Thursday, October 29, 2020

ကလေးမယူခင် ဒါဖတ်ပါ

ဒီ​​နေ့​​တော့ ကလေးမယူခင် ကြိုတင်ပြင်ဆင်သင့်တာ​တွေကို ​ပြောပြပါရ​စေ။

(၁) #ဆေးစစ်ပါ

ကလေးမယူခင် လင်မယားနှစ်ယောက် ဆေးစစ်ဖို့လိုပါတယ်။ ကလေးမှာ မျိုးရိုးဗီဇ​အလျောက် ​ရောဂါ​တွေ ဖြစ်လာနိုင်​​ခြေရှိမရှိ ကြိုတင်ဆေးစစ်ရမှာပါ။ မိဘနှစ်ပါးက ကျန်းမာပါတယ်၊ ဒါ​​ကြောင့် ကလေးလည်း ကျန်းမာမှာပါလို့ ​လှေ​နံဓားထစ် ယူဆထားလို့မရပါဘူး။

မိဘ​တွေမှာ ​အငုပ်ဗီဇ​အရ ​​ရောဂါလက္ခဏာမပြ​တဲ့ ​ရောဂါ​အ​ခံ​တွေ ရှိ​နေနိုင်ပါတယ်။ ဥပမာ ကျန်းမာရေး​​ကောင်း​နေ​တဲ့ မိဘနှစ်ယောက်လုံးမှာ ရောဂါလက္ခဏာမပြ​တဲ့ သွေး​အားနည်း​ရောဂါ ​အ​ခံရှိ​နေ​ခဲ့ရင် ​မွေးလာ​တဲ့သားသမီး​တွေမှာ သွေး​​အားနည်း​ရောဂါ​အပြင်းစား​​ဖြစ်ပြီး တစ်သက်လုံး မကြာခဏ သွေးသွင်းပေးရတာ​တွေ၊ ရိုးတွင်းခြင်ဆီ လဲပေးရတာ​တွေ ဖြစ်တတ်ပါတယ်။

ဒီ​​တော့ ​ကံကို ပုံမချပါ​နဲ့။ ကိုယ်​ဝန်မယူခင် ဉာဏ်​နဲ့ ယှဉ်ပြီး ဆေး​အရင်စစ်ပါ။ ကိုယ့်​ရဲ့​အသက်​အရွယ်၊ ရှိ​တဲ့ ​ရောဂါ​အ​ခံ​နဲ့ ကိုယ်​ဝန်​ဆောင်ဖို့ သင့်မသင့် စစ်ဆေးပါ။ ဆေးရုံဆေးခန်း​တွေမှာ ကိုယ်​ဝန်မယူခင်၊ လက်မထပ်ခင် လင်မယားနှစ်ယောက် စစ်သင့်​တဲ့ ဆေးစစ်တာ​တွေ ​​လုပ်ချင်လို့ပါလို့​ပြောရင် ဆရာ​ဝန်​တွေ သိပါတယ်။ ဆေးစစ်ဖို့ ဘယ်လောက်ကုန်ကျမလဲ စုံစမ်းပြီး ​ငွေစုထားပါ။ ​​ငွေကုန်ကြေးကျ ​အရမ်းကြီး မများလှပါဘူး။

ဒီလို ဆေးစစ်တာဟာ ​ဗေဒင်တွက်တာထက် ပို​အရေးကြီးပါတယ်။

(၂) #ကလေးမွေးစရိတ်

ခွဲမွေးရမှာလား၊ ပုံ​မှန်မွေးမှာလား၊ ဆေးရုံဆေးခန်းမှာ မွေးမှာလား၊ အိမ်မှာမွေးမှာလား စတာ​တွေ​အ​​ပေါ် မူတည်ပြီး ကလေးမွေးစရိတ် ​အနည်း​အများ ကွာသွားတတ်ပါတယ်။ ​စရိတ်စက​တွေကို ခန့်မှန်းတွက်ချက်ပြီး ကြိုတင်​ငွေစုထားဖို့ လိုပါတယ်။ (​အချို့ ကုမ္ပဏီ​တွေက​​တော့ ​ဝန်ထမ်းမိသားစု​အတွက် မီးဖွားစရိတ် ထောက်ပံ့တာ​တွေ ရှိပါတယ်။)

ကိုယ်​ဝန်ယူတုန်းက​​တော့ လွယ်လွယ်တွေး လွယ်လွယ်ယူလိုက်ပြီး လိုအပ်မှ သူများဆီက လျှောက်ချေး​နေရရင်၊ အသနား​ခံ လက်ဖြန့်​​တောင်း​နေရရင် မ​ဟန်ပါဘူး။ ရှက်စရာ​​ကောင်းပါတယ်။

ကလေးမလိုချင်ပဲ မ​​တော်တဆ ရသွားတယ်လို့ မ​ပြောကြပါ​နဲ့။ သားဆက်ခြားနည်း​တွေကို ​​လေ့လာကြပါ။ ​​ဒီဘက်​ခေတ်မှာ လိုင်း​​ပေါ်မှာ ဒါ​တွေကိုသင်ပေး​နေတာ​တွေ ရှိ​နေပါပြီ။ ​အသိဉာဏ်ရှိ​တဲ့ လူ​တွေပဲ။ ခွေး​တွေ ​​ကြောင်​တွေမှ မဟုတ်ကြတာ ခင်ဗျာ။

(၃) #ကလေးတစ်ယောက်ရဲ့စရိတ်

ကလေးမီးဖွားလို့ ကုန်​​တဲ့ ကုန်ကျစရိတ်ဟာ ကလေးတစ်ယောက်ကို ​အရွယ်ရောက်​တဲ့​အထိ ပြုစုပျိုး​​ထောင်ပေးဖို့ ကုန်ကျ​တဲ့ စရိတ်​နဲ့ ယှဉ်ရင် ပါမွှားလေးပါ။

နို့မှုန့်ဖိုး၊ ​​ကစားစရာဖိုး၊ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်​နေရေး စ​​သဖြင့် ကလေးတစ်ယောက်​ရဲ့ ကုန်ကျစရိတ်​​တွေက မနည်းပါဘူး။

မိ​ခင်ကိုယ်​ဝန်​ဆောင်စဉ်ကာလမှာ မိခင်​အလုပ်မလုပ်နိုင်​တဲ့​အတွက် ဝင်​ငွေလည်း နည်းသွားတတ်ပါတယ်။ မွေးပြီး​တဲ့​အခါမှာလည်း ကလေး​အတွက် ​အချိန်ပေးရပါတယ်။ ​​​စောင့်ရှောက်ဖို့ တစ်ယောက်မဟုတ်တစ်ယောက် ဘေးမှာ ​အမြဲရှိ​နေရပါတယ်။ မိခင် ကိုယ်တိုင် ​အလုပ်မလုပ်ပဲ ထိန်းမ​လား၊ ​ဆွေမျိုး တစ်ယောက်ယောက်ကို ​အကူခေါ်ရမလား၊ ကလေးထိန်း ငှါးရမလား စသဖြင့် စဥ်းစားစရာ​တွေ ​အများကြီးပါ။

ဒီ​​တော့ ဝင်​ငွေ နည်းသွားနိုင်​တဲ့​အပြင် ထွက်​ငွေလည်း ပိုများလာနိုင်ပါတယ်။ ဒါ​တွေ​အတွက် ဝင်​ငွေ​နဲ့ လောက်​ရဲ့လား ကြိုတင် တွက်ချက်ထားရပါမယ်။

ဒီစရိတ်​တွေကို ​ထည့်တွက်ပြီး ဝင်​ငွေ​နဲ့ ထွက်​ငွေ လောက်တယ်ဆိုမှ ကလေးယူသင့်တာပါ။

(၄) #ကလေးတွေကိုလူ့ဘဝထဲခေါ်ပြီးဒုက္ခမပေးပါနဲ့

"ဒီလို​တွေ တွေးပြီး ကြောက်​နေရင် ကလေး​​တောင် ယူဖြစ်မှာ မဟုတ်ဘူး။ ကလေးလိုချင်ရင် ယူသာ ယူချလိုက်။ သူ့​အလိုလို ​အဆင်​ပြေသွားလိမ့်မယ်" လို့ တွေး​တဲ့သူ​တွေ ​မြန်မာနိုင်​ငံမှာ ​အ​​တော်များပါတယ်။

သားသမီး​တွေ​အတွက် ဘာမဆို ရင်ဆိုင်​ရဲ​ ရင်ဆီး​ခံရဲ​တဲ့ သတ္တိ​တွေ​နဲ့ မိဘ​မေတ္တာတရားကို လေးစားပါတယ်။ ဒါ​ပေ​မဲ့ "​​နောင်ခါလာ ​​နောင်ခါဈေး" စိတ်သ​ဘောထားကို​​တော့ မနှစ်ခြိုက်ပါဘူး။ ​ရေရှည်မတွေးပဲ ဒီလိုလုပ်မိလို့ ဒုက္ခရောက်​နေကြရ​တဲ့ မိသားစုတွေကို ​​တွေ့ဖူး​​ပေါင်း များ​နေလို့ပါ။ ​​

မွေးတုန်းက မွေးထားပြီး ကလေးက ကလေးသဘာဝ ဂျီကျ​တဲ့​အခါ (အပြင်က​နေ ပါလာ​တဲ့ ​​ဒေါသ​တွေ စိတ်ဖိစီးမှု​တွေ​နဲ့ ​အတိုးချပြီး) သားသမီးကို ​အပြင်း​အ​ထန် ရိုက်နှက် နှိပ်စက်ဆုံးမတာ​တွေကိုလည်း မမြင်ချင်ပါဘူး။

(၅) #နှစ်ဆပိုကြိုးစားပေးပါ

ကလေးမယူ​နဲ့လို့ ​​ပြော​နေတာ မဟုတ်ပါဘူး။ က​​လေးယူချင်​တဲ့စိတ်ကို တွန်း​အား​အဖြစ်သုံးပြီး နှစ်ဆကြိုးစားငွေစုပြီးမှ ကလေးယူပါ။ ကိုယ် မ​​​ပြေလည်သေးပဲ သားသမီး​တွေကို လူ့​လောကထဲက ဆင်းရဲတွင်းထဲကို ​​ခေါ်သွင်းတာမျိုးကို ​အားမပေးချင်ပါဘူး။ ငရဲ​တမျှ ဒုက္ခဆင်းရဲ​တွေဟာ လူ့ပြည်မှာလည်း ရှိပါတယ်။ ရခဲလှ​တဲ့ လူ့ဘဝဆိုရင်​​တောင် ကလေးငယ်​တွေ ဖူလုံ​တဲ့ဘဝ ချမ်းသာ​တဲ့ဘဝကို ရကြပါ​စေ။

ဒါ​တွေ မသိ​ခဲ့လို့ မစဥ်းစားပဲ ကလေးယူ​ခဲ့ပြီးပြီဆိုရင်လည်း ခုချိန်ကစပြီး က​လေး​တွေအတွက် နှစ်ဆ ပိုကြိုးစားပေးကြပါ။

​​သူများကလေး​တွေ ကျောင်းတက်​နေချိန်မှာ လမ်းဘေးမှာ ​​တောင်းစား​နေရ​တဲ့ ကလေးသူငယ်လေး​တွေ၊ ပန်း​​ရောင်း​နေရ​တဲ့ ကလေးသူငယ်လေး​တွေကို ​​တွေ့ရတာ ရင်ထဲ မချိစရာပါ။ ​အချို့ဆို ဒုက္ခဆင်းရဲ​တွေ ​အတိပြီး​တဲ့ ဘဝမှာ ရုန်း​ရင်းကန်ရင်း​နဲ့ ရ​ခဲလှပါတယ်လို့ ဆိုကြ​တဲ့ လူ့ဘဝ​ရဲ့ ​အနှစ်သာရ​တွေကို ဘာမှန်း​​တောင် မသိလိုက်ကြပဲ တစ်ဘဝ ​အချည်းနှီး ကုန်ဆုံးသွားကြရရှာပါတယ်။

သားသမီး​တွေကို ​​ကောင်းစား​စေချင်​တဲ့ ​ချစ်ခြင်းမေတ္တာစိတ်က မိဘ​တွေတိုင်းမှာ ရှိပြီးသားပါ။ အဲဒီ ချစ်ခြင်းမေတ္တာကို ဉာဏ်ပညာ​နဲ့ ​​ဝီရိယ ပေါင်းလိုက်​တဲ့​အခါ သားသမီး​တွေ​အတွက် သာယာလှပ​တဲ့ ဘဝကို ​ဖန်တီးပေးနိုင်ကြပါတယ်။ ​ကံကို ပုံမချပါ​နဲ့။ ဉာဏ်​နဲ့ ဝီရိယကို သုံးပြီး ကြိုတင်ပြင်ဆင်ကြပါ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...