Thursday, September 24, 2020

ယမကာလုလင်

​​အရက်သမား​တွေကို ​အရက်သမားလို့ သွား​​ခေါ်ရင် မကြိုက်ကြတာ များတယ် ခင်ဗျ။ ဒီ​​တော့ ယမကာလုလင်လို့ အ​​ခေါ်​အ​​ဝေါ် လှလှလေး ပေးထားကြပါတယ်။ ဒါ​ပေ​မဲ့ ​အရက်သ​မားဟာ ​အရက်သမားပါပဲ။

​​"ပျော်လို့သောက်တာပါ။ စိတ်ညစ်လို့ သောက်တာပါ။ ချမ်းလို့သောက်တာပါ။ ပင်ပန်းလို့ သောက်တာပါ။ ဆေးဖြစ်ဝါးဖြစ် သောက်တာပါ။ ​ စကား​ပြော ​​ကောင်းအောင် သောက်တာပါ။ ရဲဆေး တင်တာပါ။  လုပ်ငန်းသ​ဘော​အရ မလွှဲသာလို့ သောက်ရတာပါ။ မိုးရွာ​တဲ့ ​အခါ​နဲ့ မိုးမရွာ​တဲ့​အခါ နှစ်ခါပဲ သောက်တာပါ။"

​အ​​ကြောင်း​အမျိုးမျိုး​နဲ့ စသောက်ဖြစ်တယ်။ နည်းနည်း စသောက်ရာက​နေ များများ သောက်ဖြစ်လာတယ်။ နောက်ပိုင်း အရက် မသောက်ရရင် မ​နေနိုင်ဖြစ်လာတယ်။ နောက်ဆုံးမှာ လူက ​အရက်ကို သောက်​တဲ့ ​အဆင့်မဟုတ်​​​​တော့ပဲ ​အရက်က လူကို သောက်သုံး ဝါးမြို ဖျက်စီး​တဲ့ ​အ​ခြေ​အ​နေကို ရောက်ရပါတယ်။

ဘယ်လို ဝါးမြို ဖျက်စီးလဲ။

​ပထမဆုံး ​အ​နေ​နဲ့ အရက်သောက်မယ်ဆို​ ​ငွေကုန်ပါပြီ။ သူများက တိုက်တယ်ဆိုရင်​​တောင် ​အမြဲမတိုက်နိုင်ပါဘူး။ တစ်သက်တာ အရက်သောက်လို့ ကုန်​ခဲ့​တဲ့​ငွေ​တွေ ​မနည်းပါဘူး။ မယုံရင်​ပြန်တွက်ကြည့်ပါ။ ​အရက်ဆိုင်ပိုင်ရှင်​တွေ ချမ်းသာသွားတာ ​အရက်သမား​တွေ​ရဲ့ကျေးဇူး​နဲ့​ပါ။

အရက်သမားဖြစ်သွားရင် ​အရက်က လူကို သောက်​တဲ့​အဆင့် (​အရက်မသောက်ရရင် မ​နေနိုင်​​တော့​တဲ့ ​အဆင့်၊ ကျန်းမာရေး ထိခိုက်လာ​တဲ့ ​အဆင့်) မှာ ခန္ဓာကိုယ်ထဲမှာ ​အရက်မရှိရင် ​​ခေါင်းမကြည်​​တော့ပါဘူး။ လက်​တွေ တုန်လာမယ်။​ ​အရက်က လူကို ခိုင်း​နေပြီ။ စိုးမိုးသွားပြီ။ အမြဲ​ အရက်​​စော်​ နံ​နေ​တဲ့ ယစ်ထုပ်ကြီး​တွေ​အတွက် ​​အလုပ်လုပ်ရတာ၊ အလုပ်​အကိုင် ရှာ​ဖွေရတာလည်း ခက်​ခဲလှပါတယ်။

ဒါတင်ပဲလားဆို​​တော့ မဟုတ်ပါဘူး။ ​အရက်​​ကြောင့် ဖြစ်လာနိုင်​တဲ့ ​ရောဂါ​တွေက မနည်းမ​​နောပဲ​လေ။ ဘာ​ရောဂါဖြစ်ဖြစ် ဆေးကုရင် ​ငွေကုန်​​တော့မယ်။ ​ရောဂါကို မဖြစ်ဖြစ်အောင် မွေးထားတယ်ဆိုတာ ​အတိုးကြီးကြီး​နဲ့ ​အကြွေးယူထားမိသလိုပါပဲ။ အသက်ကြီး​လာမှ ​အရက်​ရဲ့​ဒဏ်ကို ​အတိုး​နဲ့ ​ခံရမှာ။ ဆေးဖိုး​ငွေ တစ်ခါတည်းသာ စုထား​ပေ​​တော့။

​အရက်မူးလာရင် ​ဝေ​ဖန်ပိုင်းခြားနိုင်​စွမ်း ဆင်ခြင်တုံတရား နည်းလာတတ်ပါတယ်။ ရုပ်ရှင်ထဲကလို ပန်းအိုးကျကွဲတာကို ​ပြောတာမဟုတ်ပါဘူး။ မူးပြီး ဆိုင်ကယ်​တွေ ကား​​​တွေ ​​မောင်းလို့ မပြင်နိုင်​တဲ့ ​အမှား​တွေရှိမယ်၊ ​အချီကြီး လျော်လိုက်ရတာ​တွေ ရှိမယ်။ စီးပွားရေးလုပ်ငန်း​တွေမှာ၊ ​အလုပ်ခွင်မှာ ကိုယ် မူး​နေတုန်း ​ပြောမိ​တဲ့ လုပ်မိ​တဲ့​အမှား​တွေ​​ကြောင့် ​ငွေကြေးဆုံးရှုံးမှု​တွေရှိမယ်။ ​သိက္ခာကျရတာ​တွေ ရှိမယ်။ ပြောရရင် မဆုံးနိုင်ပါဘူး။

ဒါ​တွေထက် ပိုဆိုးတာက ​အရက်သမား​တွေ​ရဲ့ မိန်းမ၊ မိဘ​​​မောင်ဘွားနဲ့ သားသမီး​တွေ​ရဲ့ ​သောက​နဲ့ စိတ်ဆင်းရဲရမှုပါ။ ဘယ်မှာများ မူးပြီး ပြဿနာ​တွေ တက်​နေပြီလဲ၊ ဘယ်မှာများ မူးပြီး မှောက်​နေပြီလဲ၊ ​ပြန်လာရင် မူးပြီး ရစ်​နေမလား၊ ​အော်ဆဲ​နေမလား။ ​အရမ်းစိတ်ပူရပါတယ်။

မူးလာရင် သွေးဆိုးတတ်​တဲ့သူမျိုးဆို ပတ်ဝန်းကျင်မှာ ​အရှက်ရတတ်ပါတယ်။ မူး​နေ​တဲ့သူက​​တော့ ပျောက်​​နေပြီ။ ရှက်ရကြောက်ရ​​ကောင်းမှန်းမသိ​​တော့ဘူး။ ဒီ​​တော့ ​ခံစားရတာက အရက်သမား​တွေ​ရဲ့ မိန်းမ၊ မိဘ​​​မောင်ဘွားနဲ့ သားသမီး​​တွေပါ။ သူတို့​ရဲ့ ​​သောက​တွေ၊ သိမ်ငယ်စိတ်​တွေ၊ ​ရှက်စိတ်​​တွေကို ဘယ်လို​ငွေကြေးမျိုး​နဲ့မှ ​​ဖြေဖျောက်လို့မရပါဘူး။ ​အချို့ စိတ်နုတတ်​တဲ့ သားသမီး​တွေ မယား​တွေ​အတွက်ဆို ​သေရာပါ  စိတ်​ဒဏ်ရာ​တွေ ရသွားတတ်ကြပါတယ်။ ​အရက်သောက်​တဲ့သူ​တွေ ဆင်ခြင်နိုင်ဖို့ပါ။

​​အချို့က ​ပြောကြပါတယ်။ အရက် သောက်တာ ကျန်းမာရေး​အတွက် ​​ကောင်းတယ်။ ဒါ​​ကြောင့်သောက်တာ​တဲ့။ အရက်သောက်တတ်ရင် ​​ပေါင်းသင်းဆက်​​ဆံရေး ဝင်ဆန့်တယ်။ စီးပွားရေး​အတွက် သောက်ရတယ် ​တဲ့။ ​

ကျန်းမာရေး​အတွက်​​ကောင်းတယ်ဆိုတာ ​ဆေးဖြစ်ဝါးဖြစ် ဆေးသောက်သလို အာဆွတ်ရုံ နည်းနည်းလေး သောက်မှပါ။ မူး​တဲ့ထိ သောက်​နေရင် ဆိုးကျိုး​တွေပဲ ဖြစ်လာတာပါ။ ​တန်ဆေးလွန်ဘေး​​ပေါ့။ တစ်ခွက်သောက်ပြီး ​ရပ်နိုင်​တဲ့ ​အရက်သမား ရှားပါတယ်။ ​အနည်းဆုံး ​ရေချိန်ကိုက်အောင် ကစ်လိုက်ရမှ။

​အရက်မသောက်ပဲ ချမ်းသာလာ​တဲ့သူ​တွေ ဒု​နဲ့ဒေးပါ။ ​ပြီး​​တော့ အချို့ အောင်မြင်​နေ​တဲ့သူ​တွေ စီးပွားရေး​အတွက် လူဝင်ဆန့်အောင် သောက်တယ်ဆိုတာ တစ်ခွက်တစ်ဖလားပါ။ မူးပြီးပြဲ​နေအောင် သောက်​ကြတာမဟုတ်ပါဘူး။

ကျွန်​​တော်က​​တော့ ​အရက်​ကို မြည်း​​တော့မြည်းဖူးပါတယ်။ အရသာကို မကြိုက်လို့ မသောက်ပါဘူး။ ​အရသာကို ကြိုက်ရင်​​တောင် ဘုရားမကြိုက်၊ ဆိုးကျိုး​တွေများလှ​တဲ့ ​အရက်ကို သောက်ဖြစ်မယ် မထင်ပါဘူး။ ဒါ​​တောင် ​ပြောကြပါသေးတယ်။ ​အစပိုင်း ခါးသက်သက် ​အဝင်ဆိုး​ပေ​မဲ့ နောက်ပိုင်း သောက်စ ရှိသွားရင် အဲဒီ​အရသာလေးကို ကြိုက်သွားမှာ​တဲ့။ ဟုတ်​ကဲ့ မကြိုက်တာကြီးကို ကျိတ်မြိုပြီး ကြိုက်အောင် လုပ်ရဦးမယ်။ ကြိုက်သွားရင်လည်း ဆိုးကျိုး​တွေ ​အများကြီးပဲ။ ​အရူးမို့ ကျိတ်မှိတ် မြိုချရမှာလားဗျာ။

​အရက်ကို စွဲစွဲမြဲမြဲ သောက်တတ်​တဲ့သူဆို ဆေးသွားစစ်ကြည့်လိုက်ပါ။ ​အရက်​နဲ့ပတ်သက်​တဲ့​ရောဂါ​တွေ ဘယ်​အဆင့်ထိရောက်​နေပြီလဲ သိရအောင်ပါ။ ​ရောဂါမရင့်ခင် စော​စောကုတာ ​အတိုးမကြီးခင် ကြွေးဆပ်လိုက်သလိုပါပဲ။ အရက်ဖြတ်ချင်ရင်​​တော့ တတ်ကျွမ်း​တဲ့ ဆရာ​ဝန်​တွေ​နဲ့ တိုင်ပင်ပြီး ဖြတ်တာ​အ​​ကောင်းဆုံးပါ။

​​ကောင်းကျိုးထက် ဆိုးကျိုးပိုများ​တဲ့ ဒီ​အရက်ကို ဖြတ်ကြပါ။ မဖြတ်နိုင်သေးရင် တစ်​ဖြည်း​​ဖြည်း လျှော့သောက်ကြပါ။ မသောက်ဖူးသေး​တဲ့ လူငယ်​တွေကိုလည်း လက်​တည့်မစမ်းကြပါ​နဲ့လို့ ​​ပန်ကြားပါရ​စေ ခင်ဗျာ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 


Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...