Sunday, November 1, 2020

အလိမ် မ​ခံရဖို့

လိုင်း​​ပေါ်က လိမ်နည်း ​​အထွေ​ထွေ ​အ​​ကြောင်းကိုရေး​ခဲ့ပြီးပါပြီ။ ဒီ​​နေ့​​တော့ ​အလိမ်မ​ခံရအောင် ​ဆောင်​ရန် ​​ရှောင်​ရန် ​တွေကို ​ရေးပေးလိုက်ပါတယ်။

1. ကိုယ့်​ရဲ့ မဖွယ်မရာ ဓာတ်ပုံ​တွေ ဗီဒီယို​တွေ ဘယ်​​တော့ မှ ရိုက်မထားမိပါ​စေ​နဲ့။ ဘယ်လောက်ပဲ ​ရင်နင့်အောင် ချစ်ရ​တဲ့သူက ရိုက်ခိုင်း ရိုက်ခိုင်း မရိုက်ပါ​နဲ့။ ​​အခိုး​ခံ အဟက်​ခံရနိုင်တာ​​ကြောင့် ဖုန်းထဲမှာ ကွန်ပျူတာထဲမှာလည်း သိမ်းမထားပါ​နဲ့။ ဘယ်လောက်ပဲ ယုံကြည်ရ​တဲ့သူ ဖြစ်​နေပါ​စေ ကိုယ့်​ရဲ့ မဖွယ်မရာ ဓာတ်ပုံ​တွေ ဗီဒီယို​တွေကို ဘယ်​​တော့မှ ပို့မပေးပါ​နဲ့။ Video Chat ဗီဒီယို​နဲ့ စကား​ပြော​နေ​တဲ့​အချိန်မှာလည်း ချွတ်မပြမိ​စေပါ​နဲ့။ ​ငွေညှစ်​ခံရတတ်ပါတယ်။

2. ​​​ဖေ့စ်ဘွတ်​နဲ့ လူမှု ကွန်ရက်​တွေမှာ ​​​တွေ့​တဲ့သူ​တွေကို အပြင်မှာလည်း မ​​တွေ့ဖူးပဲ​​နဲ့ ​ငွေလွှဲမိ ​ငွေချေးမိတာမျိုး ​​ရှောင်ပါ။ ​​အပြင်မှာ မသိပဲ ငွေ​​တောင်းလာပြီ ​ငွေချေးလာပြီဆို လူလိမ်လို့သာ မှတ်ပါ။ မလိမ်​တဲ့သူ​တွေ ရှိနိုင်​ပေ​မဲ့ ကိုယ့်​ရဲ့ ​အကဲဖြတ်နိုင်စွမ်းကို သိပ်​အထင်မကြီးပါ​နဲ့။ မ​သေချာရင် လူလိမ်လို့သာ မှတ်လိုက်ပါ။ ​

3. လက်​​ဆောင်ပို့မယ်၊ ​ငွေပို့မယ်၊ ​ကံစမ်း​မဲ ပေါက်တယ်၊ ​ထီပေါက်တယ်၊ ​အ​မွေရတယ်၊ ချေး​ငွေပေးမယ်။ ဒါ​ပေ​မဲ့ အဲဒါ​တွေ လက်ထဲမရောက်ခင် ကိုယ့်ဘက်က ​​အရင် ငွေ​ပြန်လွှဲရမယ် ဆိုတာမျိုး ဘယ်​​တော့မှ မယုံပါ​နဲ့။

4. ကိုယ့်​ရဲ့ မှတ်ပုံတင်၊ ပတ်စ်ပို့၊ သန်း​​ခေါင်စာရင်း၊ ​ဘဏ်စာရင်း၊ ​ဘဏ်ကဒ်၊ ​ခရက်ဒစ်ကဒ်၊ နေရပ်လိပ်စာ စ​တဲ့ ​အ​ရေးကြီး စာရွက်စာတမ်း​​နဲ့ ကိုယ်ရေးကိုယ်တာ ​အချက်​အလက်တွေကို လိုင်း​​ပေါ် တင်တာမျိုး ​​ရှောင်ပါ။ လိုင်း​​ပေါ်က​ ကိုယ်မယုံကြည်ရ​တဲ့ လူတွေဆီ ပို့ပေးတာမျိုးကိုလည်း ​​ရှောင်ပါ။

5. ​​ဘဏ်​အ​​ကောင့်၊ ​​ဖေ့စ်ဘွတ် ​အ​​ကောင့် စတာ​တွေ​ရဲ့ လျှို့ဝှက် ​နံပါတ်​တွေ၊ မက်​​ဆေ့ချ်ဝင်လာ​တဲ့ တစ်ခါသုံး လျှို့ဝှက် ​နံပါတ် OTP ​တွေကို တစ်ယောက်ယောက်က မေးလာ​ခဲ့ရင် ဘယ်​​တော့မှ မ​ပြောပါ​နဲ့။ မပေးပါ​နဲ့။ ​ဘဏ်က မေးလာရင်​​တောင် မ​ဖြေပါ​နဲ့။ ​ဘဏ်က ဒါမျိုး​တွေ မ​မေးတတ်ပါဘူး။ မေးရင်လည်း ​ဘဏ်​ယောင်​ဆောင်ထား​တဲ့ လူလိမ်မို့ပါ။

6. အွန်လိုင်း ​​ရှော့ပင် ဈေးဝယ်ရင် ​ငွေ​ကို အရင် မလွှဲပဲ ပစ္စည်းရမှ ​ငွေ​ချေ​တဲ့ စနစ်ကို သုံးပါ။ ​ငွေ ​အရင် လွှဲခိုင်းရင် မယုံပါ​နဲ့။ ခုလက်ရှိမှာ အွန်လိုင်း ​​ရှော့ပင်၊ ဟိုတယ်၊ ရုပ်ရှင် ဘာ​အတွက် ဘွတ်ကင်လုပ်လုပ် လူကိုယ်တိုင် ရောက်မှ ​​လူတွေ့ ပစ္စည်းရပြီးမှ ပြီးမှ ​ငွေ​ချေ​တဲ့ စနစ် ကို လက်​ခံကြပါတယ်။ (နယ်ဝေးမို့ ​ငွေ​အရင်ပေးရမယ်၊ စ​​​ရန်​အရင်ပေးရမယ်ဆိုရင်​​တော့ ယုံကြည်စိတ်ချရ​တဲ့၊ နာမည်ရှိပြီးသား ဆိုင်​တွေက​နေ မှာ​စေချင်ပါတယ်။)

7. ​​​ငွေမလွှဲခင် ကိုယ် ​ငွေလွှဲမယ့် ကုမ္ပဏီ (သို့) လူ ​အ​​ကြောင်းကို ​သေချာ​​လေ့လာပါ။ ​​သက်ဆိုင်ရာ ဖေ့စ်ဘွတ် ​​ပေ့ချ်​​ ​နဲ့ ဝဘ်ဆိုက်ပေါ်က ​ဝေ​ဖန်စာ Review ​တွေ​နဲ့ မှတ်ချက်​တွေကို သွားဖတ်ပါ။ ​ငွေမလွှဲခင် လွှဲရမယ့်သူ​ရဲ့ ရုံးခန်းကို သွားပြီး ​သေချာ​​လေ့လာ မေးမြန်းပါ။ ဒါ​​တောင် ရုံးခန်းကြီးဖွင့်ပြီး ခမ်းခမ်းနားနား လိမ်​နေ​တဲ့သူ​တွေရှိတာကို သတိပြုပါ။

8. လိုင်း​​ပေါ်မှာ ​အမြတ်များများ​ပေးမယ်၊ ​ရင်းနှီးမြှုပ်​နှံဖို့ ငွေ​ထည့်ပါလို့ ​ပြောလာရင် မယုံပါ​နဲ့။ ​အ​မှန်​အ​ကန်​တွေ ​အရမ်းရှားပြီး ​အလိမ်​တွေပဲ ​ပေါပါတယ်။

9. ​အလုပ်ရှာ ပေးမယ်။ ​အသင်းဝင်ကြေး မှတ်ပုံတင်ကြေး ​အရင်​ပေးပါဆို မပေးပါ​နဲ့။

10. ဖုန်းထဲမှာ လိုင်း​​ပေါ်မှာ ခြိမ်းခြောက် ​ငွေညှစ်​ခံရရင် ငွေမလွှဲခင် မိသားစု၊ စိတ်ချရ​တဲ့ သူငယ်ချင်း​တွေ​နဲ့ တိုင်ပင်ပါ။ တစ်ယောက်တည်း ကျိတ်မလုပ်ပါ​နဲ့။

11. ​အသိတစ်ယောက်ယောက်က​နေ လိုင်း​​ပေါ်က​နေ မက်​​ဆေ့ချ် စာပို့ပြီး ​ငွေချေးတာမျိုး ဖုန်း​ဘေ ချေးတာမျိုးလုပ်လာရင် အဲဒီလူဆီကို ​ဖုန်းဆက် စကား ​ပြောကြည့်ပြီး စကား​ပြော​နေတာ ကိုယ်သိ​တဲ့သူ ဟုတ်မဟုတ် ​​သေချာနား​​ထောင် အ​ကဲဖြတ်ပါ။ ​မချေးလိုက်တာ ​အ​​ကောင်းဆုံးပါပဲ။ အ​​ကောင့်​အဟက်​ခံထားရတာ ဖြစ်နိုင်ပါတယ်။

12. သပွတ်အူလို ရှုပ်ထွေး​တဲ့ စုမဲ၊ ဘယ်သူ့ကိုမှ မယုံပါ​နဲ့။ ကိုယ့်​အ​မေက ဒိုင်ကိုင်​တဲ့ မဲဆိုရင်​​​​တောင် မဲမ​​ထည့်ပါ​နဲ့။ ​​ဝေးဝေး​​ရှောင်ပါ။

13. ဘိုး​​တော်​တွေကို မယုံပါ​နဲ့။

ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment