လူအများစုကပြောကြပါတယ်။ "စီးပွားရေး လုပ်ငန်းရှင်ဖြစ်မှ ကြွယ်ဝချမ်းသာမယ်။ သူများ ဝန်ထမ်းလုပ်နေရင်တော့ မချမ်းသာနိုင်ဘူး" တဲ့။
ရောဘတ် ကီရိုဆာကီ ကလည်း ရေးခဲ့ပါတယ်။ ESBI မှာ (E) Employee အလုပ်သမား တွေနဲ့ (S) Self-Employed တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတွေဟာ (B) Business Owner စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ (I) Investor ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်အောင် ကြိုးစားသင့်ပါတယ် တဲ့။
ESBI စိုင်းစိုင်း https://www.facebook.com/fireflypsk/posts/130934121578205
လူတွေက ကြွယ်ဝချမ်းသာဖို့ဆိုရင် စီးပွားရေးလုပ်ငန်းရှင် ဖြစ်ဖို့ လိုတယ်လို့ ထင်ကြပါတယ်။
ဒါဟာ မှန်သင့်သလောက်မှန်ပေမဲ့ အလုံးစုံတော့ မမှန်ပါဘူး။ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာရင် ချမ်းသာဖို့ အခွင့်အလမ်းတွေပိုများလာတာ မှန်ပါတယ်။ ဒါပေမဲ့ မကျွမ်းကျင်တဲ့ စီးပွားရေးလုပ်ငန်းကို သွားလုပ်မိရင် အရင်းပြုတ်ရုံမက ကြွေးနွံပါ နစ်သွားနိုင်တယ်ဆိုတာကို သတိပြုမိဖို့လိုပါတယ်။
လခစားလား စီးပွားလား https://www.facebook.com/fireflypsk/posts/140404770631140
လူအများစုက ESBI ကို E->S->B->I ဒီလို တစ်ဆင့်ချင်းဆီ တက်သွားရမယ်လို့ အထင်ရောက်ကြပါတယ်။ အလုပ်သမားအဆင့် (E) ကနေ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူအဆင့် (S)၊ ဒီကနေတစ်ဆင့် စီးပွားရေးလုပ်ငန်းရှင်အဆင့် (B) ကိုသွားပြီးတော့မှ ရင်းနှီးမြှုပ်နှံသူအဆင့် (I) ကို ကူးရမယ်လို့ ထင်ကြပါတယ်။
အမှန်ကတော့ E/S ဘက်ခြမ်းကနေ B/I ဘက်ခြမ်းကို အရောက်ကူးဖို့ က အဓိကပါ။ အဆင့်အားလုံးကို ဖြတ်စရာ မလိုပါဘူး။
E/S သမားတွေဟာ စီးပွားရေးသမား (B) အဆင့်ကို မလုပ်ချင်ရင်လည်း တစ်ဆင့်ကျော်ပြီး (I) ရင်းနှီးမြှုပ်နှံသူအဆင့်ကို တန်းသွားလို့ ရပါတယ်။
သာမန် ဝင်ငွေ အရမ်းနည်းတဲ့ ဝန်ထမ်းတွေ၊ ဝင်ငွေနည်းတဲ့ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတွေကတော့ ရင်းနှီးမြှုပ်နှံသူအဆင့် (I) ကို ကူးဖို့ အဆင်မပြေပါဘူး။ ဝင်ငွေများတဲ့ အလုပ်ကို အရင်ရှာရမှာပါ။ ဝင်ငွေများတဲ့အလုပ်ဟာ E, S, B တစ်မျိုးမျိုး ဖြစ်နေရင် ရပါပြီ။
ဥပမာ ဝင်ငွေကောင်းတဲ့ ဝန်ထမ်းတွေ၊ အနုပညာသမားတွေ၊ အားကစားသမားတွေ ရှိပါတယ်။ သူတို့ကို စီးပွါးရေးလုပ်ငန်းရှင်ဖြစ်မှ ချမ်းသာမယ်လို့ သွားပြောလို့ မရပါဘူး။
ဥပမာ နှစ်စဥ် ဒေါ်လာ သန်းချီပြီး ဝင်ငွေရှိတဲ့ အားကစားသမားတွေဟာ စီးပွားရေး လုပ်ငန်းရှင်တွေမဟုတ်ပါဘူး။ ဝန်ထမ်းတွေလို့ အကြမ်းဖျင်း သတ်မှတ်လို့ရပါတယ်။ ဒါပေမဲ့ သူတို့ဟာ သာမန် စီးပွားရေးလုပ်ငန်းရှင်တွေထက် ဝင်ငွေ ပိုကောင်းနေပါပြီ။
သူတို့ကို စီးပွားရေးလုပ်ငန်းရှင်မဟုတ်လို့ဆိုပြီး ရှုံ့ချပုတ်ခတ်စရာ မလိုပါဘူး။ ကျွမ်းကျင်ရာ လိမ္မာပြီးသားသူတွေပါ။ စီးပွားရေး မလုပ်တတ်လည်း ကိစ္စမရှိပါဘူး။ ဝင်ငွေကို ချွေတာစုဆောင်းပြီး ရင်းနှီးမြှုပ်နှံမှုတွေလုပ်တတ်ရင် ရပါပြီ။
စီးပွားရေးလုပ်ငန်းရှင်ပဲဖြစ်ဖြစ်၊ ဝန်ထမ်းပဲဖြစ်ဖြစ် ရတဲ့ဝင်ငွေထက်ပိုပြီး သုံးဖြုန်းနေမိရင်တော့ ဘဝပျက်တတ်ပါတယ်။
အောင်မြင်ကျော်ကြား လူမွဲများ https://www.facebook.com/fireflypsk/posts/198518388153111/
ဝင်ငွေကောင်းတဲ့ ဝန်ထမ်းတွေဟာ စီးပွားရေး လုပ်ငန်းတစ်ခု ထူထောင်ကွပ်ကဲတာနဲ့ဆိုင်တဲ့ ပညာရပ်တွေကို တတ်နေစရာ မလိုပါဘူး။ လုပ်ငန်းရှင်ဖြစ်ဖို့ မလိုပါဘူး။ အသုံးအဖြုန်းမကြမ်းဖို့၊ စုဆောင်းတတ်ဖို့နဲ့ ရင်းနှီးမြှုပ်နှံတတ်ဖို့ပဲ လိုပါတယ်။ ပြောရရင်တော့ စီးပွားရေးလုပ်ငန်းရှင်အဆင့် (B) ကိုကျော်ပြီး ရင်းနှီးမြှုပ်နှံသူအဆင့် (I) တိုက်ရိုက်သွားလို့ ရတယ်ပေါ့။
သူတို့တွေအတွက်တော့ စီးပွားရေးလုပ်ငန်းတစ်ခု ထူထောင်နေစရာမလိုပဲ စုမိတဲ့ငွေကို အိမ်ခြံမြေ၊ ယာဉ်၊ စတော့ဈေးကွက် စတဲ့နေရာတွေမှာ ရင်းနှီးမြှုပ်နှံထားနိုင်ပါတယ်။
စုမိငွေကို ဘယ်လိုပွားမလဲ https://www.facebook.com/fireflypsk/posts/248560093148940/
ဒီလို အေးအေးဆေးဆေး ရင်းနှီးမြှုပ်နှံထားလို့ ရပါလျက်နဲ့ စွန့်စွန့်စားစား စီးပွားရေးလုပ်မိလို့ ဆုံးရှုံးသွားခဲ့ရသူတွေရှိပါတယ်။
မာ့ခ်တွိန်းရဲ့ အရှုံး https://www.facebook.com/fireflypsk/posts/156002222404728/
မင်းသားကြီးရဲ့ ဘဝတိုက်ပွဲ https://www.facebook.com/fireflypsk/posts/255268039144812/
စွန့်စွန့်စားစားမလုပ်နဲ့လို့ ပြောတာမဟုတ်ပဲ ချင့်ချိန်နိုင်ကြဖို့ ပြောတာပါ။
သေမြေကြီး ရှင်ရွှေထီး https://www.facebook.com/fireflypsk/posts/256579539013662/
ငွေဘယ်လောက်ရှိမှ ကြွယ်ဝချမ်းသာတယ်လို့ ဆိုနိုင်မယ် ဆိုတာကတော့ ကုန်ဈေးနှုန်းရယ်၊ လူတစ်ယောက်ချင်းစီရဲ့ ခံယူချက်ရယ်၊ လောဘရယ်နဲ့သာ သက်ဆိုင်တာမို့ ပုံသေတော့ ပြောလို့မရပါဘူး။
လူတစ်ယောက်နဲ့တစ်ယောက် ကြွယ်ဝချမ်းသာမှုသတ်မှတ်ချက် မတူညီကြပါဘူး။ အရမ်းကြီး ချမ်းသာချင်တဲ့သူတွေရှိသလို အထိုက်အသင့် ကြွယ်ဝရင် ကျေနပ်ကျတဲ့သူတွေလည်း ရှိပါတယ်။
၃၀၀ ရှိရင် ငွေသခင် https://www.facebook.com/fireflypsk/posts/123431182328499
ဖူလုံမှု နံပါတ် https://www.facebook.com/fireflypsk/posts/146226580048959
ဒီတော့ ဝန်ထမ်းဘဝ၊ လခစားဘဝမှာ ဝင်ငွေကောင်းနေတယ်၊ ဝင်ငွေရဲ့ ရာခိုင်နှုန်း အတော်များများကိုလည်း စုမိတယ်၊ ငွေရေးကြေးရေးအကြောင်း နားလည်တယ်၊ စုဆောင်းထားတဲ့ငွေကိုလည်း ရင်းနှီးမြှုပ်နှံတတ်တယ်ဆိုရင် စီးပွားရေးလုပ်ငန်းရှင် မဟုတ်လည်း ကြွယ်ဝချမ်းသာလာနိုင်ကြောင်း၊ ပျော်ရွှင်စိတ်ချမ်းသာရတဲ့ ဘဝမျိုးကို ပိုင်ဆိုင်နိုင်ကြောင်းကိုလည်း သတင်းကောင်းပါးလိုက်ပါတယ်။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment