ဒစ်ဂျစ်တယ် ငွေကြေးတွေ (ကွိုင်တွေ) ကို လိုင်းပေါ်ကနေ ရောင်းချနေတာတွေဟာ တရားမဝင်ကြောင်း၊ ဥပဒေကို ဖောက်ဖျက်ကျူးလွန်သူတွေကို ထောင်ဒဏ်ငွေဒဏ် ချမှတ်နိုင်ကြောင်း ဗဟိုဘဏ်က သတင်းစာတွေကတစ်ဆင့် မေလ ၁၅ ရက် ၂၀၂၀ မှာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါတယ်။
ဒစ်ဂျစ်တယ် ငွေကြေးစနစ်ဟာ နည်းပညာနဲ့ ရည်ရွယ်ချက်ကောင်းတာမှန်ပေမဲ့ ကွိုင်လောကမှာ လူလိမ်တွေ ကျက်စားပါတယ်။
ကွိုင်အသစ်တွေ တစ်မျိုးပြီးတစ်မျိုး တီထွင်ပြီး အမြတ်ထုတ် ဈေးကစားနေတဲ့သူတွေ ရှိတယ်။
ကွိုင်တွေကို အကြောင်းပြပြီး လိုင်းပေါ်မှာ လိမ်စားနေတဲ့လူတွေရှိပါတယ်။
လူလိမ်တွေကလည်း လူလည်တွေ ခင်ဗျ။ အမှန်နဲ့ အမှားကို ရောချပြီး လူတွေကို ယုံကြည်လာအောင် လိမ်တတ်ကြပါတယ်။
ဥပမာ လူလိမ်တွေက အရင်ဆုံး သကြားကို ပြတယ်။ "သကြားက ချိုပါတယ်၊ မယုံရင် စားကြည့်ပါ" ဆိုပြီး စားခိုင်းတယ်။ စားကြည့်တော့ သကြားပဲ ချိုတာပေါ့။ (ဆိုလိုချင်တာက အမြတ်ကို အရင်ပေးပြီး မက်လုံးပေးတယ်ပေါ့။) ဒီလိုနဲ့ လောဘသားတွေ လူလိမ်ကို ယုံမိပြီ။ ဒီအချိန်ကျမှ လူလိမ်က "ကျွန်တော့် မစင်လေးလည်း စားကြည့်ပါဦး။ ချိုတယ် ခင်ဗျ" လုပ်တော့တာ။ သကြားတုန်းကလည်း ချိုတာပဲ၊ မစင်လည်း ချိုမှာပဲဆိုပြီး စားတဲ့သူတွေ အတွက်တော့ ရင်လေးမိပါတယ်။ လူလိမ်တွေက အလိမ်တွေကို အမှန်တရားလေး နည်းနည်းအုပ်ပြီး လိမ်စားနေကြတာ ခင်ဗျ။
ကိုယ် ပင်ပင်ပန်းပန်းရှာထားရတဲ့ ငွေကို ရင်းနှီးမြှုပ်နှံတဲ့အခါ အလိမ်မဟုတ်တာ ၁၀၀% သေချာမှ ငွေထည့်သင့်တာပါ။ သို့လော သို့လော သံသယနည်းနည်း ရှိနေရင်တောင် ငွေမထည့်သင့်တော့ပါဘူး။ အထူးသဖြင့် လိုင်းပေါ်ကနေ ငွေထည့်ခိုင်းတဲ့လူတွေကို မယုံသင့်ပါဘူး။
ခုတော့ ဒစ်ဂျစ်တယ် ငွေကြေးတွေ ကွိုင်တွေကို တရားမဝင်ကြောင်း ဗဟိုဘဏ် ကြေညာလိုက်တာကို ကျွန်တော်ကတော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ လောဘစိတ်နဲ့ ကွိုင်နောက်လိုက်ရင်း ငွေတွေ ဆုံးရှုံးသွားခဲ့ရတဲ့လူတွေ ကမ္ဘာအနှံ့မှာ တော်တော်များခဲ့ပြီကိုး။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment