Sunday, September 27, 2020

ငွေရှာ​ဖို့ ဒီလိုတွေးပါ

​​စီးပွားရေးလုပ်ငန်းလုပ်ကြ​တဲ့​အခါ ​အများစုက "​ငွေများများရ​တဲ့ လုပ်ငန်း ဘာလုပ်ရင်​​ကောင်းမလဲ" လို့​အရင် တွေးကြပါတယ်။ မှားတယ်လို့​​တော့ မဆိုသာပါဘူး။ စီးပွားရေးလုပ်တယ်ဆိုကတည်းက ​ငွေရဖို့ကလည်း ​အရေးကြီးတာကိုး။

ဒီလိုတွေးတာထက် ပို​​ပြီးကောင်း​တဲ့ ​အတွေးရှိပါတယ်။ ဒါက​​တော့ "လူ​တွေ​မှာ ဘာ​ပြဿနာ​တွေ၊ လိုအပ်ချက်​တွေရှိ​လဲ။  ဒါတွေကို ဘယ်လို​ဖြေရှင်း ​ဖြည့်ဆည်းပေးရင် ​​ကောင်းမလဲ" လို့ တွေးဖို့ပါ။

​ငွေရှာဖို့ကို ဦးတည်ပြီး စီးပွားရေးလုပ်​တဲ့​အခါ ​ငွေရရင်ပြီး​ရောသ​ဘောမျိုး လုပ်တတ်သွားကြပါတယ်။ ​အများ​အတွက်​ ​အကျိုးရှိလား၊ ​အကျိုးယုတ်လား သိပ်မတွေးဖြစ်​​တော့ပဲ ကိုယ်ကျိုး​အတွက် ​အရင်တွေးမိတတ်ကြပါတယ်။

လူ​တွေ​ရဲ့ ပြဿနာ​တွေကို ​ဖြေရှင်းဖို့ကို ဦးတည်ပြီး စီးပွားရေးလုပ်​တဲ့​အခါ ​လူ​တွေကို ကူညီဖို့ကို ​အရင်စဥ်းစားပါတယ်။ လူ​တွေကို ကူညီပြီး သူတို့​ရဲ့ ပြဿနာ​တွေ၊ လိုအပ်ချက်​တွေကို ​ဖြေရှင်းပေးလိုက်​ပြီးမှ အဲဒီ​ဝန်​ဆောင်မှု​အတွက်​ တန်ရာ​တန်ကြေး ​ငွေ​ပြန်ယူဖို့ကို တွေးပါတယ်။

လူ့​လောက​ရဲ့ ပြဿနာ​တွေကို ​ဖြေရှင်းဖို့၊ လူ​တွေ​ရဲ့ ဘဝတိုးတက်​​ပြောင်းလဲအောင်လုပ်ဖို့ ကြိုးစားရင်း ကျိကျိတက်ချမ်းသာသွားကြ​တဲ့သူ​တွေရှိပါတယ်။

ဂျက်ဖ်​ဘေဇို့ဇ် Jeff Bezos တို့၊ ဂျက်မာ Jack Ma တို့ဟာ လူ​အများ​အတွက် အ​​ရောင်း​အဝယ်​တွေကို အင်တာ​​နက်က​နေ ​အဆင်​ပြေ​ပြေ လွယ်လွယ်ကူကူ လုပ်လို့ရအောင် ကူညီပေးရင်း​နဲ့ ချမ်းသာလာကြတာပါ။ လိုချင်တာရှိရင် အိမ်က​နေ ဖုန်းလေး​နဲ့ ကွန်ပျူတာလေး​​နဲ့ ​အချိန်မကုန် လူမပင်​ပန်းပဲ ​အေး​အေးဆေးဆေး လှမ်းမှာလိုက်ရုံပါပဲ။

လူ​တွေ ကွန်ပျူတာသုံးပြီး ​အလုပ်​တွေကို တွင်တွင်ကျယ်ကျယ် ​မြန်​မြန်​ဆန်​ဆန်လုပ်နိုင်ဖို့ ​​ကုမ္ပဏီ​​ထောင်ပြီး Microsoft Operating System ​နဲ့ ဆော့ဖ်ဝဲ​တွေ​ကို တီထွင်​​​ရောင်းချခဲ့​​​တဲ့ ​ဘေလ်ဂိတ်စ် Bill Gates လည်း ကျိကျိတက် ချမ်းသာသွား​ခဲ့ပါတယ်။

​​ဟင်နရီ​​ဖော့ဒ် Henry Ford က​​တော့ မော်​​တော်ကား​တွေကို ဈေးသက်သက်သာသာ​နဲ့ ထုတ်လုပ်ပေးပြီး လူ​တွေ ​မြန်​မြန်​ဆန်​ဆန် ကူးသန်းသွားလာနိုင်အောင် ကူညီပေးရင်း ချမ်းသာသွား​ခဲ့ပါတယ်။

ဒါက​​တော့ ကြီးကြီးကျယ်ကျယ်​တွေ လျှောက်​ပြော​နေတာပါ။ နီးနီးနားနားကို ကြည့်ရအောင်။

ကျွန်​​တော်တို့ ပတ်ဝန်းကျင်မှာလည်း လူ​တွေကို ကူညီ​တဲ့ စီးပွားရေးလုပ်ရင်း အသက်မွေး​နေ​တဲ့သူ​တွေ ​အများကြီးပါ။ လူ​တွေ​ရဲ့ စားဝတ်​နေရေး ကိစ္စ​အဝဝကို ကူညီ​ဖြေရှင်းပေးရင်း ​ဝင်​ငွေရှာ​တဲ့ သမာအာဇီဝကျ​တဲ့ စီးပွားရေးလုပ်ငန်း​တွေ လက်ညှိုးထိုးမလွဲ ရှိပါတယ်။

ဈေး​နဲ့ဝေး​တဲ့​နေရာ​မှာ​နေ​တဲ့ လူ​တွေ​အတွက် ​အနီး​အနားမှာ လွယ်လင့်တကူဝယ်လို့ရအောင် ကူညီပေး​တဲ့ ကုန်စုံဆိုင်လေး​တွေ ရှိတယ်။ အိမ်မှာ ချက်စားဖို့ ​အဆင်မ​ပြေ​တဲ့သူ​တွေ၊ ပျင်း​တဲ့သူ​တွေ၊ ဟင်းချက်ညံ့​တဲ့သူကို ကူညီဖို့ စားသောက်ဆိုင်လေး​တွေ ရှိတယ်။ ​လူ​တွေ​ရဲ့ ဆံ​ကေသာ သပ်ရပ် ​​ကျော့ရှင်းအောင် ကူညီပေးဖို့ ဆံသဆိုင်လေး​တွေရှိတယ်။ နယ်ကတက်လာ​တဲ့၊ နေစရာ အိမ်ပိုင်မရှိ​သေးတဲ့သူ​တွေကို ကူညီဖို့ ​တန်ဖိုးနည်း ​အ​ဆောင်လေး​တွေရှိတယ်။

ဒီ​​တော့ ​​ကျွန်​​တော်တို့ ပတ်ဝန်းကျင်မှာ နေ့စဥ်ကြုံ​​တွေ့​နေရ​တဲ့ ​အခက်​အခဲ ပြဿနာလေး​တွေကို မျက်​​စေ့ဖွင့် နားစွင့်ပြီး ရှာကြည့်​နေဖို့ လိုပါတယ်။ ဒီပြဿနာ​တွေဟာ ကိုယ့်​အတွက် ​အခွင့်​အရေး​တွေ ဖြစ်လာနိုင်ပါတယ်။

ပြဿနာ​တွေကို ​​တွေ့ပြီဆိုရင်​​တော့ ဒီပြဿနာ​တွေကို ဘယ်လို ​ဖြေရှင်းပေးနိုင်မ​လဲ စဥ်းစားရမှာပါ။ ​အခြား ​ဒေသ၊ ​အခြားနိုင်​ငံ​တွေမှာ ​အလားတူ ပြဿနာ​တွေကို ဘယ်လို​ဖြေရှင်းကြလဲ ​​လေ့လာရမှာပါ။ ဒါ​တွေကို စဥ်းစားပြီးမှသာ ကိုယ်​ဖြေရှင်းပေးလိုက်​တဲ့ ပြဿနာ​တွေ​အတွက် ​အဖိုး​အခ ဘယ်လို​ပြန်ယူမယ်ဆိုတာကို တွေးသင့်တာပါ။

သူဌေးကြီး ဟင်နရီ​​ဖော့ဒ်က "​ငွေရဖို့က​လွဲပြီး ​အခြားဘာ​​ကောင်းကျိုးမှ မပေးနိုင်​တဲ့ စီးပွားရေးလုပ်ငန်းဟာ ခပ်ညံ့ညံ့ စီးပွားရေးလုပ်ငန်းပါ" လို့​ပြော​ခဲ့ပါတယ်။

​ငွေရဖို့ကလွဲပြီး ဘာ​​ကောင်းကျိုးမှမပေး​တဲ့ လုပ်ငန်းမျိုး​တွေ၊ ​လောကကို ဆိုးကျိုး​တွေပေး​တဲ့ လုပ်ငန်းမျိုး​တွေ ​​ရှောင်ကြပါ။ လူ့​လောကကို ​အကျိုးပြုပြီး လူ​တွေ​ရဲ့ ပြဿနာ​တွေကို ​ဖြေရှင်းပေး​တဲ့ လုပ်ငန်းမျိုး​တွေကို များများတွေးပြီး များများလုပ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment