင်​ငံ​တွေမှာ တရားဝင် ရပ်တည်လုပ်ကိုင်​နေတာ ကြာပါပြီ" ဘာညာ​နဲ့ ရွှီး​နေတာ​တွေကို ယုံမိရင် မှားပြီ။

ခုလည်း တစ်​ဖွဲ့ ​​ပေါ်​နေ​ပြန်ပါပြီ။ နိုင်​ငံခြားက​နေ တင်သွင်းတာပါ။ Omega Pro ဆို​တဲ့ ကုမ္ပဏီပါ။ (ဒီနာမည်​​တစ်ခုတည်းကို ​လှေ​နံဓားထစ် မမှတ်ပါ​နဲ့။ ​ခပ်ဆင်ဆင် လိမ်​နေ​တဲ့သူ​တွေ ​အများကြီးပါ။)

Forex Trading ​​လုပ်ရင်း အမြတ်ရတာပါလို့ ​အ​​ကြောင်းပြပြီး MLM စနစ်​နဲ့ လူ​တွေကို ဆွယ်​နေတာပါ။

​​အသင်းဝင်ဖြစ်ဖို့ ​ငွေ​ထည့်ရမယ်။ ​ထည့်​တဲ့​ငွေပမာဏ​​ပေါ်မူတည်ပြီး Level ​အမျိုးမျိုးရှိတယ်။ ၁၆ လကြာရင် ၂၀၀% ​အမြတ်ပေးမယ်။ ဒီကြားထဲမှာ ​အသင်းဝင်သစ်​တွေ ဝင်လာချင်အောင် လူဆွယ်ပေးရမယ်။ လူသစ်​တွေဝင်လာရင် ​​ကော်မရှင်ခ မြိုးမြိုးမြက်မြက်ရမယ်။

လူ​တွေက ၁၆ လကြာမှရမယ့် ​ငွေထက် လူ​​ခေါ်ပေးရင် ရမယ့်​ငွေကို မက်ပြီး လူသစ်​​ခေါ်ပေးကြတာပါ။ ​​​ငွေနှစ်သိန်းလောက် ရင်းထားရုံ​နဲ့ လူ​​ခေါ်ပေးရင် ​တစ်လတစ်လ ​ငွေ​တွေ သိန်း​​သန်းပေါင်းများစွာ ပုံ​မှန်ရမယ့် ​အခွင့်​အရေးဆိုပဲ။ MLM စနစ်​ရဲ့ ထုံး​စံ​အတိုင်း ​အ​​ပေါ်ကလူ​တွေ မြတ်ပြီး ​အောက်ကလူ​တွေ၊ နောက်မှဝင်လာ​တဲ့သူ​တွေ ​အရှုံးကြီး ရှုံးကြဦး​​တော့မယ်။ 

​မြန်မာနိုင်​ငံမှာ MLM စနစ်ဟာ တရားမဝင်ပါဘူး။ လိုင်စင်မရှိပဲ လူ​တွေဆီက ​ငွေကောက်​ခံစု​​ဆောင်းခွင့်၊ နိုင်​ငံခြားကိုပို့ခွင့် မရှိပါဘူး။ ဒီနှစ်ချက်​နဲ့တင် ဖမ်းလို့ရ​နေပြီ။

လူ​အများ​အတွက်၊ တိုင်းပြည်​အတွက် မကြည့်ပဲ ကိုယ်​အရိုး​အရင်းလေး စားရဖို့​အရေး ပြည်သူ​တွေကို နား​လှည့်ပါးရိုက်၊ ​အမြတ်ထုတ်​တဲ့ လူလိမ်​တွေ​​ပါ။ လုပ်ရက်လိုက်ကြတာ။ ကျွန်​​တော်တို့ မျိုးဆက်မှာ ကျွန်​​တော်တို့ တတ်နိုင်​တဲ့ဘက်က​နေ ဒီလိုလူမျိုး​​တွေ နည်းသထက်နည်းသွားအောင် ဝိုင်းဝန်းကြိုးစား တိုက်ဖျက်ကြပါစို့လား ခင်ဗျာ။

ကျွန်​​တော်တို့နိုင်​ငံ ဆင်းရဲနေရတာ ​ခေတ်​အဆက်ဆက်မှာ "ဘယ်သူ​​သေ​သေ င​တေမာရင်ပြီး​ရော" စိတ်ဓာတ်ရှိ​တဲ့ သူတို့လို လူ​တွေကြောင့်ပါ။ အသားထဲကလောက်ထွက် သစ္စာဖောက်​တွေ၊ ​ဆန်ကုန်​မြေလေး လူလိမ်တွေပါ။

ဒီ​​တော့ ​ငွေ​ထည့်ဖို့ လာဆွယ်ရင် ရဲကိုသာ ပြေးတိုင်လိုက်ပါ။ လူကြီးအိမ်ကို တိုင်လိုက်ပါခင်ဗျာ။ ​ရွေးကောက်ပွဲလည်း နီးပြီဆို​​တော့ ကိုယ်ရွေးကောက်တင်မြှောက်ထား​တဲ့ ​အမတ်​မင်း​တွေကိုလည်း ​ဒီကိစ္စ​တွေကို တိုင်​တော အ​​ကြောင်းကြားပေးကြပါ။ လက်သန်းလေး​ရဲ့ ​အားကို သုံးကြပါ။ နီးစပ်ရာလူ​တွေကိုလည်း ​ပညာပေးကြပါ။ ပြောပေးကြပါ။

ဗုဒ္ဓဘာသာ​တွေ​ အများစု​နေကြ​တဲ့ နိုင်​ငံ။ ငါးပါးသီလထဲမှာ မခိုးဖို့​နဲ့ မလိမ်ဖို့ ပါတယ်ဆိုတာ ​​မေ့​နေကြရှာ​လေ​​ရော့သလား။ လိမ်​နေမှန်းသိလျက်​နဲ့ ကိုယ်​​ကော်မရှင်ခရဖို့​အရေး လူဆွယ်ပေးလိုက်ကြ​​တော့မှာလား။ ကိုယ်က ​အရိုး​အရင်းလေး စားပြီး ​ငွေ​အများစုကို နိုင်​ငံခြားက လူလိမ်​တွေလက်ကို ဝကွက်အပ်​​တော့မှာ​လား။ စဥ်းစားပေးကြပါ။

(ငါးကြင်းဆီ​နဲ့ ငါးကြင်း​​ကြော်​တဲ့ ပွန်ဇီလိမ်ကွက်ပါ။ မယုံမိပါ​စေ​နဲ့​တဲ့။)

​ဒီလို​ပြောထား​တဲ့ ​အ​ခြား ဝဘ်ဆိုဒ်​တွေလည်း ​အများကြီးရှိပါသေးတယ်။

ပိုးစုန်းကြူး လာပြီ။ သစ္စာဖောက်​တွေ၊ ​အ​​ချောင်သမား​တွေ မု မု။

​ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment