Sunday, November 1, 2020

အိပ်မက်ထဲက ဗာရာဏသီ






အိပ်မက်ထဲမှာ​​ပေါ့ ခင်ဗျာ။

ဗာရာဏသီပြည်ကြီး သာယာဝ​ပြော​နေပါတယ်။

ဗာရာဏသီ ဆိုက်ဘာ ပုလိပ် (Varanasi Cyber Police) ဆို​တဲ့ VCP ဆိုက်ဘာရဲတပ်​ဖွဲ့ဟာ ​​လိုင်း​​ပေါ်မှာ လိမ်လည်​လှည့်ဖျား​နေ​တဲ့သူ​တွေကို ထိထိရောက်ရောက် နှိမ်နင်း​နေပါသ​တဲ့။

VCP ဆိုက်ဘာရဲတပ်​ဖွဲ့ က​နေ ပြည်သူ​တွေကို ​အလိမ်မ​ခံရအောင် ​​ဖေ့စ်ဘွတ်ခ် ​အစရှိ​တဲ့ လူမှုကွန်ရက်​တွေက​နေ ပညာပေး​တွေ ပို့ချပါတယ်။ ပြည်သူ​တွေကလည်း မော်ဒယ် မင်းသမီး ဗာရာဝင့်​​ကျော်တို့​ရဲ့ ဓာတ်ပုံ​တွေထက် ဆိုက်ဘာရဲတပ်​ဖွဲ့ က​နေ အသိပညာပေးတာ​တွေကို ပိုပြီး စိတ်ဝင်တစား ​အားပေးကြ​လေ​ရဲ့။

​ဒီ​​တော့ ဗာရာဏသီပြည်ကြီးမှာ လိုင်း​​ပေါ်က​နေ ​အလိမ်​ခံရ​တဲ့သူ​တွေ ​အ​​တော်ရှားသွားပါသ​တဲ့။ ​​

ဟိုး​အရင်က​​တော့ ဒီလိုမဟုတ်ပါဘူး​တဲ့။ လိုင်း​​ပေါ်မှာ လူလိမ်​တွေ ​ခြေချင်းလိမ်​နေ​ခဲ့တာ​​ပေါ့။ လိမ်​နေမှန်း သိလို့ သိ​တဲ့လူ​တွေက တားရင် လူလိမ်​တွေက သူခိုး လူ​ပြန်ဟစ်ကြတယ်။ ​ခြိမ်းလားခြောက်လား လုပ်ပါတယ်။ လူ​တွေကလည်း လူလိမ်​တွေကို ယုံရက်ကြတယ်။

​အလိမ်​ခံရပြီးရင် ရဲတိုင်လည်း ဘာမှ သိပ်မထူးပါဘူး​တဲ့။ တရား​ခံ မိတာ ရှားပါတယ်။ ​ဘဏ်​အ​​ကောင့်​တွေသုံးပြီး လိမ်​တဲ့​အခါမှာလည်း ​ဘဏ်​တွေက တာ​ဝန်ယူ ကူညီ​ဖြေရှင်းပေးတာမျိုး ရှားပါတယ်။

​​လိမ်​နေမှန်းသိလို့ ​အချိန်မ​​နှောင်းခင် ရဲသွားတိုင်ရင်လည်း ရဲက ​ထိထိရောက်ရောက် ​အရေးယူတာမျိုး ရှားပါသ​တဲ့။

ဒီလို​နဲ့ ​​ပြောင်းလဲချိန်​တန်လာ​တဲ့အခါ နိုင်​ငံ့ ရဲသွေးစစ်သည်​​ ရဲဇာနည် ​​ခေါင်း​ဆောင်တစ်ယောက်က  အ​​မြော်​အမြင်ကြီးကြီး​နဲ့ VCP ဆိုက်ဘာရဲတပ်​ဖွဲ့ကို ​​​ဦး​ဆောင်​ဖွဲ့စည်းပြီး အားကြိုးမာန်တက် စတင်လှုပ်ရှားပါ​​တော့တယ်။

ပထမဆုံး VCP ​ဆိုက်ဘာရဲတပ်​ဖွဲ့ ရှိ​​ကြောင်း ဗာရာဏသီ ပြည်သူတွေ​အားလုံးသိအောင် ​ကြေညာတယ်။ ​လူလိမ်​အ​ဖွဲ့​တွေကို တိုင်ချင်ရင် လိုင်း​​ပေါ်က​နေ လွယ်လွယ်ကူကူ သတင်းပို့လို့ ရအောင် စီစဥ်ပေးထားတယ်။

​အလိမ် သတင်းရပြီဆိုတာ​နဲ့ VCP ​ဆိုက်ဘာရဲတပ်​ဖွဲ့ထဲက ဆိုက်ဘာဥပ​ဒေ​တွေကို ကျွမ်းကျင်​တဲ့ ရဲ​တွေက တိုင်ကြားချက်​​ပေါ် ​အ​ခြေ​ခံပြီး ​အလိမ်ဟုတ်မဟုတ်၊ တရားဥပ​ဒေကို ချိုးဖောက်​နေမ​နေ ​အချိန်တို​အတွင်း စုံစမ်းဆုံးဖြတ်တယ်။ ပြီးတာ​နဲ့ လူလိမ်​တွေကို ဆက်သွယ်ပြီး သတိပေးချက်ထုတ်​ပြန်တယ်။ ဒီ​အ​ဖွဲ့ဟာ လူလိမ်ဖြစ်​​ကြောင်း၊ ဥပ​ဒေ​နဲ့ မလွတ်ကင်းတာ​တွေ လုပ်​နေ​​ကြောင်း ပြည်သူ​တွေကို ​အသိပေးတယ်။ ​သက်ဆိုင်ရာ လူမှုကွန်ရက်တွေ၊ ​ဘဏ်​တွေ​နဲ့ ချိတ်ဆက်ပူး​​ပေါင်းပြီး လူလိမ်​တွေ​ရဲ့ ​အ​​ကောင့်​တွေ၊ ​​​ပေ့ချ်​တွေ၊ ဆိုက်​တွေ၊ ​ဘဏ်​အ​​ကောင့်​တွေကို ​အချိန်တို​အတွင်း ပိတ်ပစ်တယ်။

သတိပေးချက်ထုတ်​ပြန်တာကို​​တောင် ဂရုမစိုက်ပဲ ဆက်လိမ်​တဲ့လူလိမ်​တွေကို ဥပ​ဒေ​​အတိုင်း ​မှန်​မှန်​ကန်​ကန် ​ပြင်းပြင်း​ထန်​ထန် အ​​ပြစ်ပေးတယ်။

လူ​တွေကလည်း ​အလိမ်မ​ခံရအောင် VCP ​ရဲ့ ​သတင်းထုတ်​ပြန်ချက်​တွေကို ​​စောင့်ဖတ်တယ်။ ​​ပြည်သူ​တွေကလည်း လူလိမ်လို့ ထင်ရ​တဲ့​ ​အ​​ကောင့်​တွေ ​​ပေ့ချ်တွေကို တာ​ဝန်သိသိ သတင်းပို့ပေးကြတယ်။

လိမ်​နေတာ ဟုတ်မဟုတ် မ​သေချာရင်လည်း VCP ဆိုက်ဘာရဲတပ်​ဖွဲ့ကို ​မေးမြန်းပြီး ​အလိမ်ဟုတ်မဟုတ် စုံစမ်းလို့ရပါတယ်။ စိတ်ရှည်လက်ရှည် ​ပြန်လည်​ဖြေကြား ကူညီပေးပါသ​တဲ့။ ​​​​​​အလို​အလျောက် ​ပြန်​ဖြေစက် ​​ဘော့​တွေ​နဲ့ စီစဥ်ပေးထား​​တော့ ဆိုက်ဘာရဲ​တွေလည်း မလိုအပ်ပဲ ​အလုပ်မရှုပ်ပါဘူး။

ဒီလို​နဲ့  ​ဗာရာဏသီပြည်မှာ ဆိုက်ဘာရဲ နဲ့ ပြည်သူ အားလုံး ပူး​​ပေါင်းလက်တွဲ​​ကြ​​တော့ လိုင်း​​ပေါ်မှာ လူလိမ်​တွေ ​ရှားပါးသွားပါ​​တော့သ​တဲ့။

​​ကောင်း​လေစွ။

ဟုတ်​ကဲ့ အိပ်မက်ထဲက ဗာရာဏသီပါ။

ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...