ငွေသခင်ဖြစ်သွားပြီးတဲ့နောက်ပိုင်း အလုပ်ဆက်လုပ်ဖို့ လိုသေးလားလို့မေးလာရင် ငွေကြေးအတွက်တော့ အလုပ် ဆက်လုပ်ဖို့ မလိုတော့ပါဘူးလို့ ဖြေရပါမယ်။
ဒါပေမဲ့ တာဝန်သိစိတ်နဲ့ အလုပ်ဆက်လုပ်ကြပါတယ်။
လူ့ဘောင်လောကကို အကျိုးပြုဖို့ အလုပ် ဆက်လုပ်ကြပါတယ်။
ဘဝအောင်မြင်ရေး နည်းပြ စာရေးဆရာ တိုနီ ရော်ဘင်စ်က ဒီလိုပြောခဲ့ပါတယ်။
"အမှန်တကယ်တော့ ကျွန်တော်တို့အများစုဟာ ငွေကို မလိုအပ်တော့ပေမဲ့ အလုပ်ဆက်လုပ်နေကြပါတယ်။ လူ့သဘာဝအရ တစ်ခုခုကို မလုပ်ပဲ မနေတတ်ကြလို့ပါ။
ဒါပေမဲ့ ချမ်းသာပြီး ပျော်ရွှင်စရာကောင်းတဲ့ နေရာကနေ အလုပ်လုပ်နိုင်ကြမယ်။
အလုပ်ကိုတော့ ဆက်လုပ်မယ်၊ ဒါပေမဲ့ ငွေနောက်တကောက်ကောက်လိုက်နေတဲ့ ကြွက်ပြေးပွဲသံသရာကတော့ လွတ်မြောက်သွားပြီ။
အလုပ်ကို လုပ်ချင်လို့ ဆက်လုပ်တာပါ။ လုပ်ဖို့ လိုအပ်လို့ ငွေလိုလို့ ဆက်လုပ်နေတာ မဟုတ်တော့ပါဘူး။
ဒါဟာ ငွေကြေးနဲ့ပတ်သက်တဲ့ လွတ်လပ်မှု (ငွေသခင် ဖြစ်သွားခြင်း) ပါပဲ။"
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Tuesday, September 22, 2020
ငွေသခင်တွေ အလုပ်လုပ်ကြလား
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...
No comments:
Post a Comment