Sunday, September 27, 2020

စပ်တူ​ လုပ်​တဲ့​အခါ

​စီးပွားရေးလုပ်ကြ​တဲ့​အခါ ​​ငွေ​အားလူ​အားကို တစ်ဦးတစ်ယောက်တည်းက စိုက်ထုတ်ဦး​ဆောင်ပြီး လုပ်တတ်တာ​တွေရှိသလို နှစ်ယောက်သုံးယောက်​​ပေါင်းပြီး စပ်တူ လုပ်တတ်ကြတာ​တွေလည်း ရှိပါတယ်။

လုပ်ငန်းတစ်ခုကို စပ်တူလုပ်​တဲ့​အခါ ကြိုတင် ​ဆွေးနွေး ဆောင်ရွက်သင့်​တဲ့ ​အ​​ချက်လေး​တွေကို ​​ဖော်ပြပေးလိုက်ပါတယ်။

(၁) #စပ်တူပါဝင်ပုံအကျဉ်းချုပ်

လုပ်ငန်း​ရဲ့​အမည်၊ တည်​နေရာ၊ လုပ်မယ့် စီးပွားရေးလုပ်ငန်း၊ စပ်တူ ရှယ်ယာရှင်တစ်ယောက်ချင်းစီ​​ရဲ့ ​ငွေ​​နဲ့ ​အခြား ​​တန်ဖိုးရှိ​တဲ့​အရာ (စက်ပစ္စည်း၊ ​ယာဉ်၊ မြေ၊ ဆိုင်ခန်း၊ ​အတတ်ပညာ၊ လုပ်​အား စသဖြင့်) ပူး​​ပေါင်းထည့်ဝင်မှု ပမာဏကို ​သေချာ ဆုံးဖြတ် ဆွေးနွေးရပါမယ်။ စီးပွားရေး ပန္နက် (Business Plan) မဆွဲရသေးရင် ​အရင်ဆွဲပါ။

- စီးပွားရေး ပန္နက် (Business Plan) (၁) https://www.facebook.com/fireflypsk/posts/128536568484627

- စီးပွားရေး ပန္နက် (Business Plan) (၂) https://www.facebook.com/fireflypsk/posts/128821408456143

(၂) #အကျိုးအမြတ်ခံစားခွင့်

​အကျိုး​အမြတ်ရလာ​တဲ့​အခါ ဘယ်သူက ရာခိုင်နှုန်းဘယ်လောက် ခံစားခွင့်ရမယ်ဆိုတာကို ဆုံးဖြတ်ရပါမယ်။ ​အကျိုး​အမြတ်​ရဲ့ ရာခိုင်နှုန်းဘယ်လောက်ကို လုပ်ငန်းထဲ​ပြန်​ထည့်မယ်၊ ​ကျန်​တဲ့​အကျိုး​အမြတ်ကို တစ်နှစ်မှာ ဘယ်နှစ်ကြိမ် (တစ်လတစ်ခါ၊ သုံးလတစ်ခါ၊ ခြောက်လတစ်ခါ၊ တစ်နှစ်တစ်ခါ စသဖြင့်) ခွဲ​ဝေပေးမယ်ဆိုတာကို ကြိုတင် ဆွေးနွေးထားရပါမယ်။ ​

​အရှုံး​​​​ပေါ်​နေဆဲကာလ ငွေရင်း ထပ်​ထည့်ဖို့လိုရင် ဘယ်သူက ​ငွေစိုက်ထုတ်ပေးမလဲ၊ ​အချိုးကျစိုက်ထုတ်ပေးမှာလား၊ ဒါမှမဟုတ်ပဲ တစ်ယောက်တည်းက စိုက်ထုတ်ပေးရမှာဆိုရင် ဒီလို ​ငွေစိုက်ထုတ်​တဲ့​အခါ အကျိုးအမြတ်ခံစားခွင့်​နဲ့ လုပ်ငန်းပိုင်ဆိုင်ခွင့် ရာခိုင်နှုန်း ဘယ်လို​​ပြောင်းလဲသွားမလဲဆိုတာကို ကြိုတင် ဆွေးနွေးထားရပါမယ်။

​အပြင်က​နေ ​ငွေချေးရတယ်ဆိုရင် အဲဒီ​အကြွေးကို ဘယ်သူက ရာခိုင်နှုန်းဘယ်လောက် ​အကြွေးတင်​နေတယ်ဆိုတာကိုလည်း ကြိုတင်သ​ဘောတူထားရမှာပါ။

(၃) #အစုစပ်တွေရဲ့တာဝန်နဲ့ဝတ္တရား

အစုစပ်တွေရဲ့ ​​ရာထူး​နဲ့ နေ့စဥ် လစဥ် တာဝန်ဝတ္တရား​တွေကို ကြိုတင် ဆွေးနွေးရမှာဖြစ်ပြီး တာ​ဝန်မ​ကျေရင် ဖြစ်လာနိုင်​တဲ့ ​အကျိုးဆက်​တွေ (ဥပမာ အစုစပ်လုပ်​ငန်းက​နေ ထုတ်ပယ်ခြင်း​ခံရတာမျိုး) ကိုလည်း ကြိုတင် ဆွေးနွေးရပါမယ်။ ဒီတာဝန်နဲ့ ဝတ္တရား​တွေ​အတွက် ​အကျိုး​အမြတ် ရာခိုင်နှုန်းခွဲ​ဝေပေးတာ​အပြင် သီးသန့်လစာပေးထားမထားကိုလည်း ဆုံးဖြတ်ရမှာပါ။ ​

(၄) #ဆုံးဖြတ်ပိုင်ခွင့်

စပ်တူလုပ်သူ​တွေ​ရဲ့ ဆုံးဖြတ်ပိုင်ခွင့် လုပ်ပိုင်ခွင့်သ​​ဘောတရား​တွေကိုလည်း ဆွေးနွေးထားရပါမယ်။ ဘယ်ကိစ္စ​တွေဆိုရင် စပ်တူလုပ်​တဲ့သူ ​အားလုံး သ​ဘောတူမှရမယ်။ ဘယ်ကိစ္စ​တွေဆိုရင်​​တော့ မဲခွဲဆုံးဖြတ်ပြီး ​အများစု သ​ဘောကျလက်​ခံ​တာကို ရွေးမယ် စသဖြင့်ပါ။ ဥပမာ စပ်တူရှယ်ယာရှင်​တွေကို ထုတ်ပယ်ခွင့်၊ ​အသစ်​​ခေါ်ခွင့်၊ လုပ်ငန်းကို ​​ရောင်းခွင့်၊ ​အကြွေးယူခွင့်၊ ​ဝန်ထမ်းငှါးခွင့် စသဖြင့် ဆုံးဖြတ်ချက်​တွေ ချရာမှာ​အရေးပါပါတယ်။

(၅) #ထွက်ခွါရေးဗျူဟာ

​အကယ်၍ ​အ​​ကြောင်း​​ကြောင်း​​ကြောင့် လုပ်ငန်း ဖျက်သိမ်း​ခဲ့ရတယ် (ဒါမှမဟုတ် ​​ရောင်းလိုက်ရတယ်) ဆိုရင် ဘယ်သူက ဘယ်ပစ္စည်းကို ပိုင်ဆိုင်ခွင့်ရမယ်၊ ​ငွေကို ဘယ်လိုခွဲ​ဝေယူမယ်၊ ​အကြွေး​တွေကို ဘယ်လိုခွဲ​ဝေဆပ်မယ်ဆိုတာကိုလည်း လုပ်ငန်းမစခင်ကတည်းက ကြိုတင် ဆွေးနွေးထားသင့်ပါတယ်။

​အကယ်၍ စပ်တူလုပ်သူတစ်ယောက်ယောက်က လုပ်ငန်းထဲမှာ စပ်တူ မပါချင်​​တော့လို့ ခွဲထွက်ချင်တာမျိုး၊ ​သေဆုံးသွားတာမျိုး၊ ဒုက္ခိတဖြစ်သွားတာမျိုး စ​တဲ့​အ​ခြေ​အ​နေ​တွေမှာ ပိုင်ဆိုင်ခွင့်ကို ဘယ်လို​​ပြောင်းလဲ ခွဲ​ဝေကြမယ်ဆိုတာကို ကြိုတင် ဆုံးဖြတ် သ​ဘောတူထားဖို့လိုပါတယ်။ ခွဲထွက်သွား​တဲ့သူ​အ​နေ​နဲ့ ဘာ​တွေလုပ်ပိုင်ခွင့်ရှိတယ်၊ လုပ်ပိုင်ခွင့်မရှိဘူးဆိုတာကိုလည်း လုပ်ငန်းမစခင် ကြိုတင် သ​ဘောတူထားရမှာပါ။ ဥပမာ တစ်စင်​​ထောင် စီးပွားပြိုင်တစ်ခု ထပ်လုပ်မှာကို ခွင့်ပြုမပြု။

တကယ်လို့ စပ်တူလုပ်သူ​တွေကြား ​အငြင်းပွားကြရင် ကြား​နေဆွေးနွေးပေး​မဲ့ ​ဖြန်​ဖြေသူ လူကြီးတစ်ယောက်ယောက်ကိုလည်း ကြိုတင်ရွေးချယ်ထားနိုင်ရင် ​​ကောင်းပါတယ်။

(၆) #စာချုပ်ချုပ်ပါ

နှုတ်​နဲ့​ပြောထား​တဲ့ စကား​တွေ၊ ကတိ​တွေဟာ ​​​နောင်မှာ အငြင်းပွားစရာ​တွေ ဖြစ်လာနိုင်တာ​​ကြောင့် ​​အချင်းချင်း သ​ဘောတူထား​တဲ့​အချက်​တွေ (​အ​​ပေါ်မှာ ကျွန်​​တော်​ပြောပြထား​တဲ့ ​အချက်​တွေ) ကို စာချုပ်​​စာတမ်း လုပ်ထားသင့်ပါတယ်။ စပ်တူဝင်ထား​တဲ့သူ​တွေ​အားလုံး စာချုပ် မူရင်းတစ်​​စောင်စီ သိမ်းထားရမှာပါ။

စာချုပ်ချုပ်ရတယ်ဆိုတာ မယုံကြည်လို့မဟုတ်ပဲ ​အလုပ်ကို ​အလုပ်​နဲ့တူအောင် လုပ်ခြင်းသာ ဖြစ်ပါတယ်။ ဒါကို သွား အားနာ​နေစရာ မလိုပါဘူး။ ​​ပြောရမှာ ​အားနာ​နေရင်လည်း ဒီစာလေးကိုသာ ပြလိုက်ပါခင်ဗျာ။ ဖြစ်နိုင်ရင် ​​ရှေ့​နေငှါးပြီး စာချုပ်ချုပ်တာ ပိုပြီး တိကျပါတယ်။ ရှယ်ယာရှင်​တွေ​ရဲ့ နာမည်​နဲ့ မှတ်ပုံတင်​အမှတ်၊ လက်မှတ်​နဲ့ လက်​ဗွေလိုပါတယ်။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment